* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 11, 2009

ဆုတောင်း(၆)မျိုးတရားတော် (အပိုင်း-၁)

ဆုတောင်း(၆)မျိုးတရားတော်

၁၃၆၃-ခု ဝါခေါင်လပြည့်ကျော်(၃)ရက် ညချမ်း ကာလ (၇)နာရီ မိနစ်(၃ဝ) အချိန်မှစတင်လို့ စစ်ကိုင်းမြို့ နယ် ရွာသစ်ကြီး မတောင်းတရပ်ကွက်မှ သီးနှံနှင့်ကုန်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းဖြင့် အသက်မွေးကြတဲ့ ဒကာဦးလှ သိန်း+ ဒကာမဒေါ်ခင်ဌေးကြည်မိသားစုက ဓမ္မဒါနပြု သဖြင့် ဆင်ယင်ကျင်းပအပ်သော ဓမ္မသဘင်ကို ယခုအခါ မေတ္တာအာသီသ မေတ္တာပတ္ထနာဖြင့် စတင်ဖွင့်လှစ်ပါပြီ။
ဓမ္မသဘင်ကို အားခဲရောက်ရှိလာကြတဲ့ တရား ချစ်ခင် သူတော်စင်အပေါင်းနှင့်တကွ (၃၁)ဘုံအရပ် ဆယ် မျက်နှာ အနန္တစကြာဝဠာမှာရှိကြတဲ့ အနန္တသတ္တဝါတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ကိုယ်စိတ် နှစ်ပါး အေးချမ်းကြပါစေလို့ မေတ္တာဓါတ်တွေ ဖြန့်ဝေပြီး တော့ ဓမ္မသဘင်ကို စတင်ဖွင့်လှစ်ပါပြီ။

ကဏှဆိုတာ
ရွာသစ်ကြီးရဲ့ မတောင်းတရပ်မှာ ဆုတောင်း (၆)ပါး မတောင်းတတဲ့အကြောင်းကို ဟောမှာ၊ ရသေ့ နာမည်က 'ကဏှ' တဲ့။ ကဏှဆိုတဲ့ပါဠိက ဗမာလို အမည်းလို့ အမည်ရတယ်၊ ရသေ့က မည်းနေတာဘဲ ဘယ်လောက်မည်း သလဲဆိုရင် သပိတ်လိုမည်းနေတာ မီးသွေးတောင်းထဲမှာ ကျီးကန်းဝင်နေသလို မည်းနေတယ်၊ ရသေ့ကြီးက အသား မည်းသော်လည်း အသည်းဖြူတယ်လို့ ပြောနိုင်တယ်။
မတောင့်တက လူတွေလိုဘဲ အသားမည်းပေမယ့် အသည်းဖြူတယ်။ ကဏှရသေ့က မည်းလိုက်တာ၊ မည်းနက် တဲ့ မြေကွက်ပေါ်မှာ နေတယ်။ နေနေတဲ့မြေကြီးက လည်း မည်းနေတယ်၊ ဟိမဝန္တာတောင်ခြေက ကျွန်းတောကြီးထဲ မှာနေတယ်။
အဲဒီတော့ အသားကလည်းမည်းတယ်။ ပြီးတော့ မည်းတဲ့အဝတ်တွေကို ဝတ်ထားတယ်။ ရသေ့ကြီးရဲ့နေရာ ကလည်း မည်းတယ်။ အဝတ်လည်းမည်းတယ်။ အသား လည်းမည်းတယ်။
နောက်ထပ် မည်းတဲ့အစားအစားတွေကို စားနေ တယ်တဲ့။ အဝတ်မည်းတာ ဟုတ်ချင်ဟုတ်မှာပေါ့၊ သစ် ခေါက်တွေဆိုးထားတာဆိုတော့ အမည်းရောင်ဖြစ်လာမှာ ဘဲ။ ညောင်ခေါက် ပိန္နဲခေါက် ပျဉ်းကတိုးခေါက်စတဲ့ အဲဒီလို တောထဲကအခေါက်တွေ ဆိုးထားရင် ကြမ်းလည်းကြမ်း သေးတယ်၊ အဝတ်က တဖြည်းဖြည်းနဲ့ မည်းပုပ်ပုပ်ဖြစ်လာ တယ်၊ မလျှော်ဘဲထားရင် ပိုတောင်မည်းသေးတယ်။ အဝတ်မည်း၊ အသားမည်း၊ မြေကြီးမည်း၊ ဒါလည်းကိစ္စ မရှိဘူး။

မည်းတဲ့အစားအစာ
မည်းတဲ့အစားအစာ စားတယ်ဆိုတော့ ဘယ်လို အစားအစာများ စားသလဲ၊ ဒါလည်း စဉ်းစားစရာဘဲ။ ရိုးရိုး ဆန်ဘဲ ပြောင်းဘဲစားတယ်ဆိုရင်တော့ ဒါအမည်းတော့ မဖြစ်နိုင်ဘူး။ ဘုန်းကြီး ရိုးရိုးတွေးကြည့်တာကတော့ ကောက်ညှင်းငချိတ်ကို ပုန်းရည်ကြီးနဲ့ နယ်စားပုံရတယ်၊ ဒါအမည်းဆုံးဘဲ ဒါထက်မည်းတာတော့ မရှိနိုင်ဘူး၊ နောက် တစ်ခုရှိသေးတယ်၊ ဘိတ်ကလာတဲ့ မုန့်တစ်မျိုးဟာ ကောက် ညှင်းငချိတ်, ပုန်းရည်ကြီး, ဒူးရင်းသီး, ထောပတ်သကြားနဲ့ လုပ်တယ်၊ မည်းနေတာဘဲ၊ အဲဒါ ဘုန်းကြီးတို့ ဘိတ်ကိုသွား တရားဟောလို့ရှိရင် တစ်ခါတစ်ခါ စားရတယ်။
စားလို့အလွန်ကောင်းတယ်။ အဲဒါ ဘာမုန့်လဲဆိုလို့ ရှိရင် 'မုန့်ကုလားမည်း'တဲ့၊ မုန့်မည်းဆို တော်ရောပေါ့၊ ကုလားမည်းတဲ့။ ကုလားမည်းဆိုတော့ ကုလားဖြူရှိသေး လားလို့ မေးစရာဖြစ်တယ်၊ အဲဒီတော့ ကုလားကအဖြူ လည်း ရှိမှာပေါ့။

တကယ်ဖြူတဲ့ကုလားတွေ
အိန္ဒိယပြည်မှာ တကယ်ဖြူတဲ့ ကုလားတွေ အများ ကြီးရှိတယ်၊ ဘုံဘေတို့လို ပန်ဂျပ်တို့လိုနော် ရာသီဥတုလဲ ကောင်းတယ်။ လူတွေလည်း ပစ္စည်းဥစ္စာ ချမ်းသာတယ်၊ အဲဒီလောက် အသားမည်းပြီးတော့ ဆင်းရဲတဲ့ လူတွေ အလွန်များပြီးတော့ အသားမည်းတဲ့ တိုင်းပြည် အိန္ဒိယမှာ ရှိတယ်။
အဲဒီလို ရာသီဥတုကောင်းဆိုတာ မပူပြင်းဘူး။ မိုးကလည်း မကြာမကြာရွာတယ်၊ သစ်တောကလည်း စိမ်းနေတယ်။ ဖုန်မထဘူး၊ နောက်တစ်ခုက မြောက်ပိုင်းနဲ့ အနောက်ပိုင်းအိန္ဒိယမှာ ဟိမဝန္တာတောင်ခြေတစ်ဝိုက်မှာ အေးတယ်။ ဆီးနှင်းတွေနဲ့ အေးပြီဆိုတော့ အဝတ်တွေကို တစ်ကိုယ်လုံးလုံအောင် ထူထူဝတ်လေ့ရှိတယ်၊ အဲဒီက လူတွေက အများအားဖြင့် အသားဖြူတယ်။
တစ်နှစ်လုံးပူပြီးတော့ အိုက်စပ်စပ်ဖြစ်နေတဲ့ အရပ်ကလူတွေက အသားမည်းတတ်တယ်။ အင်္ကျီချွတ်ပြီး တော့ တစ်ချို့နေသေးတာဘဲ ပြီးတော့လည်း ချွေးနဲ့ဖုန်နဲ့ လေနဲ့နေနဲ့ ထိတွေ့နေတော့ ဒီအသားက ဖြူဖို့ရန်ခက်တယ်။
အဲဒါကြောင့် အိန္ဒိယပြည် ပန်ဂျပ် ဘုံဘေတို့ နယူးဒေလီတို့ ဒါဂျီလင်တို့ဆိုတဲ့ ဟိမဝန္တာတောင်နားက မြို့တွေကို ရောက်သွားလို့ရှိရင် ညနေစောင်းအချိန် သစ်ပင် ဥယျာဉ်ကောင်းတဲ့ နေရာတွေမှာ တစ်ခါတစ်လေ လမ်း လျှောက်သွားပြီးကြည့်လိုက်ရင် ကုလားအထီးရော အမရော ဖွေးနေတာပဲ။ နတ်ပြည်က နတ်သားနတ်သမီးတွေများ ဆင်းလာသလားအောင့်မေ့ရတယ်။ ရုပ်ကလည်းချောတယ်။ အသားကလည်း ဖြူတယ်။ ဒီလို အဖြူတွေလည်းရှိ တယ်။
အခု ကဏှကအသားမည်းတယ်၊ အဝတ်မည်း တယ်၊ အစားမည်းတယ်၊ နေရာမည်းတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP