* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 11, 2009

လန်ကာဝီသို့ ခရီးတစ်ခေါက်







Mahsuri ကျွန်းမင်းသမီး











လန်ကာဝီကျွန်းအလှ













စာရေးသူတို့အဖွဲ့















ငပလီနဲ့ လန်ကာဝီစာအုပ်ကို ဖတ်ပြီး ကတည်းက လန်ကာဝီကျွန်းကို စိတ်ဝင်စားခဲ့ ရောက်ချင်ခဲ့တာပါ၊ လန်ကာဝီကျွန်းရဲ့ ကြည်နူးစရာ ကမ်းခြေရှုခင်းတွေက ကမ္ဘာကျော်ဖြစ်နေခဲ့တာလဲ တကြောင်းပေါ့၊ အခုတော့ ရောက်ချင်လှတဲ့ ဒီခရီး ရောက်ခွင့်ကြုံခဲ့ပါတယ်၊


လန်ကာဝီကျွန်းဟာ မလေးရှားနိုင်ငံတွင်းမှာရှိပါတယ်၊ ပီနန်ကျွန်းကနေ မော်တော်နဲ့ သုံးနာရီလောက်စီးရတဲ့ နေရာမှာ တည်ရှိတယ်၊ နိုင်ငံခြားသား အများစု လာရောက်လည်ပတ်တဲ့နေရာ တစ်ခုလဲ ဖြစ်ပါတယ်၊ အထူးသဖြင့် နိုင်ငံခြားသားတွေ စိတ်ဝင်စားအောင် Duty free zone အဖြစ်သတ်မှတ်ထားခြင်းပါပဲ၊


လန်ကာဝီကိုရောက်ရင် နောက်ဆုံးပေါ် ကားကြီး ကားကောင်းတွေကို ငှါးပြိး ကိုယ်တိုင် မောင်းနှင်သွားလာနိုင်ပါတယ်၊ တရက်တာ ခရီးကိုမှ မလေးရှားငွေ ၁၂၀ သာ ပေးရတာပါ၊ ကားမမောင်းတတ်သူ မိမိတို့မှာတော့ ဒရိုင်ဘာကိုပါ ငှါးကြရပါတယ်၊ ဒရိုင်ဘာကြေးက တရက်ကို မလေးငွေ ငါးဆယ်ပါ၊


တည်းခိုစရာ ဟိုတယ် ဘန်ဂလိုတွေကလည်း ဈေးသက်သာတာကိုတွေ့ရတယ်၊ သုံးယောက်အိပ်ခန်း တစ်ခန်းကိုမှ မလေးငွေ ၁၁၀ သာပေးရပါတယ်။မလေးရှားပြည်သူတွေ လန်ကာဝီကို စိတ်ဝင်စားကြပုံကတော့…


လန်ကာဝီကျွန်းရဲ့ ကျွန်းအလှတွေရယ်..ပြိးတော့ Mahsuri လို့ခေါ်တဲ့ ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တွေရယ်ကြောင့် ပိုပြီး စိတ်ဝင်စားကြတာကို တွေ့ရပါတယ်၊ မဟာစူရီလို့ခေါ်တဲ့ အရမ်းချောမောလှပတဲ့ အမျိုးသမီးတဦး ဟိုးအရင်က ဒီလန်ကာဝီမှာ ရှိခဲ့ဖူးတယ်၊


အချိန်တန် အရွယ်ရောက်တော့ စစ်သူကြီး တစ်ဦးနဲ့ လက်ထပ်ခဲ့တယ်၊ ခင်ပွန်းဖြစ်သူ စစ်သူကြီး စစ်ပွဲကို သွားနေချိန်မှာ အိမ်နီးချင်း ယောင်္ကျားလေးတစ်ယောက်နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တယ်၊ ပတ်ဝန်းကျင်ကတော့ မဟာစူရီနဲ့ ဒီကောင်လေး အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ စွပ်စွဲပြောဆိုလာခဲ့တယ်၊ မဟာစူရီကတော့ ရိုးသားတဲ့ ခင်မင်မှုဖြစ်လို့ ဒီလိုပဲ ပုံမှန်နေထိုင်ခဲ့တယ်၊


စစ်သူကြီး စစ်ပွဲက ပြန်ရောက်လာတဲ့အခါ ပတ်ဝန်ကျင်က သူတို့ရဲ့ အမြင်တွေကို စွပ်စွဲပြောကြားတဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူ စစ်သူကြီး မစူးစမ်း မဆင်ခြင်နိုင်တော့ပဲ မဟာစူရီကို သစ်ပင်မှာချည်ပြီး ချွန်ထက်တဲ့ တံကျင်နဲ့ မဟာစူရီကို မသေမချင်း ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်၊


မဟာစူရီ အသက်မထွက်ခင် ကျိန်စာ ဆိုခဲ့တာက.. ဒီလန်ကာဝီကျွန်းဟာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် မတိုးတက်ပါစေသတည်း လို့ ကြိမ်စာဆိုထားခဲ့တယ်၊

ဒေသခံတွေရဲ့အဆိုအရ.. ၀န်ကြီးချုပ် မဟာသီယာ လက်ထက်ရောက်မှ လန်ကာဝီကျွန်းကို ဖွံ့ဖြိုးရေး ဇုန်အဖြစ်သတ်မှတ်ပြီး ပြုပြင်လာခဲ့တာကြောင့် လန်ကာဝီဟာ တိုးတက်လာခဲ့ပါတယ်လို့ ဆိုပါတယ်၊


မဟာသီယာ ၀န်ကြီးချုပ်ဖြစ်ချိန်ဟာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ကို ကျော်လွန်တဲ့ နှစ်လို့ ပြောဆိုတာကို လည်းမှတ်သားနားထောင်ခဲ့ရပါတယ်၊ ဒဏ္ဍာရီဆန်ခြင်း မဆန်ခြင်းထက် ဒေသခံပြည်သူတွေကတော့ တကယ့်ကို အမှန်တရားအဖြစ်လက်ခံထားတယ်၊


မဟာစူရီပြတိုက်ကိုလဲ ကြီးကျယ်ခန်းနားစွာ ဆောက်လုပ်ပြသထားသလို မဟာစူရီ မြှုပ်နှံရာအုတ်ဂူကိုလဲ ဒီနေ့အထိ တွေ့မြင်နိုင်ပါသေးတယ်။


လန်ကာဝီမှာ လေ့လာစရာတွေအဖြစ် ကျွန်းပေါင်းကိုးဆယ်ကျော်..Under Water World မဟာသီပြတိုက် နဲ့ Black Sand Beach တို့ဟာ လေ့လာသင့်တဲ့နေရာတွေပါ။

ထူးထူးခြားခြားလေး သတိထားခဲ့ မိတာကတော့ မြန်မာပြည်က ပသျှူးလူမျိုးတွေနေထိုင်တဲ့ ရွာငယ်လေးပါ၊ ရေလမ်းခရီးနဲ့ သွားကြ လာကြရင်း လန်ကာဝီမှာ အခြေချ နေထိုင်လာခဲ့တာ ဒီနေ့အချိန်ထိပါပဲ.


မလေးရှားအစိုးရကတော့ အဝေးရောက် မလေးလူမျိုးဆိုတဲ့ လက်မှတ်တွေ ထုတ်ထားပေးတယ်လို့ သိခဲ့ရပါတယ်၊ လန်ကာဝီကျွန်းဟာ ကီလိုမီတာ ၂၀ ပတ်လည်ရှိတာကြောင့် သာယာတဲ့ရှုခင်းတွေ ပင်လယ်ကမ်းခြေတွေ ပေါများလှပါတယ်၊ ပီနန်းကျွန်းကနေ တနေ့ကို ရှပ်ပြေး မော်တော်ယဉ်နှစ်စီးနဲ့ ပို့ဆောင်ပေးပါတယ်.မနက်ရှစ်နာရီခွဲ တချိန်ပဲ ရှိတယ်၊ အပြန်ခရီးကတော့ ညနေငါးနာရီခွဲမှ မော်တော်ထွက်ပါတယ်၊

လန်ကာဝီကျွန်းအနှံ့သွားဖို့ဆိုရင် တညအိပ်ခရီးလောက်သွားမှ လုံလောက်ပါမယ်၊

မိမိတို့ စရောက်တဲ့နေ့မှာတော့ ဒကာကိုတင်ဝင်းက နေ့ဆွမ်းဆက်ကပ်ပြီး ၇-၁၀-၀၉ မနက်ခင်းမှာတော့ ဒကာကိုကျော်ဝင်းဦးဆောင်တဲ့ လန်ကာဝီရောက် ညီအကိုမောင်နှမများက သံဃာတော်တွေကို အာရုံဆွမ်း ဆက်ကပ်လှူဒါန်းကြတယ်၊ စာရေးသူက တရားစကားပြောကြားပေးခဲ့ပါတယ်၊


သံဃာတော်တွေအရောက်နည်းတဲ့ ဒေသမို့ သံဃာတော်တွေကို ဖူးမြင်ရတော့ အတော့်ကို ကြည်နူးနေကြတယ်၊ သံဃာတော်တွေ ဟောပြောတဲ့ တရားသံကို နာယူခွင့်ရပြန်တော့ သူတို့ရဲ့ မျက်ဝန်းတွေမှာ ကြည်နူးတဲ့ ပုံရိပ်တွေဟာ အထင်သားပေါ်လွင်နေကြတာကို သတိထားခဲ့မိပါတယ်၊


မှန်ပါတယ်၊ ရတနာဆိုတာ ထိုက်သူတို့သာ သုံးစွဲခွင့်ရတာမို့ ရတနာနဲ့ ဆုံတွေ့ခိုက် ရတနာတန်ဖိုးကို သိအောင်ကြိုးစားသင့်တယ်ဆိုတဲ့ အတွေးတွေကို လန်ကာဝီခရီးက ပေးအပ်ခဲ့ပါတယ်၊ ကျေးဇူးပါ လန်ကာဝီ။ ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP