ကိုအောင်ကျော်စိုး (စင်ကာပူ)၏ အရုဏ်+နေ့ဆွမ်းဒါန
အရုဏ်ဆွမ်း ဘုဉ်းပေးနေစဉ်
ဆွမ်းလောင်းနေတဲ့ ဒကာလေး မျိုးလွင်ဦးမုန့်ဟင်းခါး
နေ့ဆွမ်း
ဝက်သား+အာလူးဆီပြန်
အစိမ်းကြော်
သရက်ချဉ်သုတ်
ပုစွန်ခြောက်+ငရုတ်သီးကြော်
ဆွမ်းထမင်း
အလှူရှင်
ကိုအောင်ကျော်စိုး (စင်ကာပူ)
ဝေယျာဝစ္စဒါန
-ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးကောဝိဒ (သုံးခွကျောင်း)
-မစရမဉ္စရီနှင့် ဘွဲ့တော်မသိ သီလရှင် ဆရာလေးနှစ်ပါး
-ကိုဇော်နှင့်မိခင်၊ မျိုးလွင်ဦး၊ ကိုဝေ၊
မနက် ၅ နာရီကျော်မှာ မုန့်ဟင်းခါး အရုဏ်ဆွမ်း စကပ်ပါတယ်။ ဆာတတ်တဲ့အရွယ် ကိုရင်ငယ်လေးများကတော့ မနက် မိုးမလင်းခင်ကတည်းက ဝီရိယကောင်းကောင်းနဲ့ ကြွလာကြပါတယ်။
နေ့ဆွမ်းက ဆွမ်းရော ဟင်းရော တစ်ပါးစာ အတန်အသင့် လောက်လောက်ငင ဘုဉ်းပေးနိုင်အောင် ဆက်ကပ်ပါတယ်။ ဝက်သားကို အာလူးရောပြီး ဆီပြန်ဟင်း ကပ်တယ်။ အအီပြေ သရက်ချဉ် သုတ်တယ်။ အစပ်ကြိုက်တဲ့ အညာသားနဲ့ တောင်ပေါ်သား ကိုယ်တော်များ ဘောဇနသပ္ပါယဖြစ်အောင် ပုစွန်ခြောက်ငရုတ်သီးအစပ်ကြော်ပါ တွဲပေးတယ်။ အသီးအရွက် ဟင်းမယ်လဲ မကျန်ရအောင် အစိမ်းကြော်ပါ လောင်းလှူပါတယ်။
မနေ့ကရော ဒီနေ့ရော အရုဏ်နဲ့ နေ့ဆွမ်း အလှူရှင် နှစ်ရက်ဆက် ရှိတာကြောင့် သံဃာတွေ အတော်လေး အဆင်ပြေသွားတယ် ဆိုရမယ်။

0 comments:
Post a Comment