အင်္ဂလိပ် Idioms သင်ခန်းစာ (၈)...
- ခေါင်းအေးအေးထားပြီး ဖြေရှင်းတယ် - play it cool
(1) I decided to play it cool rather than letting her know my real feelings.
ငါ အမှန်တစ်ကယ် ခံစားနေရတာတွေကို သူမကို ပေးသိမှာထက် ခေါင်းအေးအေးထားပြီး ငါ ဖြေရှင်းဖို့ ဆုံးဖြစ်လိုက်တယ်။
(2) It’s ridiculous to play it cool if someone you’re mad about is mad about you too.
တကယ်လို့ မင်းက တမ်းတမ်းစွဲ ဖြစ်နေတဲ့ တစ်စုံတစ်ယောက်သော သူဟာ မင်းကိုလည်း တမ်းတမ်းစွဲ အရူးအမူး ဖြစ်နေတယ် ဆိုရင် ဒါကို ခေါင်းအေးအေး ထားပြီး ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးနဲ့ တူတယ်။
(3) You should play it cool whatever you do.
မင်း ဘာပဲ လုပ်လုပ် ခေါင်းအေးအေးထားပြီးမှ လုပ်သင့်တာပေါ့။

- စီမံကိန်း အကောင်အထည်ဖော်တယ်/ တိုက်ပွဲ ၀င်တယ် - into action
(1) The new plan for traffic control is being put into action on an experimental basis.
ယာဉ် အသွားအလာကို ထိန်းချုပ်ဖို့အတွက် အစီအစဉ်သစ်ကို လေ့လာစမ်းသပ်မှု အပေါ်မှာ အခြေခံပြီး အကောင်အထည် ဖော်ဆောင်နေကြတယ်။
(2) At daybreak the troops went into action.
နံနက် အရုဏ်ဦးမှာ စစ်ကြောင်းတွေဟာ တိုက်ပွဲစတင် ခဲ့ကြတယ်။
(3) They have learned the lessons of business management theory, and put them into action.
သူတို့တွေဟာ စီးပွားရေး ခန့်ခွဲမှုပညာ သီအိုရီသင်ခန်းစာတွေကို သင်ယူပြီးတဲ့နောက်မှာ အဲဒီ ပညာတွေကို အကောင်အထည် ဖော်ကြတယ်။
- စိတ်ဝင်စားမှု မရှိတော့ချေ၊ စိတ်ကုန်သွားပြီ - lose interest
(1) He used to be very active in smoking, but he’s lost interest now.
သူက ဆေးလိပ်သောက်တဲ့ နေရာမှာ သိပ်ကို တက်ကြွတာ၊ ဒါပေမဲ့ အခုတော့ စိတ်ကုန်သွားပြီ။
(2) By that time, I had lost interest in the idea.
အဲဒီ အချိန်လည်း ရောက်ရော ငါ အဲဒီ အကြံအစည်တွေကို စိတ်ဝင်စားမှု မရှိတော့ဘူး။
(3) I have lost interest in my husband because of his drinking very much.
ငါ့ ယောက်ျားက အရက်ကို အလွန်အကျွံသောက်တော့ ငါ စိတ်ကုန်သွားပြီ။

0 comments:
Post a Comment