* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 22, 2009

မြန်မာကလေးကဗျာ၊ကလေးသီချင်းသမိုင်း


ကျနော်တို့ မြန်မာပြည်စာပေသမိုင်းမှာ ကလေးကဗျာ နေရာသိပ်မရခဲ့ပါဘူး။ ၁၉ရာစု ၂၀ရာစုအတွင်း ကလေးကဗျာဆိုပြီး သတ်သတ်မှတ်မှတ် များများစားစား မရှိခဲ့ပါဘူး။ ၂၀ရာစုအလယ်ပိုင်းလောက်မှ ကလေးကဗျာမှတ်တိုင်တစ်ခု ဆိုက်ထူနိုင်ခဲ့ပါတယ်။ ဒါကတော့ဆရာကြီးမင်းသုဝဏ်ရဲ့ မောင်ခွေးဖို့ကဗျာများ ဖြစ်ပါတယ်။ နောက်ပိုင်းဒေါက်တာမောင်ဖြူးရဲ့ ကလေးစာပေ၊ ဆရာတင်မိုးရဲ့ ကလေးကဗျာတွေ ပေါ်ထွက်လာပါတယ်။ အဲဒီနောက်ပိုင်းမှာ ကလေးကဗျားတွေ ကလေးသီချင်းတွေ အလျှိုလျှိုပေါ်ထွက်လာပါတယ်။ ယနေ့ခေတ်မှာတော့ ကလေးကဗျာတွေ သီချင်းတွေ များပြားလာသော်လည်း ကလေးသူငယ်များကြား ပျံနုံမှုနည်းနေပါသေးတယ်။

ကျနော်တို့ဗမာလူမျိုးတွေရဲ့ အစဉ်အလာရ ကလေးတွေကို နေရာပေးတာမျိုး လေးစားတန်ဖိုးထားတာမျိုး သိပ်မရှိလောက်ပါဘူး။ အစဉ်အလာအရ ကလေးတွေ က လူကြီးတွေကို လေးစားရတယ်။ လူကြီးစကားကို နားထောင်လိုက်နာရတယ် ဒီလိုမှ လိမ္မာတယ်လို့ အယူရှိကြတယ်မလား။ မှားမယ်ဆိုကလေးတေ၊ွ အမြဲမှန် တာလူကြီးတွေပေါ့။ ဒီလိုအတွေးအခေါ်အယူအဆတွေကြောင့် ကလေးစာပေဟာ ဖွံဖြိုးသင့်သလောက် မဖွံဖြိုးခဲ့ပါဘူး။ Continue Reading »

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP