* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 24, 2009

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် (ပိုင်းလော့ဆရာတော်)

ပြီးခဲ့တဲ့ သြဂုတ်လ မှာ ပိုင်းလော့ဆရာတော် ဘုရားစင်္ကပူ မှာသီတင်းသုံးစဉ် ကျွန်မ ဆရာတော်ဘုရား အားOnline မှ ဖူးတွေ့လိုက်ရပါတယ်။ ဆရာတော်ဘုရား ကကျွန်မ အား တရားတော်ငါးပုဒ် (နိဗ္ဗာန်မြင်ရန် အကြောင်းရင်း၊စောင်းနှင့်စောင်းသံ၊ ခန္ဓာငါးပါး အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် ဖြစ်ပေါ်လာပုံ၊ စိတ် နှစ်ဆင့် ဖြစ်ပုံ၊ သစ္စာလေးချက် တစ်ပြိုင်နက် )တို့ ကို အင်္ဂလိပ် ဘာသာပြန် ရန်တာဝန်ပေး အပ်ခဲ့ပါတယ်။
တရားကို ကျေလည်စေလိုသော သဘောလည်းပါဝင်ပါလိမ့်မယ်။ တပည့်ဝတ္တရားမှာ စိစစ် နေရန် မဟုတ်။ ခိုင်းသည့်အတိုင်း လုပ်ရန်သာဖြစ်ပါသည်။
သည်တာဝန် ပေး အပ်ပြီး တဲ့အခါ မှာ ဘာသာပြန် တရားတော်များ ကိုတင်ရန် ကျွန်မသည် Blog တစ်ခု ကို ဖန်တီးခဲ့ပါသည်။ ယခင်ကဘာသာပြန် ပြီးသော (မောဟ နှင့် ပညာ) စာမူ လည်းရှိနေပါသည်။ ပိုင်းလော့ဆရာတော်ဘုရား၏ အထုပ္ပတ္တိ ကိုလည်း ကျွန်မ ဘာသာပြန်ထားတာ ရှိသည်နှင့် အင်္ဂလိပ်-ဘာသာပြန် စာမူများ တင်ရန် သန္တိသစ္စာ-The Peace of Noble Truth http://thantithitsar.blogspot.com
ကို ဖန်တီးဖြစ်ခဲ့ပါသည်။
ရည်ရွယ်ချက် ကတော့ ဆရာတော် ဘုရားဘယ်နိုင်ငံရောက်ရောက် လိုအပ်ခဲ့လျင် ကောက်ယူ အသုံးပြု နိုင်ပါရန်နှင့် တခြားသော လိုအပ်သူများ အသုံးပြု နိုင်ရန် စုစည်းပေးထားမယ်ဆိုသောစေတနာ နဲ့ ဖြစ်ပါတယ်။
သန္တိသစ္စာ ဆိုသော (Thantithitsar Vipassana Meditaion Center,LA)နာမည် တူနေတာကို နောက်မှသိရကာ လေးစားသောအားဖြင့် ကျွန်မ Blog မှ Thantithitsar စကာလုံး ကို ဖြုတ်ထားလိုက်ပါတယ်။L.A မှ ဆရာတော်ဘုရားတို့ ကျေနပ် ပါရန်လည်း တောင်းပန်လျှောက် ထားအပ်ပါတယ်ရှင့်။
The Peace of Noble Truth ကိုသာ ဆက်လက် သုံးစွဲသွားမှာဖြစ်ပါတယ်။
ကျွန်မ နှင့် အတူ ဘာသာပြန် ရေးသား မည့် သူကတော့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ပဋိပတ် ဋ္ဌာန မှ ပါမောက္ခ ဒေါက်တာ လှမြင့်(B.E, M.A, Ph.D (Buddhism)) ဖြစ်ပါတယ်။
လက်ရှိ (မောဟ နှင့် ပညာ )တရားတော်ကို ဆရာ ကပဲ ဘာသာပြန်ပေးထား တာဖြစ်ပါတယ်။
ပိုင်းလော့ဆရာတော်ဘုရား၏ ဟောတရားများကို စာသား အဖြစ် စာစီ ၊စာရိုက်လုပ် ပေးတဲ့ ကိုအောင်ဦး(ဓမ္မရသ)နှင့် ကိုသုခ(သုခရိပ်) တို့ကို အထူး ကျေးဇူးတင်ရှိပါတယ်။
ကျွန်မ ဘာသာပြန်လုပ်ငန်းများ အတွက်ကိုးကား ရန် ဓမ္မစာအုပ်များ။ စီဒီ များ ကို သဒ္ဓါတရားထက်သန်စွာ စာတိုက်မှပေးပို့ လှူဒါန်းပါသော မထက်စုနှင်းဆီ (သစ္စာတရားများစုဝေးရာ) ၏ စေတနာ ကိုလည်းမှတ်တမ်းတင် ဖော်ပြအပ်ပါတယ်။ တရားတော် များကို ဘာသာပြန်ရာတွင် နှလုံးသွင်းမှုမှန်ကန်စေရန် ပိုင်းလော့ဆရာတော် ဘုရား ကိုယ်တိုင်ရေးသားသော (ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်) စာအုပ် မှ တရားတော်များကို မြန်မာဘာသာဖြင့်ဤ Blog တွင်စတင်ရေးသားပူဇော် ပါမည်ရှင့်။ ဓမ္မမိတ်ဆွေများ ချမ်းမြေ့ရွှင်လန်းစွာ လေ့လာ ၊ကျင့်ဆောင် နိုင်ကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့်။
***************************************************************************
ဇာတိမလာရေးနှင့်နိဗ္ဗာန် အမြင်(၁)---လမ်း(၃)လမ်း
____________________________________

ရွှေတိဂုံ ဘုရားကုန်းတော် ပေါ်မှာ ဝါတွင်းသုံးလကို ဟောရက် က ၁၂ရက်တည်းရှိတာနော်။ ဒ့ါကြောင့် ဆရာတော်ဘုရားကြီးတွေ ဆုံးမခဲ့တဲ့ ဘုရားဟော တရားတော်တွေကို လက်လှမ်းမှီသရွေ့ ပြန်ပြီး သင်ပေးပါ့မယ်။ဝီရိယစိုက်ပြီး ကြိုးစားနာယူကြပါ။

ဘုရားရှင်ရဲ့ ဆန္ဒအရ အဓိက ၂ ပိုင်းရှိပါတယ်။ မသေခင်ကာလမှာ ဘုန်းဘုန်းအပါအဝင် ယောဂီတွေ အားလုံး လောကဓံကို ခံနိုင်ရည်ရှိဘို့နဲ့ သေကာလကျတော့လည်း အပါယ်လေးပါးလွတ်ဘို့။ နိဗ္ဗာန်ရောက်ဘို့လို့ မှတ်ပါ။ တကယ်တမ်း ဝိပဿနာတရားကို အချိန်တိုင်း အချိန်တိုင်း၊ ပွားမယ်ဆိုရင် မနိုင်ကြသေးပါဘူး။ ဒီတော့က ဝိပဿနာ တရားနဲ့ လွတ်တဲ့အချိန်၊ ကုသိုလ်စိတ်နဲ့ နေတတ်ဘို့လည်း လိုအပ်တယ်။ ဒါ့ကြောင့် အခြေခံကုသိုလ်နဲ့ အကုသိုလ် ခွဲသိဘို့ ဆိုတာ လိုအပ်တယ်။

ပြီးတော့မှ ဝိပဿနာ ပညာကို ရှုတတ်ဘို့လည်းလိုအပ်ပါတယ်။ တစ်နည်းအားဖြင့် အချိန်တိုင်း ဘုန်းဘုန်းတို့လျှောက်တာ လမ်းသုံးလမ်း ရှိနေတယ် ဆိုတာ သိဘို့လိုအပ်ပါတယ်။
လမ်း သုံးလမ်း က အစုန်လမ်း၊ အဆန်လမ်း၊ နိဗ္ဗာန်လမ်း ၊လမ်း သုံးလမ်းလို့မှတ်ကြပါ။
သည်ဝါတွင်း ဥပုသ်ရက်တွေမှာ အတတ်နိုင်ဆုံး သင်ပေးပါ့မယ်။

ဆက်ဖတ်ပါရန်



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP