* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 24, 2009

စွန်းလွန်း နှင့် သူ့တရားများ

လူတို့ပြည်တွင် သစ်လေးပင်၊ သေစေလို ရေအေးလောင်း၊ ရှင်စေလို ရေနွေးလောင်း။

ငယ်ရွယ်စဉ် အခါက ဦးနှောက်နဲ့ လိုက်မမှီိနိုင်ခဲ့လို့ မှတ်ထားဖူးတဲ့ စာပုဒ်လေးတခုကို ခုထိ အလွတ်ရနေဆဲပါ၊ သဘာဝနိယာမနဲ့ ဆန့်ကျင်နေတဲ့အတွက် အဖြေကို သိချင်လွန်းလို့ လက်လှမ်းမှီရာစာအုပ်တွေကို ရှာကြည့်တော့လဲ မတွေ့နိုင်တော့တဲ့ အဆုံး လက်လျော့ထားခဲ့ရတယ်၊ ပညာရေးလိုအပ်ချက်အရ သီဟိုဠ်ကျွန်းကို ရောက်မှ ကံကောင်းထောက်မစွာ အဖြေကို မထင်မှတ်ပဲ တွေ့ခဲ့ရတယ်၊
တချိန်က သာသနာမှာ ရဟန္တာတဆူလို့ ကျော်ကြားခဲ့တဲ့ ထွန်ထောင် ဆရာတော် ( လူ့ဘ၀တုံးက ထွန်ကိုထောင် နွားတွေကို ဘေးမဲ့ပေးပြီး ရဟန်းဘောင် ၀င်ရောက်ခဲ့လို့ ) စွန်းလွန်းဂူ ဆရာတော် ဦးက၀ိ ကို နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု က ဖူးမျှော်ရင်း မေး+ဖြေ ခဲ့တဲ့စကားဆိုတာကို လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ထုတ်ဝေခဲ့တဲ့ စာအုပ်လေးတအုပ်ကို သက်သေခံအဖြစ် တွေ့လိုက်ရပါတယ်၊

စာဖတ်သူတို့လဲ ပညာရှင်နှစ်ဦးရဲ့ အဘိဓမ္မာဆိုင်ရာ အမေးအဖြေတွေကို ခံစားစေချင်လို့ အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်၊


မေး။ ။ လူတို့ပြည်တွင် သစ်လေးပင်၊ သေစေလို ရေအေးလောင်း ၊ ရှင်စေလို ရေနွေးလောင်း၊ ဟူသောအမေးကို ဖြေကြားတော်မူပါဘုရား၊


ဖြေ။ ။ လူတို့ပြည်တွင် သစ်လေးပင် ဆိုရာ၌ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် ရယ်လို့ လောကဝေါဟာရ အားဖြင့် ရှိသော်လည်း ဘယ်ပြည်မှာများ ဘုရားပွင့်တယ်လို့ ကြားဖူးသတုံး

လူ့ပြည်မှာလို့ ကြားဖူးပါတယ်ဘုရား
အဲ ဂင်္ဂါ ၀ါဠု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားရှင်များမှာ သစ္စာလေးပါးနှင့်သာ ပွင့်ခြင်းကြောင့် လူတို့ပြည်တွင် သစ်လေးပင် ဟုဆိုသည်။

သေစေလို ရေအေးလောင်း ဆိုရာ၌ မဂ္ဂင်ရေ ကို ဆိုလိုသည်။

ရှင်စေလို ရေနွေးလောင်း ဆိုရာ၌ လောဘ ဒေါသ မောဟ ရေနွေးကို ဆိုလိုသည်။

မေး။ ။ မထိုင်ခင်က ခြေဆင်း၊ မလင်းခင်က ရောင်နီလာ၊ မချက်ခင်က ထမင်း၊ မကျက်ခင်က စားပြီးပြီ၊ မရက်ခင်က ပုဆိုး၊ မချုပ်ခင်က ၀တ်ပြီးပြီ၊ ၎င်းအမေးကို ဖြေတော်မူပါဘုရား၊

ဖြေ။ ။ အေး အဲဒါ ၀ိတက် လို့ခေါ်တယ်၊
( ၀ိတက် ဆိုသည်မှာ ကြံစည် စဉ်းစား စိတ်ကူးယဉ်ခြင်း ဖြစ်သည်၊ )

မေး။ ။အကြောင်းပြ ဘုရားတစ်ဆူ တစ်ဆူလျှင် သင်္ချေ နှစ်ဆယ် ကုဋေ ရှစ်ဆယ် ဗိုလ်ခြေတသိန်း ကျွတ်တမ်းဝင်သွားတယ်လို့ ကြားဖူးပါတယ်၊ ကျန်သော သတ္တ၀ါ ဟာ ရော့သလား မရော့ဘူးလားဘုရား၊

ဖြေ။ ။ ဒကာကြီးမေးတဲ့ အတိုင်းပဲ ရော့သလား ဆို ရော့တယ်၊ မရော့ဘူးလားဆိုရင်လဲ မလျော့ဘူးပေါ့၊

မေး။ ။ ရော့တာ ဘယ်လို မရော့တာ ဘယ်ပုံ ဆိုတာ သိလိုကြောင်းပါဘုရား၊

ဖြေ။ ။ ရော့တယ် ဆိုတာက ဥပမာ ဒကာကြီးအိမ်မှာ လူဆယ်ယောက် ရှိတယ်ဆိုပါတော့။ ငါးယောက်ဆင်းသွားလျှင် ဆင်းသွားတဲ့ ပုဂ္ဂိုလ်သတ္တ၀ါ ရော့တာပေါ့၊ မရော့ဘူးဆိုတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတဲ့ ပရမတ္ထတရား မရော့ဘူး၊

ဆက်လက် ဖော်ပြပါမည် ----


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP