စာဖတ်သူရဲ့ဆန္ဒ ဖြည့်ဆည်းပေးခြင်း ၀၁
မေမေ့လပြည့်ဝန်းလေးရဲ့ ဆိုက်ကိုလာလည်သူတချို့က မေမေ့လပြည့်ဝန်းလေးတင်ပေးတဲ့ ရဟန်း, ရှင်သာမဏေနှင့် လူ-တို့အကြား ပြောဆို-ဆက်ဆံရေးစသည်နှင့် ပတ်သက်၍ ပညာပေးတင်ပြထားသော “မောင့်မှာ ရဟန်းဖြစ်သောကြောင့်”ဇာတ်ကား ကြည့်မရဘူးပြောကြသဖြင့်၊ အခု စာဖတ်သူတို့ ဆန္ဒကို ဖြည့်ဆည်းသောအားဖြင့် ဒေါင်းလော့ဒ်လုပ်ပြီး ကြည့်ရှုနိုင်မည့် နည်းဖြင့် ၀က်ဘ်ဆိုက်တစ်ခုမှာ {upload} တင်ပြီး တင်ပေးလိုက်ပါတယ်။ ဇာတ်ကားက “Winrar-Software” နဲ့ ချုံ့ပြီး တင်ထားတယ်နော်။ အဲဒီတော့ အကျဉ်းချုံ့ထားတာကို ဖြေဖို့ အဲဒီ {Software}လည်းတင်ထားပေးတယ်နော်။ ရှာပြီး ဒေါင်းလော့ဒ်လုပ်လိုက်ပါ။ နောက်တစ်ခုက ဒီဇာတ်ကားကို ကြည့်ဖို့က စာဖတ်သူရဲ့ စက်မှာ -Jet-audio-Player-ရှိရမယ်နော်။ တကယ်လို့ အဲဒီ-Jet-Audio-Player-မရှိရင်, မည်သည့် Audio, Mp3, Mp4, VCD-format-မျိုးမဆို-Play-လို့ ရတဲ့ {VLC Player}ဆိုပြီး တင်ပေးထားတယ်နော်။ အဲဒါလေးကို ရှာပြီး ဒေါင်းလော့ဒ်ယူလိုက်ပါ။
အင်း--မေမေ့လပြည့်ဝန်းလေးရဲ့ ဇာတ်ကားကြည့်ဖို့က မလွယ်ပါလားလို့တော့ မထင်ပါနဲ့နော်။ အခက်အခဲ ကြုံမှာစိုးလို့ မသိသူတို့အတွက် ပြောသင့်တာ အကုန်ပြောပြတာပါဗျာ။ မေမေ့လပြည့်ဝန်းလေးရဲ့ ပရိတ်သတ်အားလုံးကို အဆင်ပြေချင်တဲ့ ဆန္ဒပါဗျာ။ ဇာတ်ကားကို ဒေါင်းလော့ဒ်ယူနိုင်အောင် {Upload}တင်ထားတဲ့ဆိုက်ကို လင့်ခ်လည်း ချိပ်ပေးထားတယ်။ အောက်ကပုံလေးပေါ်ကို ကလစ်ပြီးလည်း ဒေါင်းလော့ဒ် လုပ်နိုင်တယ်။ ကြိုက်ရာနေရာက ယူနိုင်အောင်ပါ။
ဒီဇာတ်ကားကြည့်ပြီး မေမေ့လပြည့်ဝန်းလေး လက်တွေ့ရရှိတဲ့ အကျိုးကိုလည်း ပြောပြအုန်းမယ်နော်။ ဘ၀တူများရှိရင် လက်တွေ့အကျိုးခံစားစေချင်တဲ့ ဆန္ဒပဲပေါ့ဗျာ။ မေမေ့လပြည့်ဝန်းလေးက မျက်စိ အားနည်းတယ်၊ အဲဒီတော့ မျက်မှန်တပ်ရတယ၊် ပါဝါကတော်တော်များတယ်။ အခု ဒီဇာတ်ကားထဲမှာ ပြောထားတဲ့ “ကျေးဇူးတော်ရှင် ရွှေဟင်္သာဆရာတော်ဘုရားကြီး”ကျင့်သုန်းတဲ့ မျက်မှန်လွတ်နည်းကို လက်တွေ့ကျင့်သုန်းကြည့်တာ အခုမေမေ့လပြည့်ဝန်းလေးရဲ့ မျက်စိအား ပြန်ကောင်းလာတာတွေ့ရတယ်။ ဆရာတော်ဘုရားကြီးက သက်တော် (၁၀၀)ကျော်သည့်တိုင်အောင် မျက်မှန်မတပ်ရဘူး။ ဒီနည်းပဲ ကျင့်သုန်း သွားတယ်ဆိုပဲ။ မယုံရင်... “ဧဟိ ပဿိကော” ကိုယ်တိုင် ကျင့်သုန်းကြည့်လိုက်လေ...။ သန္ဒိဋ္ဌိကော-လက်တွေ့အကျိုး ခံစားရမှာပါ။
| | |မေတ္တာဖြင့်-မေမေ့လပြည့်ဝန်းလေး

0 comments:
Post a Comment