* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 5, 2009

မြတ်စွာဘုရားရှင်မဟာပုရိသလက္ခဏာတော်ကြီး(၃၂)ပါး

(၁) သုပ္ပတိဋ္ဌိတပါဒ=ရွေခြေနင်းအပြင်ကဲ့သို့ညီညွတ်သောခြေဖ၀ါးတော်။
(၂)စက္ကပူရိတပါဒ=တစ်ထောင်သောအကန့်အကွက်တို့နှင့်တကွလက္ခဏာတော်အပေါင်းအပြည့်ရှိ
သောခြေဖ၀ါးတော်။
(၃) အာယတပဏှိ=ခြေကိုလေးပုံပုံ၍တစ်ပုံမျှလောက်ရှည်သွယ်ပြည့်ဖြိုးသောဖနောင့်တော်။
(၄) ဒီဃင်္ဂုလိ=မျောက်မင်း၏ခြေချောင်းလက်ချောင်းကဲ့သို့အရင်းမှအဖျားတိုင်သွယ်ပျောင်းလျက်
တင့်တယ်ရှည်သွယ်သောလက်ချောင်းတော်။
(၅) မုဒုတလုဏဟတ္တပါဒ=အကြိမ်တစ်ရာဖတ်အပ်သောဝါဂွမ်းစိုင်ကဲ့သို့တစ်သားတည်းတူမျှစွာနူး
ညံ့သောခြေဖ၀ါးတော်လက်ဖ၀ါးတော်ရှိခြင်း။
(၆) ဇာလဟတ္တပါဒ=ခြေချောင်းတော် လက်မတော်မှတစ်ပါး လက်ချောင်းတော်လေးခုစီ တညီတ
ညွတ်တည်းရှိသည်ဖြစ်၍နှစ်သက်အံ့ဖွယ်လွန်တင့်တယ်သောခြေချောင်းလက်ချောင်းရှိတော်မူခြင်း။
(၇) ဥဿင်္ခပါဒ=ဖမိုးတော်မှအထက်သို့လက်လေးသစ်တက်၍မြင့်သောဖမျက်တော်။
(၈) ဧဏီဇင်္ဃ=ဧဏီမည်သောသားကောင်၏မြင်းခေါင်းကဲ့သို့ချောပြည့်လုံးလျောင်းသောသလုံးမြင်း
ခေါင်းရှိတော်မူခြင်း။
(၉) ဒီဃဟတ္တ=ကိုယ်တော်ကိုမကိုင်းမညွတ်မူ၍ပုဆစ်ဒူးနှစ်ဖက်ရောက်သောလက်တော်နှစ်ဖက်ရှိ
ခြင်း။
(၁၀) ကောသောဟိတ၀တ္တဂုယှ=အအိမ်ဖြင့်ဖုံးလွမ်းအပ်သောယောက်ျားမြတ်နိမိတ်ရှိတော်မူခြင်း။
(၁၁) သုဝဏ္ဏ ၀ဏ္ဏ=ဇဗ္ဗူရာဇ်ရွေစင်ကဲ့သို့ပြေပြစ်ဝါ၀င်းသောအဆင်းအရေမြတ်နှင့်ပြည့်စုံတော်မူ
ခြင်း။
(၁၂) သုခမစ္ဆ၀ိ=ပွေး၊ညှင်း၊တင်းတိပ်၊၀က်ခြံ၊မှည့်မည်းစသောအညစ်အကြေးမရှိသန့်ရှင်းစင်ကြယ်
အသားအရေရှိခြင်း။
(၁၃) ဧကေကလောမ=မွေးညင်းတွင်းတစ်တွင်း၌မွေးညင်းတော်တစ်ပင်စီသာပေါက်ရောက်ခြင်း။
(၁၄) ဥဒ္ဓဂ္ဂလောမ= သုံးကြိမ်လက်ယာရစ်လည်သည်၏အဆုံး၌တင့်တယ်တော်မူသောရွေမျက်နှာ
တော်ကိုရူဘိသကဲ့သို့အထက်ညွတ်သောမွေးညင်းတော်။
(၁၅) ဗြဟ္မုဇုဂတ္တ= ဗြဟ္မာမင်းကိုယ်ကဲ့သို့ခါးပုဆစ်ဒူးသုံးပါးသောအရပ်တို့၌ မကိုင်းမညွတ်ဖြောင့်
မတ်သောကိုယ်တော်။
(၁၆) သတ္တုဿဒ=လည်ကုပ်၊လက်ဖမိုးနှစ်ဘက်၊ပခုံးစွန်းနှစ်ဘက်၊ခြေဖမိုးနှစ်ဘက်၊၇-ပါးသောအ
ရပ်တို့၌ပြည့်ဖြိုးသောအသားတော်ရှိခြင်း။
(၁၇) သီပုဗ္ဗဎုကာယ= ခြင်္သေ့မင်း၏ရှေ့ထက်ဝက်သောကိုယ်ကဲ့သို့ ပြည့်ဖြိုးကြီးမားခံ့ညားသော
ကိုယ်တော်။
(၁၈) စိတန္တရံသ=လက်ပြင်တော်နှစ်ဖက်နောက်အလယ်ကျောပြင်သည်ချိုင့်နိမ့်ခြင်းမရှိပကတိညီ
ညွတ်စွာတည်သောအသားအလွှာသည်ခါးတော်မှစ၍လည်ကုပ်တော်တိုင်ဖုံးလွှမ်းခြင်း။
(၁၉) နိဂြောဓပရိမဏ္ဍလ=အရပ်တော်နှင့်အလံတော်ညီမျှသဖြင့်ပညောင်ပင်အ၀န်းကဲ့သို့ဝိုင်းဝန်း
တော်မူသောရူပကာယတော်။
(၂၀) သမဋ္ဋက္ခန္ဓ=ရွှေမုရိုးစည်ကိုထောင်၍ထားသကဲ့သို့တပြေးတည်းစည်းလုံးညီညွတ်သောလည်
တော်ရှိခြင်း။
(၂၁) ရသဂ္ဂသဂ္ဂိ=အနည်းငယ်ခန့်နှမ်းစေ့မျှအရသာကိုသုံးဆောင်မှီဝဲသောအခါတစ်ကိုယ်လုံးပျံ့နှံ့
တည်နိုင်အောင်ဆောင်နိုင်သောအကြောများရှိခြင်း။
(၂၂) သီဟဟနု=ခြင်္သေ့မင်း၏မေးကဲ့သို့မေးတော်ရှိခြင်း။
(၂၃) စတ္တာလီသဒန္တ=သွားတော်လေးဆယ်အစေ့အငရှိတော်မူခြင်း။
(၂၄) သမဒန္တ=ညီညွတ်သောသွားတော်ရှိတော်မူခြင်း။
(၂၅) အ၀ိရဠဒန္တ=မကြဲမကွာစေ့စပ်သောသွားတော်ရှိခြင်း။
(၂၆) သုသုက္ကဒါဌ=ဖြူစင်သောစွယ်တော်လေးခုရှိခြင်း။
(၂၇) ပဟူတဇိဝှာ=ရှည်လျားကျယ်ပြန့်သောလျှာတော်ရှိခြင်း။
(၂၈) ဗြဟ္မဿရ=ဗြဟ္မာမင်း၏အသံကဲ့သို့သောအသံတော်ရှိခြင်း။
(၂၉) အဘိနီလနေတ္တ=အလွန်ညိုဝင်းသည့်မျက်လုံးတော်ရှိခြင်း။
(၃၀) ဂေါပခုမ=မွေးစနွားသူငယ်၏မျက်တောင်မွေးကဲ့သို့အလွန်နူးညံ့သောမျက်တောင်မွေးတော်
ရှိခြင်း။
(၃၁) ဥဏ္ဏဇာတ=မျက်မှောင်တော်နှစ်ခုအကြား၌ဥဏ္ဏလုံမွေးရှင်တော်ပေါက်ခြင်း။
(၃၂) ဥဏှီသသီလ=လက်ယာတော်နားပန်စွန်းမှလက်ဝဲတော်နားပန်စွန်းအထိတက်သောနဖူးသင်း
ကျစ်တော်ရှိခြင်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP