ဆပ်ပြာအလှူခံ
ရှေ့အပတ် တနင်္လာနေ့ ဆွမ်းလောင်းပါမယ်။ ဘာချက်ဖြစ်မလဲကတော့ ဝေယျာဝစ္စအဖွဲ့နဲ့ တိုင်ပင်တုန်းပါပဲ။အလှူခံရမှာ အားနာတဲ့ကြားကပဲ သံဃာတွေ ဘာတွေ လိုအပ်နေသေးတယ်ဆိုတာ အားနာနာနဲ့ ထပ်ပြောရရင် ရေချိုးဖို့ မရှိမဖြစ်လိုတဲ့ ဆပ်ပြာပါပဲ။
''ဒက်ကိုရင်လေးတွေ''လို့ နားမလည်သူတွေက ရယ်ပွဲဖွဲ့စရာ ဖြစ်နေရတာကို ဆပ်ပြာ လှူဒါန်းကြမယ်ဆိုရင် ဦးဇင်းတွေ၊ ကိုရင်တွေအတွက် အများကြီး အဆင်ပြေပါလိမ့်မယ်။ ဈေးကြီးမှ၊ အပျံစားမှ မဟုတ်ပါဘူး။ ဈေးတူရင်တောင် အတုံးကြီးပြီး ကြာကြာခံတဲ့ ဆပ်ပြာရလေ ကောင်းလေးပါပဲ။ ပြည်တွင်းမှာ ထုတ်တဲ့ မွှေးဆပ်ပြာ၊ လပ်စ်ဆပ်ပြာ၊ ပါမိုးလစ်တွေကို တစ်ပါးတစ်ခဲကျ ကပ်လှူမယ့် အလှူရှင်ရှိရင် ဖိတ်ခေါ်ပါတယ်။ သံဃာ အပါး လေးငါးရာစာမှ မဟုတ်ပါဘူး။ ဘယ်နှစ်ခဲစာဖြစ်ဖြစ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။

0 comments:
Post a Comment