သက်ကယ်ရိတ်စကားများ-၂-
"အင်း ညီညီရေ... မြင်သိစိတ်ရယ် ၀ီထိရယ် လူသာမန်တို့ရဲ့ မြင်သိခြင်းရယ် အဲဒီလိုခွဲခြားပြီး ပြောသင့်တယ်။"
"ဟုတ်ကဲ့ပါကိုကို..."
"လူသာမန်တို့ရဲ့ မြင်သိခြင်းကို သိရအောင် စမ်းသပ်မှုကလေး တစ်ခုလုပ်ရအောင် "
"ကောင်းပါပြီ ကိုကို"
"ခု ညီညီ အလုပ်လုပ်တာကို ရပ်။ မျက်စိစုံမှိတ်ပြီး နေလိုက်။ ပြီးတာနဲ့ မျက်စိကို ရုတ်တရက်ဖွင့်ပြီး ရှေ့တူရူကို ကြည့်ရမယ်။ ပြီးတာနဲ့ ချက်ချင်း ပြန်မှိတ်လိုက်ရမယ်။ ဟုတ်ပြီလား။"
"ဟုတ်ကဲ့ကိုကို"
...
"ကိုင်း ညီညီ ခုန မျက်လုံးဖွင့်လိုက်တဲ့ အချိန်မှာ ဘာတွေမြင်လိုက်ရသလဲ။"
"တောစပ်ရယ် ပေါက်ပင်ရယ် ချေတစ်ကောင် ရယ်ကိုကို"
"ဒီလောက် ကာလတိုတိုလေးမှာ ဒီလောက်တောင် မြင်လိုက်သလား"
"မြင်လိုက်တယ် ကိုကို"
"ညီညီ ခုနက မျက်စိဖွင့်လိုက်တဲ့ ကာလဟာ ဘယ်နှစ်စက္ကန့်လောက် ကြာမယ် ထင်သလဲ"
"အလွန်ဆုံးကြာ တစ်စက္ကန့်ပေါ့ ကိုကိုရာ"
"အေး အဲဒီတစ်စက္ကန့်အတွင်းမှာ ချေတစ်ကောင်ရယ် ပေါက်ပင်ရယ် တောစပ်ရယ်ကို တကယ် မြင်ရတယ် မဟုတ်လား"
"ဟုတ်တယ် ကိုကို"
"ဒါဖြင့် ဒီချေတွေ ဘာတွေကို ညီညီက ဘယ်လိုလုပ် မြင်ရသလဲ ဇီဝဗေဒတို့ ဇီဝကမ္မဗေဒတို့က ဘယ်လိုရှင်းထားသလဲ ဆိုပါဦး"
"သြ အရာဝတ္ထုမှ လာတဲ့ အလင်းတန်းဟာ မျက်စိအတွင်းက Retina ကို ကျရောက်ပြီး မျက်စိအာရုံကြောက ဦးနှောက်ဆီ သတင်းပို့တယ်... ဦးနှောက်က ဘာပုံရိပ်လဲ ဆိုတာ ဆုံးဖြတ်ပေးတယ်.. အဲဒီလိုတော့ သင်ထားရတာပဲ..."
"အေး တို့ဖြင့် မြင်ရတော့သာ တစ်ချက်တည်းလို မြင်သိခြင်း ဖြစ်ပေါ်တယ်လို့ သာမန်သိလိုက်တာ မဟုတ်လား။ တကယ်တမ်းကျတော့ ဒီမြင်သိခြင်းတစ်ခု ဖြစ်ဖို့ ကြားထဲမှာ အသေးစိတ်ဖြစ်စဉ်တွေ မနည်းဘူး ဖြစ်ခဲ့ရတယ် မဟုတ်လားကွ။ ဘာတဲ့ အလင်းတန်းကလည်း ရက်တီနာပေါ် ကျရဦးမယ် ကျရင် လျှပ်စစ်ဗို့ဒ်အား ပြောင်းလဲမှုလေးတွေ ဖြစ်ပြီး အာရုံကြောဆဲလ်တစ်ခုကနေ တစ်ခုကို အဆင့်ဆင့် သတင်းပို့ရဦးမယ်။ အာရုံကြောဆဲလ် ဆိုတာကလည်း နည်းနည်းနောနောမှ မဟုတ်တာ။ ဒီတော့ တို့သတ်မှတ်ထားတဲ့ မြင်သိခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်ပျက်သွားတာတွေက အများကြီး ဆိုတာ ထင်ရှားတယ် မဟုတ်လားကွ...။"
"ဟုတ်ပါ့ ကိုကိုရာ..."
[ ဆက်ဖတ်ရန် +/- ]
"ဟုတ်ကဲ့ပါကိုကို..."
"လူသာမန်တို့ရဲ့ မြင်သိခြင်းကို သိရအောင် စမ်းသပ်မှုကလေး တစ်ခုလုပ်ရအောင် "
"ကောင်းပါပြီ ကိုကို"
"ခု ညီညီ အလုပ်လုပ်တာကို ရပ်။ မျက်စိစုံမှိတ်ပြီး နေလိုက်။ ပြီးတာနဲ့ မျက်စိကို ရုတ်တရက်ဖွင့်ပြီး ရှေ့တူရူကို ကြည့်ရမယ်။ ပြီးတာနဲ့ ချက်ချင်း ပြန်မှိတ်လိုက်ရမယ်။ ဟုတ်ပြီလား။"
"ဟုတ်ကဲ့ကိုကို"
...
"ကိုင်း ညီညီ ခုန မျက်လုံးဖွင့်လိုက်တဲ့ အချိန်မှာ ဘာတွေမြင်လိုက်ရသလဲ။"
"တောစပ်ရယ် ပေါက်ပင်ရယ် ချေတစ်ကောင် ရယ်ကိုကို"
"ဒီလောက် ကာလတိုတိုလေးမှာ ဒီလောက်တောင် မြင်လိုက်သလား"
"မြင်လိုက်တယ် ကိုကို"
"ညီညီ ခုနက မျက်စိဖွင့်လိုက်တဲ့ ကာလဟာ ဘယ်နှစ်စက္ကန့်လောက် ကြာမယ် ထင်သလဲ"
"အလွန်ဆုံးကြာ တစ်စက္ကန့်ပေါ့ ကိုကိုရာ"
"အေး အဲဒီတစ်စက္ကန့်အတွင်းမှာ ချေတစ်ကောင်ရယ် ပေါက်ပင်ရယ် တောစပ်ရယ်ကို တကယ် မြင်ရတယ် မဟုတ်လား"
"ဟုတ်တယ် ကိုကို"
"ဒါဖြင့် ဒီချေတွေ ဘာတွေကို ညီညီက ဘယ်လိုလုပ် မြင်ရသလဲ ဇီဝဗေဒတို့ ဇီဝကမ္မဗေဒတို့က ဘယ်လိုရှင်းထားသလဲ ဆိုပါဦး"
"သြ အရာဝတ္ထုမှ လာတဲ့ အလင်းတန်းဟာ မျက်စိအတွင်းက Retina ကို ကျရောက်ပြီး မျက်စိအာရုံကြောက ဦးနှောက်ဆီ သတင်းပို့တယ်... ဦးနှောက်က ဘာပုံရိပ်လဲ ဆိုတာ ဆုံးဖြတ်ပေးတယ်.. အဲဒီလိုတော့ သင်ထားရတာပဲ..."
"အေး တို့ဖြင့် မြင်ရတော့သာ တစ်ချက်တည်းလို မြင်သိခြင်း ဖြစ်ပေါ်တယ်လို့ သာမန်သိလိုက်တာ မဟုတ်လား။ တကယ်တမ်းကျတော့ ဒီမြင်သိခြင်းတစ်ခု ဖြစ်ဖို့ ကြားထဲမှာ အသေးစိတ်ဖြစ်စဉ်တွေ မနည်းဘူး ဖြစ်ခဲ့ရတယ် မဟုတ်လားကွ။ ဘာတဲ့ အလင်းတန်းကလည်း ရက်တီနာပေါ် ကျရဦးမယ် ကျရင် လျှပ်စစ်ဗို့ဒ်အား ပြောင်းလဲမှုလေးတွေ ဖြစ်ပြီး အာရုံကြောဆဲလ်တစ်ခုကနေ တစ်ခုကို အဆင့်ဆင့် သတင်းပို့ရဦးမယ်။ အာရုံကြောဆဲလ် ဆိုတာကလည်း နည်းနည်းနောနောမှ မဟုတ်တာ။ ဒီတော့ တို့သတ်မှတ်ထားတဲ့ မြင်သိခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်ပျက်သွားတာတွေက အများကြီး ဆိုတာ ထင်ရှားတယ် မဟုတ်လားကွ...။"
"ဟုတ်ပါ့ ကိုကိုရာ..."
[ ဆက်ဖတ်ရန် +/- ]

"အေးလကွာ... ဒီသဘောတွေပါပဲ။ တို့သင်ရတဲ့ လောကဓာတ်ပညာက ရုပ်တရားကို လေ့လာပြီး အဲဒီလို အဲဒီလို အသေးစိတ် ဖြစ်စဉ်ကလေး ဖြစ်သွားတာကို ပြောထားတယ်။ တို့ ဘုရားကလည်း အဲဒီလိုပဲ တို့ဆိုလိုတဲ့ လူသာမန်တို့ရဲ့ မြင်သိခြင်းဆိုတာမျိုး ဖြစ်ဖို့ စိတ်ဖြစ်စဉ် အသေးစိတ် ကလေးတွေ ရှိတယ်။ အဲဒါကို ပြောထားတယ်။ အဲဒီစိတ်အစဉ်ကို ၀ီထိလို့ အမည်ပေးတယ်။ ဒါကို နားလည်တယ်မဟုတ်လား။"
"နားလည်ပါ့ဗျာ..."
"ဒါဖြင့် ၀ီထိ ဆိုတဲ့ စိတ်အစဉ်ကို ဖွဲ့စည်းထားတဲ့ စိတ်တစ်လုံးချင်းကို သံပေါက်လင်္ကာကလေး ဘုန်းကြီးသင်ပေးထားတာ ညီညီမှတ်မိတယ်မဟုတ်လား ။ ကိုကိုကတော့ ၀ီထိကို မီးရထားနဲ့ ပုံဖော်စဉ်းစားတယ်။ မီးရထားတွဲကလေးဆိုပါစို့... တွဲကလေး။ ဟုတ်ပြီနော်... တွဲတစ်တွဲချင်းဟာ စိတ်တစ်ခုစီပဲ။ အားလုံးကို ပေါင်းခေါ်တာက ၀ီထိ.. ဒီတော့ ၀ီထိတစ်ခုမှာပါတဲ့ စိတ်ကလေး တစ်လုံးချင်းရဲ့ လကာင်္လေးရှိပါရောလား ရွတ်စမ်းကွာ။"
"ဘ၀င်၊ဆင်ခြင်၊ မြင်ပြီးလျှင် ထို့ပြင်လက်ခံတုံ၊ စုံစမ်း၊ ဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ"
"အင်းဟုတ်ပြီ။ ပထမ၀ီထိမှာပါတဲ့ စိတ်တစ်လုံးချင်းကို ပြန်စဉ်းစား ကြရအောင်။ ဖြစ်စဉ်ကလေး ရောပေါ့လေ။ ကိုင်း စိတ်ဆိုတာ အာရုံတစ်ခုခုကို စွဲမှီပြီးမှ ဖြစ်တာ မဟုတ်လား။ အာရုံတစ်ခုခုကို မစွဲမမှီရဘဲ သူ့ချည်းတော့ ဖြစ်လေ့မရှိဘူးလေ။ စိတ်ဖြစ်တဲ့ အခါမှာလည်း စိတ်ကိုမှီပြီး စိတ်နဲ့အတူ တစ်အာရုံထဲ ယူကြတဲ့ စေတသိက်တွေ ဖြစ်သွားကြသေးတယ်။ စေတသိက် အကြောင်းကို နောက်မှ ဆွေးနွေးကြရအောင် နော့...။
မျက်စိထဲမှာ အကြည်ဓာတ်ကလေး ရှိတယ်။ အဲဒီအကြည်ဓာတ်ကလေးက မှန်နဲ့တူတယ်.။မှန်ဟာ သူနဲ့တည့်တည့် ရောက်လာသမျှ အရာဝတ္ထုတွေ၊ အဆင်းရုပ်တွေ သူ့အထဲမှာ ထင်လာကြတယ်၊ အဲဒါ အရိပ်ထင်နိုင်လောက်အောင် ကြည်လင်နေလို့ပဲ။ မျက်စိရှေ့မှောက် ရောက်လာတဲ့ အဆင်းရုပ်ကလေးဟာ အဲဒီအကြည်မှာ လာလာပြီးထင်တယ်။ ဒီလိုထင်ထင်ချင်း မြင်သိစိတ်ကလေးက မဖြစ်ဘူး။ ဒီနေရာမှာ မြင်သိစိတ်ဆိုတာ စက္ခုဝိဥာဏ်ကလေးကို ပြောတာနော်။ တို့ ခုနက စမ်းသပ်ခဲ့တဲ့ ၀ီထိတွေကို ခြုံပြီးသိရတဲ့ မြင်သိခြင်း ဆိုတာမဟုတ်ဘူး။
အင်း အဆင်းရုပ်ကလေး ထင်ထင်ချင်းတော့ စက္ခုဝိဥာဏ်လို့ခေါ်တဲ့ မြင်သိစိတ်က တန်းပြီးမဖြစ်နိုင်ဘူး။ ပထမဦးဆုံး ဘ၀င်စိတ်ကလေး တစ်လုံးဖြစ်တယ်။ ဒုတိယ ဘ၀င်စိတ်ကလေး တစ်လုံးထပ် ဖြစ်တယ်။ တတိယဘ၀င်စိတ်ကတော့ ဘ၀င်စိတ် အစဉ်အတန်းကို ဖြတ်ပစ်လိုက်တယ်။
ပြီးတော့မှ အိပ်ရာကနိုးလာသလို နိုးလာပြီး ဒါဘာလဲလို့ ၀ိုးဝါးဆင်ခြင်တဲ့ ဆင်ခြင်စိတ်ကလေး ဖြစ်လာတယ်။ ကောင်းတဲ့ အဆင်းလေးလား၊ ဆိုးတဲ့အဆင်းလေးလား ဒီလိုဆင်ခြင်တဲ့ စိတ်ကလေးပေါ့။ ပဉ္စဒွါရာဝဇ္ဇန်းလို့ခေါ်တယ်။
အဲဒီလိုဆင်ခြင်ပြီးတော့ မြင်သိစိတ် စက္ခုဝိညာဉ်စိတ်ကလေး ဖြစ်လာတယ်။ ဖြစ်တယ်သာ ပြောတယ်။ သူကတော့ ဘာအဆင်းရယ် ဘာရယ် သေသေချာချာ သိတာမဟုတ်သေးပါဘူး။ စိတ်တစ်ခုအနေနဲ့သာ ဖြစ်သွားတာ ပြောရပါတယ်။ တို့ လူသာမန်တွေသိသလို ချေတို့ တောစပ်တို့ ပေါက်ပင်တို့ ဒီလိုသိတာမျိုးအထိ မရောက်သေးဘူး။ ပရမတ်အာရုံကို ယူထားတဲ့ အတွက် မြင်ကာမတ္တ ကလေးမျှသာ ဖြစ်တယ်။ ဒိဋ္ဌေဒိဋ္ဌမတ္တံ ပေါ့လေ။ လှတာ မလှတာ။ ကောင်းတာ မကောင်းတာ၊ ယောကျာ်းပဲ မိန်းမပဲ ဆိုတာတွေ ဘာမှမသိဘူး။ မြင်သိတယ်လို့ ခေါ်နိုင်ယုံမျှပဲ။ ဒါကို သေသေချာချာ စဉ်းစားရမယ်။
ဒီိ့နောက်တော့ အဆင်းအာရုံကို လက်ခံယူထားတဲ့ စိတ်ကလေး ဖြစ်လာတယ်။ သူကလည်း ဘာမှ မသိသေးဘူး။ လက်ခံထားရုံပဲ။ လက်ခံပြီးမှ စုံစမ်းတဲ့ စိတ်ကလေး တစ်လုံးဖြစ်တယ်။ သူက ကောင်းလား မကောင်းဘူးလား စစ်ဆေးတဲ့ စိတ်ကလေးပဲ။ စစ်ဆေးတယ် ဆိုပေမဲ့ ကြာကြာ စစ်ဆေးနေတာတော့ မဟုတ်ဘူး။ ခဏလေး စစ်ဆေးပြီး ချုပ်ပျောက်သွားရတာပဲ။
သူပြီးတော့မှ ဒါကောင်းတယ် မကောင်းဘူး ဆုံးဖြတ်တဲ့ စိတ်ကလေး တစ်ကြိမ်ဖြစ်တယ်။ ၀ုဋ္ဌောပေါ့။ ၀ုဋ္ဌောက ဆုံးဖြတ်လိုက်ရင် ၀ုဋ္ဌော ဆုံးဖြတ်လိုက်သလို ဇောတွေက လျော်စွာကျလာတော့တယ်။ လျော်စွာဆိုတာက ၀ုဋ္ဌောက ဆုံးဖြတ်လိုက်တဲ့ အတိုင်း ကောင်းတယ်လို့ ဆုံးဖြတ်လိုက်ရင် ကောင်းတဲ့ ကုသိုလ်ဇောတွေ ဖြစ်လာတော့တယ်။ မကောင်းဘူးလို့ ဆုံးဖြတ်လိုက်ရင်လည်း မကောင်းတဲ့ အကုသိုလ်ဇောတွေ ဖြစ်လာတော့တယ်။
ဇောကတော့ ၇ နှစ်ကြိမ်လောက် ဖြစ်လေ့ရှိတယ်။ နောက်တော့ ဇောပြုတဲ့ အာရုံကိုပဲ အာရုံပြုပြီး တဒါရုံ ၂ ကြိမ်ကျရောက် ဖြစ်ပေါ်လာတယ်။ သူ့နောက်မှာ ဘ၀င်စိတ်တွေ ပြန်ဖြစ်လာပြန်တယ်။ ကိုင်း ဒါဟာ မြင်သိစိတ် ၀ီထိဖြစ်ပေါ်ပုံပဲ။ အဲဒီမြင်သိစိတ်ကလေး တစ်ဝီထိကလေးမှာ ဘ၀င် ၃ကြိမ်၊ ဆင်ခြင်စိတ်၊ မြင်သိစိတ်၊ လက်ခံစိတ်၊ စုံစမ်းစိတ်၊ ဆုံးဖြတ်စိတ် တွေတစ်ကြိမ်စီ ပေါင်း ၅ ကြိမ်၊ ဇော၇ ကြိမ်ခန့်ရယ်၊ တဒါရုံ၂ ကြိမ်ရယ် ပေါင်း ၁၇ ကြိမ်ဖြစ်တယ်။ ဒါကို စိတ္တက္ခဏ ၁၇ ချက်လို့ ခေါ်ကြတာပဲ။ ပထမ ၀ီထိပေါ့။
ဒီပထမ ၀ီထိပြီးရုံနဲ့တော့ တို့ခုနက စမ်းသပ်ပြီး သတ်မှတ်ထားတဲ့ မြင်သိခြင်း ဆိုတာ မရောက်နိုင်သေးဘူး။ တို့သတ်မှတ်ထားတဲ့ လူရိုးရိုးသာမန်ရဲ့ မြင်သိခြင်းဟာ မြင်လိုက်တာနဲ့ သစ်ပင်လား တောတောင်လား သတ္တ၀ါလား အကုန်လုံးတန်းသိသွားတဲ့ မြင်သိခြင်းပဲ။ အခု ပထမ ၀ီထိ မှာ ဖြစ်တဲ့ မြင်သိမှုကတော့ အလင်းတန်းက ရက်တီနာပေါ် ကျရုံလောက်အဆင့်ပဲ ရှိဦးမှာပဲ။ ဘာပုံရယ် ညာပုံရယ် ဘယ်သိဦးမှာလဲ။
ံ
အခုလို စက္ခုဝိဥာဏ်ပါတဲ့ ၀ီထိက တစ်ကြိမ်ဖြစ်သွားပြီးတော့ သူ့နောက်မှာ နောက်ထပ် ဆင်ခြင်တဲ့ ၀ီထိတွေကတော့ ထပ်ကာထပ်ကာ ဖြစ်တယ်။ နောက်ဖြစ်တဲ့ ၀ီထိတွေကတော့ ပထမ၀ီထိလို အစက ပြန်မစတော့ဘူး။ စုံစမ်းတဲ့စိတ်၊ ဆုံးဖြတ်တဲ့စိတ်၊ ဇောစိတ်၊ တဒါရုံစိတ်တွေပဲ ဖြစ်တော့တယ်။ ဒီလို ထပ်ခါထပ်ခါ ဖြစ်ချင်သလောက် ဖြစ်နေတော့တာပဲ။
ဒီတော့ မျက်စိက မြင်တယ်လို့ ဆိုလို့ရှိရင် အဆင်းရုပ်ကို အဦးအစ မြင်လိုက်ရတဲ့ မြင်ကာမတ္တအဆင့်က ပထမ တစ်ဝီထိ၊ နောက်စဉ်းစားဆင်ခြင်တဲ့ ၀ီထိက တစ်ဝီထိ၊ နောက် ဆင်ခြင်ရင်းနဲ့ သဏ္ဍာန်ဒြပ်ပေါ်တာက တစ်ဝီထိ၊ နောက်အမည်နာမ ပညတ်ပေါ်တာက တစ်ဝီထိ အဲဒီလို လေးဝီထိရောက်အောင် ဖြစ်ပြီးတော့မှ အကောင်အထည်နဲ့ တကွ အမည်နာမပါ ပေါ်လာတယ်တဲ့။
ကိုင်း စိတ်အစဉ်ဟာ သုံးဝီထိလောက်နဲ့ ရပ်နေရင် ခုလို ချေတို့ တောစပ်တို့ ရဲ့ အမည်နာမကို ဘယ်သိနိုင်တော့မလဲ။ အဲ..ပထမ ၂ ၀ီထိလောက်မှာ ရပ်သွားရင် သဏ္ဍာဒြပ်စသည်မပေါ်လာတော့ဘူးတဲ့။"
"သြော အဲဒီလောက်ထိတောင် မြတ်စွာဘုရားက သိသလား။"
"အေး မြတ်စွာဘုရားကလည်း သိတယ်။ တရားအားထုတ်တဲ့ ယောဂီများကလည်း မှန်းဆပြီးတော့ဖြင့် သိနိုင်တယ် လို့ ဆိုတယ်။"
"ဘယ်လိုသိနိုင်သလဲ ကိုကို လုပ်ပါဦး"
"တရားအားထုတ်ရင်း ဘင်္ဂဥာဏ်စတာကို ရောက်တဲ့ အခါမှာ ရှုမှတ်လိုက်တဲ့ အာရုံတွေဟာ သဏ္ဍာန်ဒြပ်စတာတွေ ပေါ်မလာနိုင်တော့ဘဲ တပျက်တည်း ပျက်နေသတဲ့။ ယောကျာ်းပဲ မိန်းမပဲ ဒီလောက်တောင် မခွဲခြားနိုင်တော့ဘဲ ပျက်တာတွေသာ မြင်နိုင်သတဲ့။ အဲဒါဟာ ၀ိပဿနာ ဇောစိတ်တွေက ၀ီထိတွေကို ဖြတ်ချလိုက်လို့ပဲ။ ၀ုဋ္ဌောနေရာလောက်ကနေ ၀ိပဿနာ ဇောတွေက ၂ ၀ီထိ ၃ ၀ီထိ လောက် အတွင်း ဖြတ်ချလိုက်တာပဲ။ ဒီလိုဖြစ်နေရင်တော့ သတိသမာဓိတွေ အားကောင်းတဲ့အတွက် ၀ီထိအစောပိုင်း အတွင်း ၀ိပဿနာဇောတွေ လျင်လျင်မြန်မြန်ရောက်ပြီး သိနေ..သိနေတယ်လို့ မှန်းဆပြီးတော့ဖြင့် နားလည်နိုင်တာပဲလို့ မဟာစည်ဆရာတော်ဘုရားက အမိန့်ရှိတယ်..ဒိဋ္ဌေဒိဋ္ဌမတ္တံဆိုတဲ့ မြင်ကာ မတ္တဆိုတာဟာ ဒီလေးဝီထိအတွင်းကို ပြောတာပဲ။"
"ဒါဖြင့် တရားရှုမှတ်မှုမရှိတဲ့ သာမန်လူဟာ မြင်ကာမတ္တမှာ ဘယ့်နှယ်လုပ်ရပ်နိုင်မလဲ ကိုကိုရ မြင်စရာရှိရင် ချေပဲဖြစ်ဖြစ် တောစပ်ပဲဖြစ်ဖြစ် ပေါက်ပင်ပဲဖြစ်ဖြစ် အကုန်လုံး မြင်သွားတော့မှာပေါ့"
"အမှန်ပဲ... မြင်ကာမတ္တမှာ ရပ်ဖို့ဆိုတာတော့ မလွယ်ဘူး။ မာလုကျပုတ္တသုတ္တန်ကိုတော့ ခြွင်းချက်ထားဦး။ နောက်မှ ထပ်ပြောကြမယ်။ သမာဓိအင်အား မရှိဘဲနဲ့ မြင်ကာမတ္တမှာ ရပ်ဖို့တော့ မဖြစ်နိုင်ဘူး"
"ဟုတ်ကဲ့ကိုကို..၊ ဒါနဲ့ ကိုကိုခုလို ပြောတာ ကြားရတော့ မမနွယ်မေးဖူးတာကို ညီညီသတိသွားရမိတယ်။ "
"အင်း.. နွယ်က ဘာပြောသလဲ"
"ဟိုတစ်လောက ညရုံလွှာမှာ မြပုဏ္ဏမာဆင်တုန်း ကပေါ့"
"ကဲ ညီညီ .. ဦးဖိုးစိန်ဇာတ်ကနေတာလည်းမဟုတ်.. နေမြင့်လာရင် လက်ပိုရှလာမယ်.. ခုတောင် တို့တော်တော် နောက်ကျနေပြီ ပြောစရာရှိလည်းပြော.. ၀ိ,လုပ်မနေနဲ့"
"သြော် မမနွယ်က ညီ့ကိုမေးတယ် . ညီညီ့ ကိုကိုဟာ ကြီးလာရင် ဘုန်းကြီးဝတ်ဖို့ အစီအစဉ်ရှိသလားဟင် တဲ့ .. ဗျ"
"သြော် နွယ်က ကိုကိုဘုန်းကြီးဝတ်ရင် ရဟန်းဒကာခံဖို့ ဖြစ်မှာပေါ့"
"ညီတော့ ဒီလိုမထင်ဘူးကိုကို.."
"ကဲကဲ ထင်တာတွေ မထင်တာတွေ အသာထား..ဒါတွေက ဘုံအနှမ်းက ယုံစတမ်းတွေပါ ညီညီ.. ခဏဖြစ်ဖြစ် ဖြတ်ထားလိုက်လို့လည်း နောက်မကျသွားပါဘူး.. အလုပ်လုပ်ကြစို့ရဲ့.. နောက် "လေးပေါ" လောက်ရိတ်ပြီးမှ စကားပြန်စကြရအောင်။ မဟုတ်ရင် ဆေးလိပ်လည်းတို နေလည်းညိုသွားမယ် ."