* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 9, 2009

ငါးရာနှစ်ဆယ်ရှစ်သွယ် မေတ္တာ

အချို့သူများသည် ချစ်ခြင်းမေတ္တာကို စကားစပ် ပြောဆိုရာ၌ အရေအတွက်အားဖြင့် ၁၅၀၀ နှင့် ၅၂၈-ကို နှိုင်းယှဉ်တတ်ကြသည်။ ထိုသူများသည် မေတ္တာ၏ အရင်းခံသဘောကို လေးနက်စွာ မစဉ်းစားဘဲ အယူအဆလွဲကာ တမျိုးတစားတည်း ထား၍ ပြောဆိုနေကြပုံရသည်။

စင်စစ်အားဖြင့် ထိုနှစ်မျိုးသည် အလွန်ကွဲပြား ခြားနားသည်။
၁၅၀၀-ဟူသည် ညစ်ညမ်းသော ကိလေသာတရားများပေါ်တွင် မူတည်၍ ရေတွက်ထားခြင်း ဖြစ်သည်။
၅၂၈-သည် သန့်ရှင်းစင်ကြယ်သော စိတ်ကောင်း စိတ်မြတ်ပေါ်တွင် မူတည်သည်။ မေတ္တာစိတ်ရှိသူ၏ မျက်နှာသည် လန်းဆန်းကြည်လင်၍ ကြည်ညိုလေးစားဖွယ်အသွင်ကို ဆောင်သည်။

မြတ်ဗုဒ္ဓသည် မေတ္တာပွားနည်းကို အသွယ်သွယ်ဖော်ပြ နည်းညွှန်ခဲ့ရာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်တွင် ဟောတော်မူခဲ့သော ငါးရာနှစ်ဆယ်ရှစ်သွယ်သော မေတ္တာသည်လည်း မေတ္တာပွားနည်း တနည်း ဖြစ်ပါသည်။

သတ္တ၀ါကို မည်သူမည်ဝါ ယောက်ျား-မိန်းမ စသည်ဖြင့် အထူးမရည်ညွှန်းဘဲ သာမညပို့သောမေတ္တာကို အနောဓိသ မေတ္တာ-ဟုခေါ်၏။
မိန်းမ နှင့်ယောက်ျားကို တကန့်စီ၊ အရိယာနှင့် ပုထုဇဉ်ကို တကန့်စီ၊ နတ်-လူနှင့် အပါယ်သတ္တ၀ါကို တကန့်စီ အထူးရည်ညွှန်းလျက် ပို့ရသောမေတ္တာကို သြဓိသ မေတ္တာ-ဟုခေါ်၏။

အနောဓိသ မေတ္တာ ၅-မျိုးမှာ-
(၁) သဗ္ဗေ သတ္တာ-အလုံးစုံသော သတ္တ၀ါတို့
(၂) သဗ္ဗေ ပါဏာ-အလုံးစုံသော အသက်ရှိသူတို့
(၃) သဗ္ဗေ ဘူတာ-အလုံးစုံသော ထင်ရှားဖြစ်သူတို့
(၄) သဗ္ဗေ ပုဂ္ဂလာ-အလုံးစုံသော ပုဂ္ဂိုလ်တို့
(၅) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ-ခန္ဓာကိုယ် အတ္တဘောရှိသူအားလုံးတို့

သြဓိသ မေတ္တာ ၇-မျိုးမှာ-
(၁) သဗ္ဗာ ဣတ္ထိယော-အလုံးစုံသော မိန်းမတို့
(၂) သဗ္ဗေ ပုရိသာ-အလုံးစုံသော ယောက်ျားတို့
(၃) သဗ္ဗေ အရိယာ-အလုံးစုံသော အရိယာတို့
(၄) သဗ္ဗေ အနရိယာ-အလုံးစုံသော ပုထုဇဉ်တို့
(၅) သဗ္ဗေ ဒေ၀ါ-အလုံးစုံသော နတ်တို့
(၆) သဗ္ဗေ မနုဿာ-အလုံးစုံသော လူတို့
(၇) သဗ္ဗေ ၀ိနိပါတိကာ-အလုံးစုံသော အပါယ်သတ္တ၀ါအပေါင်းတို့

ထိုနှစ်ခုပေါင်း ၁၂-ဦးကို မေတ္တာပို့ ၄-မျိုးနှင့် ဆက်စပ်ပြီး မေတ္တာပွားရသည်။
ယင်း ၄-မျိုးမှာ-
(၁) အဝေရာ ဟောန္တု-ဘေးရန် ကင်းကြပါစေ
(၂) အဗျာပဇ္ဇာ ဟောန္တု-စိတ်ဆင်းရဲ ကင်းကြပါစေ
(၃) အနီဃာ ဟောန္တု-ကိုယ်ဆင်းရဲ ကင်းကြပါစေ
(၄) သုခီအတ္တာနံ ပရိဟရန္တု-ချမ်းသာစွာ မိမိခန္ဓာဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။

အနောဓိသ သြဓိသ ၁၂-မျိုးကို မေတ္တာပို့ အခြင်းအရာ ၄-မျိုးနှင့် မြှောက်ပွားပါက မူလအခြေခံ မေတ္တာ ၁၂-၄=၄၈ မျိုးရ၏။
ယင်း ၄၈-မျိုးကို အရပ် ၁၀-မျက်နှာဖြင့် မြှောက်လျှင် ၄၈-၁၀=၄၈၀ ရသည်။
ယင်း ၄၈၀ ကို အရပ်မျက်နှာဖြင့် ပိုင်းခြားပြီး ပွားများရသော မေတ္တာဖြစ်ခြင်းကြောင့် ဒိသာဖရဏမေတ္တာ-ဟု ခေါ်သည်။
ဤ ၄၈၀-ကို အထက်တွင် ပြခဲ့သော အရပ်မျက်နှာမထည့်ဘဲ ပွားများရသောမေတ္တာ ၄၈-ပါးနှင့် ပေါင်းလျှင်
( ၄၈၀+၄၈=၅၂၈ ) ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာ ဖြစ်သည်။

ဤပွားနည်းကို ကြည့်ပါက အလွန်စင်ကြယ်သောစိတ်ဓာတ် ဖြန့်ကြက်လွှမ်းခြုံထားပုံကို အထင်အရှား တွေ့မြင်နိုင်ပါသည်။

ကိလေသာ ၁၀-ပါးကို အခြေခံထားသော ၁၅၀၀-နှင့် ၅၂၈ ကွားခြားပုံကို သတိပြုတော်မူနိုင်ကြပါစေ။ စစ်မှန်သော မေတ္တာတရား ပွားများနိုင်ကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP