* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, July 12, 2009

သုခရှာသော်လည်း ဒုက္ခတွေ့ကြသူများ

လူတွေဟာတကယ်တော့ မိုးလင်းက မိုးချုပ်အလုပ်လုပ်နေကြတာဟာ ချမ်းသာရှာနေကြတာပါ။ ရှာရင်းရှာရင်း သုခမရပဲ ဒုက္ခနဲ့သာ ရင်ဆိုင်နေရပါတယ်။ ပညာတက်တွေသာပြောပါတယ် တကယ်တော့ စဉ်းစားဥာဏ် အင်မတန်နည်းကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာကိုလည်း မစဉ်းစားမဆင်ခြင်ကြပါဘူး။ ကိုယ်လိုချင်တာ ကိုယ်လုပ်တာတွေသာအာသာတငမ်းငမ်း စွတ်တရွတ် လိုက်နေကြတာပါ။တကယ်တော့ ခေတ်ပညာတက်ဆိုတဲ့ လူတွေလဲ အကြောင်းအကျိုးကိုတော့သင်ခန်းစာတွေမှာ သင်ခဲ့ကြပေမဲ့ နားမလည်ကြပါဘူး။ တကယ်တော့ လူတော်တော်များများဟာ တက်ရောင်ကားလုပ်နေကြတာပါနော်။ နားလည်သလိုလိုနဲ့ နားမလည်ကြပါဘူး။ ကျွန်တော်ကတော့ လူတွေသုခရှာပြီး ဒုက္ခတွေ့တဲ့ အကြောင်းလေး ကိုတင်ပြချင်ပါတယ်။ အသိရှိတဲ့ လူတွေ စဉ်းစားစရာလေး တစ်ခုဖြစ်အောင်ပါ။ အသိမဲ့ပြီး ငါမှငါလုပ်နေတဲ့ လူအန္ဓတွေကတော့ အောက်အ၀ီစိ သောင်းအငူမှာ ခေါင်းမပြူစတမ်းပေါ့လေ။အခုပြောမှာက အကြောင်းအကျိုးတရားလေးပါ။ ဒီသဘောလေးကို နားလည်ရင်ကိုပဲ သုခကို ခြေရာခံမိမှာပါ။ တကယ်တော့ ဒီလောကမှာ ကိုယ်ရင်းတာ ကိုယ်ရတာပါ။ သုခရှာတယ်တဲ့။ ဒါဆိုဘာတွေရင်နှီးပြီး ရှာတာလဲ ကြည့်ကြရအောင်။ အခုလူတွေ နိုင်ငံရပ်ခြား တွေမှာအလုပ် လုပ်နေကြတယ်။ ကိုယ့်မြေကိုယ့်ရေမှာ အလုပ်လုပ်ကြတယ်။ ဘာအတွက်လဲ။ သုခ လိုချင်ကြလို့ပါ။ ဒါပေမဲ့ သူတို့တွေရင်နှီးတာက လောဘဇောတွေ ဒေါသတွေ မောဟတွေလေ။ ဒီတော့ ကိုယ်ရင်းနှီးတာ ကိုယ်ရမှာပဲလေ။ ဒီမျိုးစေ့စိုက်ပြီးမှတော့ ဒီအသီး မစားချင်ဘူး ဆိုရင်တော့ ရူးလို့ပေါ့။ ဒီလိုလူရူးတွေအများကြီးပါ ဒီလောကမှာ။ ကိုယ့်အတ္တနဲ့ကိုယ် ကိုယ်ထင်ရာပဲ ကိုယ်အမှန်လုပ်ပြီး ဒီသဘောတရားတွေကို မျက်ကွယ်ပြုနေ ကြတာပါနော်။ သူတို့လိုချင် သူတို့ရချင်တဲ့ သုခဟာ တကယ်တော့ သုခမဟုတ်ပါဘူး။ သုခအရေချုံထားတဲ့ ဒုက္ခပါ။ တကယ့်သုခက မဖောက်မပြန် မှန်ကန်ရပါ့မယ်။ လူမျိုးမရွေး အချိန်မရွေး နေရာမရွေး မှန်ကန်ရပါ့မယ်။


ပိုက်ဆံရှိတာ သုခလို့ ယူတယ်ဆိုပါတော့ ဒါဆို ကင်ဆာရောဂါသည် လူချမ်းသာအတွက်ကြတော့ သုခဖြစ်ပါ အုန်းမလား။ AIDS ဖြစ်နေတဲ့သူအတွက် ပိုက်ဆံတွေဟာ သုခဖြစ်ပါအုန်းမလား။ တကယ့်အမှန်တရားက အဲလိုဖောက်ပြန်တဲ့ သဘောမှ ကင်းရပါတယ်။ တကယ်တော့ လူအများသိတဲ့ ဒီသုခလို သုခတွေဟာ သိုးရေချုံတဲ့ ၀ံပုလွေတွေပါ။ အရေချုံတာကို အစစ်ထင်နေသမျှတော့ ဘယ်တော့မှ သုခတွေ့မှာ မဟုတ်ပါဘူး။ လူအများစုဟာ ဒီလမ်းမှာပဲတွေ့နိုးတွေ့နိုး ရှာရင်း အသေဆိုးနဲ့ သေကြရတာပါ။ မျက်စိရှေ့မှာ ဒီလို သေသွားပြီး သက်သေပြတဲ့ လူသေကောင်ပေါင်းလဲ မနည်းတော့ပါဘူး။ ဒါပေမဲ့ ဒီအမှန်တရားတွေကိုပဲ မျက်ကွယ်ပြုနေ ကြစဲပါပဲ။ တစ်ချို့ကြတော့လည်း သိုးရေချုံထားတယ် ဆိုတာတော့ သိပါရဲ့။ ဒါပေမဲ့ စစ်မှန်တဲ့ ရင်းနှီးမှုကို မပြုလုပ်နိုင်ကြပါဘူး။ ဒီလိုလူတွေ ပြောတဲ့ စကားတွေကတော့ “မှန်တော့မှန်ပါတယ် မလုပ်နိုင် သေးတာက ခက်တယ် ၊ အလုပ်လေးတွေက ရှုပ်နေလို့ပါ၊ လုပ်ဖြစ်မှာပါ အခုတော့ အလုပ်လေးတွေက ရှိနေသေးလို့”။ တကယ်တော့ ဒီစကားတွေဟာလည်း အရေချုံ စကားတွေပါပဲ။ နောက်ဆုံးတော့ ဒီလိုလူတွေလဲ ဒီဘူတာမှာပဲ ဆိုက်ကြရတာပါ။ သူတို့အထင်မှာ တရားဟာ အေးအေးဆေးဆေး ရှာရမဲ့အရာ ဆိတ်ငြိမ်ရာမှာ ရှာရတယ်ဆိုတဲ့ အရေချုံအစွဲက စွဲလွန်းနေတာပါ။ တကယ်တော့ လူတော်တော်များများဟာ ကိုယ့်အစွဲကြောင့် ကိုယ်ဒုက္ခရနေကြတာပါ။ ဘုရားက ဟောပြီးသားလေ တကယ်ရှိနေတာဟာ စိတ် ၊စေတသိက်၊ ရုပ် ၊နိဗ္ဗာန်ပဲ ရှိတာပါတဲ့။ ဒီသဘောကို နားမလည်လို့သာ လိုက်ရှာနေတာပါ။ တကယ်တော့ ပရမတ်တရားတွေသာ ဖြစ်နေတာပါ။ ကိုယ့်အတ္တက ဦးစီးနေတော့ အမှန်ကို အမှန်အတိုင်း မမြင်နိုင်ဖြစ်နေတာပါ။ လူတွေဟာ တရားကို လေဘယ်မလဲ ရှာတာနဲ့တူနေပါတယ်။ တရားကလဲဒီသဘောပါ။ တရားဘယ်မလဲ အေးငြိမ်းရာ ဘယ်မလဲ ရှာနေတာကိုက တရားသဘောတွေပါပဲ။


ကျွန်တော်ဟာ အရင်က ဒီစာကြောင်းလေး နှစ်ကြောင်းကို တူတယ်လို့ပဲ ထင်ခဲ့ပါတယ်။ ” everything is nothing” နဲ့ “ nothing is everything”။ ပထမ သဘောတရား ကတော့ လူတော်တော်များများ တရားကိုနားလည်တဲ့ သဘောတရားပါ။ အရာရာဟာ ဘာမှမဟုတ်ပါ ဘူးတဲ့။ ဆိုလိုတာက အရာရာဟာ ဖြစ်ယုံပဲ ၊ ဖြစ်ပြီးပျက်တာလေးပဲရှိတယ် ဒီလိုပြောတာပါ။ နောက်တစ်မျိုး ကတော့ ဘာမှမဟုတ်တာပဲရှိတယ်။ အရာရာဆိုတာကို မရှိဘူး။ ဖြစ်နေတာလေးတွေ ကိုက တစ်ခုခုပါလို့ကို သတ်မှတ်လို့ မရနိုင်ဘူးလို့ ဆိုလိုတာပါ။ အရာရာဟာ nothing လို့သိတဲ့အသိဟာ မလေးနက်သေး ပါဘူးနော်။ ဒါပေမဲ့ လမ်းကြောင်းပေါ်တော့ ရောက်နေပါပြီ။ ဒီတော့ ဒီသဘောတရား ဒီအသိတွေကိုသာ နားလည်ထားပြီး လောဘ ဒေါသ မောဟ ကင်းတဲ့အလုပ်လေးတွေ လုပ်ပြီး အရင်းအနှီး ပြုကြပါလို့။ ဒါမှ တကယ့်သုခကိုရမယ် ဆိုတာလေးကို အကြံပြုလိုက်ပါတယ်။

သိင်္ခ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP