* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, July 12, 2009

အမ မသစ္စာအလင်း အတွက် Belated Birthday Present

PDCA ဖြင့် နေ့ စဉ်ဘ၀ကို ချည်းကပ်ကြည့်ခြင်း

အမရေ...

အမအတွက် မွေးနေ့ အမှတ်တရအဖြစ် ရေးမယ့်အကြောင်းအရာလေး မစခင် အမကို ကျွန်တော့်ရဲ့  နောက်ကျမှုအတွက် အလျင် တောင်းပန်ပါတယ်။ ဒီရက်ပိုင်းထဲ အမရဲ့ မွေးနေ့ ရှိတယ်လို့ တခါက အမ ပြောဖူးလို့ မှတ်ထားလိုက်ပေမယ့် ကိုယ့်ဟာကို အလုပ်တွေရှုပ်နေတာနှင့်ဘဲ သတိမထားလိုက်မိဘူး။ မနေ့ က အီးမေးလ်စစ်တော့မှဘဲ အမမွေးနေ့ ရောက်နေမှန်းသိရတော့တယ်။ ကျွန်တော့်ရဲ့ သတိပေါ့လျော့မှုအတွက် တောင်းပန်ပါတယ်။

အမအတွက် မောင်နှမတွေ ၀ိုင်းပြီး ဆုတောင်းပေးကြ၊ အမှတ်တရ ရေးပေးကြတာတွေ ဖတ်ကြည့်လိုက်ပါတယ်။ အားလုံးက လိုလေသေးမရှိအောင် ထောင့်စေ့အောင် ရေးထားကြတော့ ကျွန်တော်အတွက် ရေးဖို့ တောင် မကျန်တော့ပါဘူး။ နောက်ပြီး အမကိုယ်တိုင်ကလည်း အသိဉာဏ်ပိုင်းရော၊ စိတ်နေသဘောထားပိုင်းမှာပါ လောကီ၊ လောကုတ် အဘက်ဘက်က ပြည့်စုံနေသူတစ်ယောက်ဖြစ်နေတော့ ကျွန်တော်က ဘယ်လို ၀င်ပြီး နှမ်းဖြူးရမလဲ ဆိုတာ တော်တော်ဦးနှောက်စားရပါတယ်။ တရားဓမ္မနှင့် ပတ်သတ်တာတွေရေးဖို့ ကျတော့လည်း တော်တော်များများက အမလည်း သိပြီးသားတွေကြီးဘဲ ဖြစ်နေတော့ တကယ်ကို ဘာရေးရမလဲ မသိတော့ပါဘူး။

အမမွေးနေ့ အတွက် ရေးစရာစဉ်းစားရင်း ခေါင်းထဲကို မဆီမဆိုင် ဖတ်ဖူးထားတဲ့ စီမံခန့် ခွဲမှု နှင့် ပတ်သတ်တဲ့ အကြောင်းအရာတွေထဲက ခေါင်းစဉ်တစ်ခုဝင်လာပါတယ်။ အကြောင်းအရာကတော့ လုပ်ငန်းတွေမှာ အသုံးပြုတဲ့ Problem Solving Process တစ်ခုပါ။ ဒါပေမယ့် အဲဒီ Process ကို လက်တွေ့ ဘ၀ထဲမှာ ချသုံးကြည့်လို့ လည်း အသုံးတည့်တာကို တွေ့ ရပါတယ်။ နောက်ပြီး တရားဓမ္မကျင့်သုံးမှုဘက်မှာလည်း ချသုံးကြည့်လို့ ရတာကို တွေ့ ရပါတယ်။ Process ခေါင်းစဉ်က PDCA Cycle ပါ။ အမ သိရင်တောင် သိနေမယ်ထင်ပါတယ်။


File:PDCA Cycle.svg

PDCA (Plan, Do, Check, Act) Cycle ဟာ အဆင့်လေးဆင့်ပါတဲ့ အပြန်အလှန်သုံးလို့ ရတဲ့ ပြဿနာဖြေရှင်းနည်း တစ်ခုပါ။ သူ့ ကို ဖော်ထုတ်ခဲ့တဲ့သူက Dr. W. Edwards Deming ဆိုတဲ့သူဖြစ်ပါတယ်။

ဒီနည်းကို အကျဉ်းချုံးပြီး ပြောရရင်တော့ ကိစ္စတစ်ခုကို ဖြေရှင်းဆောင်ရွက်ဖို့ အတွက် အရင်ဦးဆုံး Plan (ပြင်ဆင်ခြင်း) လုပ်ရပါမယ်။ အဲဒီအဆင့်မှာ ရည်ရွယ်ချက်ကို သတ်မှတ်ရမယ်။ နောက်ဒီရည်ရွယ်ချက်ကို ရရှိပြီးမြောက်ဖို့ အတွက် လိုအပ်ချက်တွေကို ရှာဖွေစုဆောင်းရမယ် ပြီးတော့ ရည်ရွယ်ချက်ကို ရောက်အောင်သွားဖို့  နည်းလမ်းကို သတ်မှတ်ရမယ်လို့ ဆိုပါတယ်။

ဒုတိယအဆင့်ကတော့ Do ပေါ့။ စပြီး အကောင်အထည်ဖော်တဲ့အဆင့်ပါ။ ဒီအဆင့်မှာ ကိုယ်နိုင်သလောက်ကနေစပြီး တဖြည်းဖြည်း ပုံဖော်လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

တတိယအဆင့်ကတော့ Check ပါ။ မိမိလုပ်ထားပြီးသလောက် အတိုင်းအတာကို ပြန်လည် စစ်ဆေးခြင်းပါဘဲ။ မိမိချမှတ်ခဲ့တဲ့ ရည်ရွယ်ချက်ပန်းတိုင်နှင့် ယခုလက်ရှိရောက်ရှိနေတဲ့ အနေအထား ကိုက်ညီမှန်ကန်မှုရှိမရှိ၊ လမ်းလွဲမှုတွေ လိုအပ်ချက်တွေ ရှိမရှိ ပြန်လည် စစ်ဆေးရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ Deming က Check အစား Study ဆိုတဲ့ အသုံးအနှုန်းက ပိုသင့်လျော်တယ်လို့  ဆိုချင်တဲ့ပုံ ရှိခဲ့ပါတယ်။

နောက်ဆုံးအဆင့်ကတော့ Act ပါဘဲ။ ဒီအဆင့်ကတော့ တကယ်လို့ Check အဆင့်မှာ တွေ့ ရှိလိုက်တဲ့ မိမိရဲ့ လိုအပ်ချက်တွေ၊ လမ်းလွှဲနေမှုတွေ နှင့် တခါတလေ မိမိချမှတ်ခဲ့တဲ့ ပန်းတိုင်နှင့် လုပ်ဆောင်မိလိုက်တာနှင့် လုံးလုံးလွဲချော်သွားတာမျိုးတွေ တွေ့ လာခဲ့မယ်ဆိုရင် ပြန်လည်ပြင်ဆင် အသစ်ပြုပြင်ပြောင်းလဲရမယ့် နေရာဖြစ်ပါတယ်။

အဆင့်လေးဆင့်လုံး ပြီးတဲ့အချိန်မှာ မိမိရည်မှန်းထားတဲ့ ပန်းတိုင်ဆီရောက်ဖို့ အတွက် ဘာတိုးတက်မှုမှ ရှိမလာခဲ့ရင် မိမိရွေးချယ်ထားတဲ့ နည်းလမ်းကို အသစ်ပြင်ဆင်သတ်မှတ်ပြီး မူလစက်ဝိုင်းကို နောက်ထပ်တစ်ခါ ပြန်စရပါမယ်။ ဒါမှမဟုတ် ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်ခဲ့ရင်တော့ နောက်ထပ်တစ်ခါ ရည်မှန်းချက်အသစ်တစ်ခု ထပ်မံချမှတ်ပြီး စက်ဝိုင်းကို ပြန်စရပါမယ်။ ဒီလိုနှင့် ဒီ Cycle ဟာ တောက်လျောက်လည်ပတ်ပါလိမ့်မယ်။

အမရေ... ဒီလောက်ဆိုရင်တော့ ဒီ စက်ဝိုင်းရဲ့ သဘောတရားကို အမ ကောင်းကောင်း နားလည်အသုံးချတတ်သွားလောက်မယ်
ထင်ပါတယ်။

ကျွန်တော်တို့ တွေရဲ့ လက်ရှိဘ၀မှာလည်း ရည်မှန်းချက်တွေအတွက် Problem Solving တွေ အမြဲလုပ်နေကြရတာပါဘဲ။ ကိုယ်သတိမထားမိပေမယ့် ဒီ Cycle လေးကို သုံးမိသလို ဖြစ်နေတာ အမ သတိထားမိလိမ့်မယ် ထင်ပါတယ်။

တရားအားထုတ်မယ့် ယောဂီတစ်ယောက်အတွက်ဆိုရင်လည်း ဒီစက်ဝိုင်းကို အသုံးချမယ်ဆိုပါတော့။ တရားအားမထုတ်ခင် မိမိရဲ့  တရားအားထုတ်ရတဲ့ ရည်မှန်းချက်ကို သတ်မှတ်၊ အားထုတ်မယ့်နည်းကို သတ်မှတ်၊ တရားအားထုတ်ဖို့ ရန်အတွက် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပြင်ဆင်၊ လိုအပ်တဲ့ ဆရာသမား၊ မိတ်ဆွေ၊ နေရာဒေသ၊ အချိန်ကာလ အစရှိသဖြင့် ပြင်ဆင်သတ်မှတ်ခြင်းကို Plan လုပ်တယ်လို့  ပြောလို့ ရမယ် ထင်ပါတယ်။

ဒုတိယ Do ကတော့ တရားကိုကြိုးစား အားထုတ်တဲ့ ကာလ ဖြစ်ပြီပေါ့။

တရားအားထုတ်လို့  မိမိသတ်မှတ်ထားတဲ့ ကာလတစ်ခု သို့ မဟုတ် အသိဉာဏ်အနေအထားတစ်ခုကို ရောက်လောက်တဲ့အချိန်မှာ မိမိကိုယ်ကို ပြန်လည် စိစစ်ဆင်ခြင်ကြည့်ပြီး မိမိ ရည်မှန်းသလောက် ခရီးပေါက်ခဲ့ရဲ့ လား၊ မိမိအားထုတ်ခဲ့တာ နည်းလမ်းစနစ်ကျ မှန်ကန်ပါရဲ့ လား၊ တကယ် တရားတိုးတက်မှုရှိပါရဲ့ လား၊ ဘာတွေကို သိခဲ့ပြီး ဘာတွေကို မသိသေးဘူးလဲ၊ နောက်ထပ် ဘာဆက်လုပ်ဖို့ ကျန်သေးလဲလို့ သုံးသပ်တဲ့အပိုင်းကို Check (or) Study လုပ်တဲ့ နေရာလို့ ဆိုလို့ ရပါတယ်။

နောက်ဆုံးအနေနှင့် တကယ်လို့ မိမိရဲ့ တရားအသိက ရည်မှန်းထားသလောက် ခရီးမပေါက်သေးတာများတွေ့ ခဲ့ရင် ဘာတွေ လိုအပ်သလဲ၊ ဘာတွေမှားနေလဲဆိုတာကို ပြန်လည် ဝေဖန်ချိန်ဆပြီး သင့်လျော်တဲ့ နည်းလမ်း၊ သင့်လျော်တဲ့ ဆရာသမား၊ မိတ်ဆွေများနှင့် ပြင်ဆင်ညှိနှိုင်းပြီး Cycle ကို အသစ်တစ်ဖန် ပြန်စရမှာဖြစ်ပါတယ်။ အဲဒါကတော့ Act ပေါ့နော်။ တကယ်လို့ များ မှန်းထားတဲ့ခရီး ပေါက်ခဲ့ရင်တော့လည်း နောက်ထပ်၊ နောက်ထပ်သော ပန်းတိုင်အသစ်များကို ချမှတ်လို့  ခရီးစဉ်အသစ်ကို စက်ဝိုင်းအသစ်နှင့် ပြန်စကြတာပေါ့။

ကဲ...အမရေ။ ကျွန်တော်တော့ ခေါင်းထဲပေါ်တာတွေ ချရေးလိုက်ပြီ။ ဒီ Cycle လေးက ကျွန်တော်တို့ ရဲ့ နေ့ စဉ်ဘ၀အတွက်ရော၊ ဓမ္မခရီးလမ်းအတွက်ပါ အသုံးတည့်လိမ့်မယ်လို့ ထင်လို့  အမကို မွေးနေ့ လက်ဆောင် အဖြစ် ပေးလိုက်ပါတယ်။ ဒါလေးနှင့်ဘဲ အမ ကျေနပ်နှစ်သိမ့်ပေးပါလို့  တောင်းပန်ချင်ပါတယ်။

ကျွန်တော့်ရဲ့  နောက်ကျမွေးနေ့ လက်ဆောင်အတွက်လည်း ခွင့်လွှတ်ပေးပါလို့ ......

အမ အသက်ရှည်ကျန်းမာချမ်းသာစွာဖြင့် သာသနာတော်နှင့် လောကသားတို့ ရဲ့ အကျိုးစီးပွားကို တိုးလို့ ဆောင်ရွက်နိုင်သူ ဖြစ်ပါစေ။
အမချစ်သော မိသားစုများ၊ သူငယ်ချင်မိတ်ဆွေများနှင့်လည်း အသက်ထက်ဆုံး အေးချမ်းပျော်ရွှင်စွာ အတူတကွ နေထိုင်နိုင်ပါစေ။
အမ အသက်ရာကျော်ရှည်၍ ဗုဒ္ဓအလိုကျ အရည်အသွေးပြည့်ဝသော ဘ၀ကို တည်ဆောက်ပိုင်ဆိုင်နိုင်သူ ဖြစ်ပါစေ။


မောင်ငယ်
Bliss
(၀ိမုတ္တိသုခ)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP