* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 2, 2009

လူဝင်စားခြင်းကိ သိပ္ပံနည်းကျလက်ခံခြင်း(၅)

လူဝင်စားခြင်းသဘာဝဖြစ်စဉ်


လူဝင်စားခြင်းဟာ အလွန်ရှေးကျတဲ့ ယုံကြည်မှုဖြစ်ပြီးတော့ ကမ္ဘာ့လူဦးရေရဲ့ အများစုက အဲဒါကို ယုံကြည်ကြတယ်။ ဥပမာအားဖြင့် ဒေးကား (Rene Descartes' ) ရဲ့ ၁၆၄၁ ခုနှစ်က ထုတ်ပြန်ချက်ဖြစ်တဲ့ "စိတ်ဟာ ခန္ဓာကိုယ်ပျက်ဆီးပြီးနောက် ချုပ်ပျောက်မသွားဘူးဆိုတာတွေ၊ သေပြီးနောက် ဘ၀သစ်ဖြစ်ဖို့ မျှော်လင့်ချက်ရှိတယ် ဆိုတာတွေကို ဖော်ပြဖို့ ကျုပ်စကားတွေက လုံလောက်ပါတယ်။ " ဆိုတဲ့စကားက သူ့ရဲ့ လူဝင်စားခြင်းအပေါ် ယုံကြည်မှုကို သက်သေပြတယ်။ အနောက်ကမ္ဘာမှာ လူဝင်စားခြင်းကိုရှောင်ကြဉ်ထားတဲ့ ဘာသာတွေထဲက လူ ၂၀ရာခိုင်နှုန်းဟာ ဘာပဲဖြစ်ဖြစ် လူဝင်စားခြင်းကို ယုံတယ်။ ထင်မြင်ချက် မဲဆန္ဒကောက်ယူမှုအရ ဒီရာခိုင်နှုန်းဟာ တိုးတက်လို့လာတာတွေ့ရတယ်။

ဒါကြောင့် လူဝင်စားခြင်းသဘာဝဖြစ်စဉ်ဟာ အကျွမ်းဝင်ပြီးသားဖြစ်ပြီးတော့ အဆင့် a နဲ့ b တို့ ဟာ အဲဒီမှာတင် ပါသွားပြီ။ ဒါကြောင့် လူဝင်စားခြင်းကို သိပ္ပံနည်းကျ လက်ခံခြင်းကို စမ်းသပ်ရာမှာ အထက်က သိပ္ပံနည်းကျ လုပ်ငန်းစဉ်တွေထဲက နောက်ဆုံးနှစ်ဆင့်ကို ဖြတ်သန်းရမယ်။ ဒါကို အောင်မြင်အောင် လုပ်နိုင်ရင် အခြားသော မော်ဒန်သိပ္ပံသီဝရီကို သက်သေပြသလိုပဲ လူဝင်စားခြင်းကို သက်သေပြပြီးဖြစ်မယ်။

ပြန်လည်မွေးဖွားခြင်း ဆိုတာကို ကာလတို သို့မဟုတ် ကာလရှည်အတွင်း လူတစ်ဦးရဲ့ နာမ်တရားက ခန္ဓာအသစ်မှာ ပြန်လည်ဖွဲ့တည်ပြီး ဘ၀သစ်ဖြစ်ခြင်း လို့ ဖွင့်ဆိုနိုင်ပါတယ်။ အဲဒီကာလမှာ အနည်းနဲ့အများဆိုသလို အတိတ်က အကြောင်းအရာ တွေကို မေ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အတိတ်ဘ၀ အကြောင်းတရားရဲ့ အနှစ်ချုပ်ကလေး ကတော့ ပါဝင်နေပါတယ်။ ဒီအနှစ်သာရကလေးဟာ သူ့ရဲ့ စရိုက်လက္ခဏာနဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ဆောင်ပါမယ်။[ ဆက်ဖတ်ရန် +/- ]

ဒါကြောင့် ကမ္ဘာမြေကို ရောက်လာကြတဲ့ မွေးကင်းစကလေးဟာ ကမ္ဘာသစ်ရဲ့ မှတ်တမ်းကိုတင်မဲ့ ဗလာကျောက်သင်ပုန်းလေး တစ်ချပ် မဟုတ်ပါ။ ဘိုးဘေးပိုင် သမိုင်းတွေ ရေးမှတ်ထားတဲ့ သင်ပုန်းတစ်ချပ်ရယ်ပါ။ အချို့က ပစ္စုပ္ပန်က ရှုခင်းတွေကို သဘောကျမယ်။ အများစုကတော့ သဘောမကျဘဲ မကြာမတင်ခင်က အတိတ်ကို ပြန်လည်ခြေဆန့်ကြတာ ဖြစ်ပါတယ်။

လူဝင်စားခြင်းဟာ အရေးအကြီးဆုံး ကိစ္စဖြစ်သလို သာမန် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် တွေအတွက် အလွန်သိမ်မွေ့ပြီး လက်လှမ်းမမီတဲ့ ကိစ္စလည်း ဖြစ်တယ်။ ရာဇ၀တ်မှု စာရင်းဇယားတွေအရ ပြစ်မှုစီရင်ခံရတဲ့ လူတွေထဲမှာ လူဝင်စားခြင်းကို ယုံကြည်သူက အခြားလူတွေထက် ပိုနည်းပါးတယ်လို့ သိရတယ်။ သိပ္ပံနည်းကျသာ လက်ခံကြပြီဆိုရင် လူဝင်စားခြင်းဟာ ၂၁ ရာစု လူ့အမှတ်အသားကို သတ်မှတ်တဲ့ လက်ဝါးကပ် တိုင်ကလေး ဖြစ်လို့နေလိမ့်မယ်။


xxx
လူဝင်စားခြင်းကိုသိပ္ပံနည်းကျ စမ်းသပ်ခြင်း

ဖြစ်နိုင်ချေ နှစ်ခု ရှိပါတယ်။ လူဝင်စားခြင်းမရှိတာနဲ့ လူဝင်စားခြင်းရှိတာ ။ လူသားကို ရုပ်ပိုင်းနဲ့ နာမ်ပိုင်းဆိုပြီး ဖွဲ့စည်းထားတယ်။ ခန္ဓာကိုယ်ကြီးက ရုပ်ပိုင်း။ ဒါကို ကောင်းကောင်း နားလည်ကြတယ်။ ဒါဟာ ရှေးရိုးသိပ္ပံရဲ့ ရုပ်ပိုင်း(Res Extensa) ဆိုတာထဲမှာ ပါတယ်။ သိပ္ပံပညာရှင်တွေက ရုပ်ပိုင်းကို ကောင်းကောင်း စူးစမ်းထားကြတယ်။ နာမ်ပိုင်းကိုတော့ သိပ္ပံပညာရှင်တွေက မစူးစမ်းရသေးဘူး။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ ရှေးရိုးသိပ္ပံရဲ့ နာမ်ပိုင်း (Res Cogitans) အတွင်းမှာ ရှိလို့ ဖြစ်တယ်။ ဆေးပညာမှာတောင်မှ စောစောပိုင်း ဆရာဝန်တွေဆိုရင် သာမန်ကာလျှံကာ ဖျားတာနာတာ လောက်ကိုတောင်မှ ရုပ်ဝတ္ထုတွေ ဖောက်ပြန်လို့ ဖြစ်ရတာလို့ ယုံကြည်ခဲ့ကြတာကလား။ အနောက်တိုင်း ဆေးပညာထဲက စိတ်ရောဂါ ဘာသာရပ်ဟာ မကြာခင်ကမှ ပေါ်လာခဲ့တာ ဖြစ်တယ်လေ။

လူဝင်စားခြင်းမရှိ (Fig3) ဆိုတဲ့ အဆိုမှာ သေခြင်းတရားဟာ တွင်းနက်ထဲက အတွေ့အကြုံ ဖြစ်ရပ် မျိုး ဖြစ်တယ်။ ဒီအတွေ့အကြုံ ဖြစ်ရပ်ကို ဖြတ်သန်းခြင်းဟာ တစ်လမ်းသွားသာလျှင် ဖြစ်ပြီး ဒါကို ဖြတ်သန်းပြီးတဲ့အခါ ဘာမှ ပြန်မဖြစ်နိုင်တော့ဘူး။ အလင်းရောင်တောင် ပြန်မဖြစ်နိုင်တော့ဘူး။ ဒီနေရာမှာ ရုပ်ခန္ဓာဟာ သေပြီးတဲ့နောက် ပြိုကွဲသွားတဲ့အခါ နာမ်တရားဟာ ဖျက်ဆီးခံရတယ်၊ သို့တည်းမဟုတ် လုံးဝမသိနားမလည်နိုင်တဲ့ အခြေအနေကို ရောက်သွားပြီး အဲဒီအတိုင်း ထာဝရတည်နေမယ်။ ဆိုလိုတာက လူတိုင်းဟာ မွေးဖွားတယ်၊ ဘ၀တစ်လျှောက်နေထိုင်တယ်၊ နောက်ဆုံးမှာ သေခြင်းအတွေ့အကြုံကို ကျော်လွှားရမယ်။ ပြန်မလာတော့မဲ့ အခြေအနေကို ရောက်သွားမယ်။



လူဝင်စားခြင်းရှိတယ်(Fig4) ဆိုတဲ့ အဆိုမှာ သေခြင်းတရားဟာ လမ်းဆုံးအတွေ့အကြုံ မဟုတ်တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီနေရာမှာ ရုပ်ပိုင်းဖြစ်တဲ့ ခန္ဓာကိုယ်ကသာလျှင် ပျက်စီးသွားပြီး ပြန်မဖြစ်နိုင်တော့ပေမဲ့ နာမ်တရားကတော့ သိပ္ပံနည်းအရ မသိမမြင်နိုင်မဲ့ အခြေကို ဆိုက်ရောက်ပြီး အချိန်တစ်ခုကုန်ဆုံးတဲ့အခါ ပြန်လည် ဖြစ်ပေါ်လာမယ်။ သိပ္ပံနည်းအရ သိမြင်နိုင်မဲ့အခြေမှာတော့ သန္ဓေသားရဲ့ ကိုယ်ထဲကို ရောက်လာမယ်။ ဒါဟာ အီလက်အက်ထရွန်က အက်တမ်ပတ်လမ်းကနေ ပျောက်ကွယ်ပြီး ပတ်လမ်းနှစ်ခုကြား ကွက်လပ်ကို မဖြတ်ဘဲ အခြားတစ်နေရာမှာ ပြန်ပေါ်လာသလိုမျိုး ဖြစ်တယ်။ ဒီနေရာမှာ ခြားနားချက်က အီလက်ထရွန်ရဲ့ ပျောက်ကွယ်ခြင်းနဲ့ ပြန်ပေါ်ခြင်းမှာ အချိန်ခြားနားချက် မရှိတာပဲ။

အထက်ဖော်ပြပါ လူဝင်စားခြင်းဖြစ်စဉ်ရဲ့ ရှင်းလင်းချက်မှာ သိပ္ပံနည်းကျ လုပ်ငန်းစဉ်ရဲ့ အဆင့် a နဲ့ b ပါဝင်ပြီးသားဖြစ်တယ်။ နောက်လုပ်ငန်းစဉ် တစ်ဆင့်ကတော့ ဒီဖြစ်စဉ် တကယ်တည်ရှိတယ် ဆိုတာကို ဟောကိန်းထုတ်ထားနိုင်မဲ့ လေ့လာစူးစမ်းမှု တွေကို ရှာဖွေဖို့ပဲ။ လက်တွေ့စမ်းသပ် စစ်ဆေးနိုင်အောင် ကြောင်းကျိုးဆီလျော်တဲ့ လေ့လာစူးစမ်းမှုမျိုးပေါ့။

အတိတ်က ဖြစ်ရပ်တွေကို မှတ်မိနိုင်တဲ့ လူသားရဲ့ စွမ်းရည်ဟာ တစ်ဦးနဲ့တစ်ဦး အတော်လေး ကွာခြားပါတယ်။ အချို့ ပုဂ္ဂိုလ်တွေဟာ ကာလအကြာကြီးက ဖြစ်ရပ်တွေ အတွေ့အကြုံတွေကို မှတ်မိနိုင်တယ်။ အချို့ကတော့ ဒါတွေကို နှစ်အနည်းငယ် အတွင်းမှာ အလွယ်တကူ မေ့ကုန်တယ်။ အများစုကတော့ ထူးခြားတဲ့ ဖြစ်ရပ်တွေကို အပြည့်အစုံမှတ်မိကြတယ်။ ဥပမာအားဖြင့် ကာလကြာကြာဖြစ်ပွားတဲ့ ၀မ်းနည်းဖွယ် အဖြစ်အပျက်များ ကနေ သေခြင်းတရား အထိပေါ့။ အိပ်မွေ့ချလိုက်တဲ့ အခါမှာ လူတွေဟာ သူတို့ လုံးဝမေ့လျော့သွားပြီးတဲ့ ဖြစ်ရပ်တွေကို ပြန်လည်စုစည်းလာနိုင်တယ်။ အချို့ဟာ ကာလအဝေးကြီးက ဗဟုသုတတွေ အတွေ့အကြုံတွေကို ပြန်လည်မှတ်မိနိုင်ပြီး၊ ပြန်အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်လည်းရှိတယ်။

ဥပမာအားဖြင့် ကျွန်ုပ်နဲ့ အဆင့်မြင့်ရူပဗေဒ ဆွေးနွေးဖူးတဲ့ အကျွန်ုပ်ရဲ့ မိတ်ဆွေတစ်ဦး။ သူဟာ GCE (A level) စာမေးပွဲအတွက် အကြာကြီး လေ့လာနေတယ်။ အဲဒီအချိန်အတွင်း ဘာသိပ္ပံမှ သူမလုပ်ခဲ့ဘူး။ ဒီနောက် ဗဟိုဘဏ် ဗုံးပေါက်မှုဖြစ်တုန်း ထိခိုက်ဒဏ်ရာမှ လွတ်လာပြီး အဆင့်မြင့်ရူပဗေဒကို ဆွေးနွေးခဲ့တဲ့ မှတ်ဥာဏ်က ပြန်ပေါ်လာတယ်။ ဒါပေမဲ့ ရူပဗေဒကို မကြာမတင်ကမှ လေ့လာဖူးတဲ့ အခြားလူတွေ ကတော့ သူတို့ လေ့လာဖူးတာတွေ မေ့ကုန်တယ်။ ဘာကြောင့်လဲ။ ဘေးအန္တရာယ် ဖြစ်ခါနီးကာလမှာ သူတို့မှတ်ဥာဏ်ကို မသိမ်းဆည်းလိုက်နိုင်လို့ပဲ။ ကျွန်ုပ်မိတ်ဆွေဟာ ဗုံးကွဲတဲ့အလင်းရောင်ကို သူ့ပြတင်းဝကနေ မြင်လိုက်ရတာနဲ့ အဆင့်မြင့်ရူပေဗဒတွေကို သူ့စိတ်ထဲမှာ ရုတ်တရက် ပြန်သတိရခဲ့တယ်။ ပြီးမှ ဗုံးရဲ့ လှိုင်းတိုတွေ ၀င်လာတာ။ တစ်ချိန်ထဲမှာ လှိုင်းတွေက ပြတင်းမှန်ကို မခွဲပစ်မီ ကြမ်းပြင်ပေါ်ကို သူပစ်လဲသွားတာ ဖြစ်တယ်။

စောစောက သတ်မှတ်ထားတဲ့ လူဝင်စားခြင်းသာ အမှန်တကယ် ရှိတာ ဆိုရင် လူသားရဲ့ နာမ်တရားကလာတဲ့ အဆိုပါ စွမ်းရည်တွေဟာ မွေးဖွားခြင်းကို လွန်လို့ ပြီးခဲ့တဲ့ ဘ၀ကို ခြေဆန့်နိုင်ရမှာဖြစ်တယ်။ အဲဒီထက် စောစော ဘ၀တွေကိုလည်း ခြေဆန့်နိုင်ရမယ်။ အချို့ပုဂ္ဂိုလ်တွေမှာ အတိတ်ဘ၀ ဖြစ်ရပ်တွေကို မှတ်မိနိုင်တဲ့အစွမ်းရှိရမယ်။ အိပ်မွေ့ချ ခြင်းက ဒီစွမ်းရည်ကို အထောက်ကူ ပြုလိုက်မယ်။ အချို့ကတော့ သူတို့ရဲ့ အတိတ်ဘ၀တွေက ဗဟုသုတနဲ့ အတွေ့အကြုံတွေကို ပြန်လည်အသုံးပြုနိုင်ရမှာဖြစ်တယ်။

ဒီဟောကိန်းတွေနဲ့ ကျွန်ုပ်တို့ဟာ ဟောကိန်းထုတ်ထားတဲ့ လေ့လာစူးစမ်းမှုတွေကို ရှာဖွေရင်း သိပ္ပံနည်းကျ လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်တွေကို သွားနိုင်တယ်။ လူဝင်စားခြင်းနဲ့ ဆက်စပ်တဲ့ အချက်အလက် အမြောက်အမြားကို ကမ္ဘာတလွှားက သုတေသီတွေဆီက စုစည်းရယူခဲ့တယ်။ အတိတ်ဘ၀တွေကို အလိုလို ပြန်လည်သတိရခြင်းတွေ၊ အတိတ်ဘ၀ကုထုံးတွေ၊ ကလေးပါရမီရှင်များ နဲ့ အတိတ်ဘ၀က ဗဟုသုတနဲ့ အတွေ့အကြုံတွေကို ပြန်လည်အသုံးပြုနိုင်စွမ်းရှိတဲ့ အခြားလူတွေဟာ သုတေသနပြုပြီး လေ့လာစူးစမ်းရမဲ့ ကဏ္ဍတွေ ဖြစ်တယ်။

လေ့လာစူးစမ်းမှုဟာ
(၁)အတိတ်ဘ၀ကိုအလိုလိုမှတ်မိနေခြင်း
(၂)အတိတ်ဘ၀ကုထုံး
(၃)ကလေးပါရမီရှင်များနဲ့ အတိတ်ဘ၀က ဗဟုသုတ အတွေ့အကြုံတွေကို ပြန်လည် အသုံးပြုနိုင်တဲ့ ပုဂ္ဂိုလ်များလို့ခွဲထားပြီးတော့ လုပ်ဆောင်မယ်။
ဒါဟာ လုပ်ငန်းစဉ် တတိယဆင့်မှာလုပ်တဲ့ ဟောကိန်းထုတ်ခြင်းဆိုတာ နဲ့ ကိုက်တယ်။
xxx



Enhanced by Zemanta


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP