* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 2, 2009

အရှုံးရဲ့ အမြတ်...။

9:00 PM | Author: Dhamma Yanant
ဒီနေ့လား နက်ဖြန်လားမသိ
လမ်းခွဲကြရတော့မယ်တဲ့
ဆုံတွေ့ခဲ့တဲ့ တစ်ဘ၀တာအတွင်းမှာ
(ဒီခန္ဓာအပေါ်မှာ) ဘာများ လိုအပ်ခဲ့လို့လဲ
အရာရာ စိတ်တိုင်းကျ ဖြစ်စေခဲ့တာပါ…။

ငါ… ဘာလို့များ တုံးအခဲ့ပါလိမ့်
ဒီခန္ဓာကြီးကို ယုယကြင်နာခဲ့သမျှဟာ
နာကျင်ကြေကွဲရဖို့ချည်းပါလား
ပိုင်ဆိုင်တယ် ထင်ထားမိပေမယ့်
အစကတည်းကိုက မရခဲ့တာပဲကွယ်…။

ပိုင်ရှင်ရှိနေမှန်းလည်းမသိ
ပြန်အပ်ရမှာကိုလည်း မမြင်မိတဲ့
အမှတ်မရှိ အလိုက်မသိတတ်တဲ့ ငါက
ဆင်းရဲသစ်တွေကိုပဲ အခါခါ သာယာမိ
ဘယ်အချိန်မှများ ရေငတ်ပြေပါ့မလဲ…။

အရှုံး အမြတ်ကို သုံးသပ်ကြည့်တာ
အရင်းတောင် မရခဲ့ဖူးပေမယ့်
ဒီအရှုံးတွေမှာပဲ ပျော်ဝင်နေမိတော့
ရုန်းမရတဲ့ ကြိုးတွေကပဲ ရစ်ပတ်
မေ့လျော့ခြင်းကနှိပ်စက်လို့ ဖြတ်ဖို့ခက်ပြီလေ…။

သစ္စာဆိုတာ အမှန်အတိုင်းမြင်ခြင်းတဲ့…။

ဝိုးတ၀ါးမဟုတ်တဲ့ အသိတွေကြားမှာ
ငါ… ရှုံးချက်တွေလည်း မနာချင်တော့ပါဘူး
ဒုက္ခကိုလည်း မတွယ်တာချင်တော့ပါဘူး
အဆုံးမရှိတဲ့ ဘ၀ပင်လယ်က ရုန်းထွက်လို့
အေးချမ်းတဲ့ သံသရာဖျက်လမ်းကိုပဲ လှမ်းဆက်ပါရစေတော့…။

|


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP