* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 17, 2009

အိုပယ်

အိုပယ်”ဆိုတာကျွန်တော်ကြည့်ဖူးတဲ့ဇာတ်ကားတစ်ကားရဲ့အမည်ပါ။ဒီကားကိုမကြည့်ခင်တုန်း
ကနာမည်လေးကကိုရီးယားနာမည်လို့ထင်စရာလေးပါ။ အမှန်တော့ဇာတ်ကားလေးကပညာပေး
ကားလေးပါ။အသက်အရွယ်အိုမင်းလာတဲ့မိဘများကိုသားသမီးများကမိဘရဲ့ကျေးဇူးကိုမသိဘဲစွန့်
ပစ်ထားတာကိုရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။ ဖ၀ါးလက်နှစ်လုံးဖခုံးလက်နှစ်သစ်ကတည်း
ကလူဖြစ်အောင်ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့မိဘများကိုအရွယ်ရောက်ပညာစုံအတောင်စုံတဲ့အခါ
အိုမင်းရင့်ရော်လာတဲ့မိဘများကိုလစ်လူရှု့ထားပေမယ့်မိဘမေတ္တာကတော့သားသမီးအပေါ်ဘယ်
တော့မှပျက်ပြယ်မသွားပါဘူး။ တောင်းဆိုးပလုံးဆိုးကိုသာပစ်ရိုးထုံးစံရှိပြီးသားဆိုးသမီးဆိုးကိုတော့
ပစ်ရိုးထုံးစံမရှိပါဘူး။ ကျွန်တော်တို့လိုပုထုဇဉ်လူသားတွေအတွက်မိဘကျေဇူးကိုကျေအောင်ဆပ်
နိုင်ဖို့မလွယ်ပါဘူး။ဒါကြောင့်အသက်အရွယ်အိုမင်းလာတဲ့မိဘများကိုငြူဆူမှုမရှိဘဲဘုရားရိပ်တရား
ရိပ်မှာနားခိုးပြီးသူတို့ရဲ့ ဘ၀ကိုပျော်ရွင်အေးချမ်းစွာဖြင့်ဖြတ်သန်းနိုင်အောင်ဆောင်ရွက်ရမည်မှာ
ကျွန်တော်တို့အားလုံးရဲ့သားသမီးဝတ္တရားများသာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာပါတဲ့“ငါအိုသွားတဲ့
အခါ” ၂၀၀၄ခုနှစ်(၁၂)လပိုင်း(၆)ရက်နေ့ထုတ်ဆောင်ပါးလေးကိုနှစ်သက်၍မူရင်းအတိုင်းပြန်လည်
ဖော်ပြလိုက်ပါတယ်။
ငါအိုသွားတဲ့အခါ
-ငါအိုသွားတဲ့အခါငါဟာအရင်ကငါမဟုတ်တော့ဘူး၊ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားဆက်
ဆံပေးပါ။
-ချိနဲ့နဲ့လက်တွေနဲ့ထမင်းဟင်းတွေအင်္ကျီပေါ်လောင်းမိတဲ့အခါ၊ဖိနပ်ကြိုးတွေချည်ဖို့မေ့သွားတဲ့အခါ၊
ငါ့ကိုမရွံပါနဲ့၊ငယ်ငယ်တုန်းကငါသင်ပေးခဲ့တာတွေကိုကျေးဇူးပြုပြီးသတိရပေးပါ။
- အပ်ကြောင်းထပ်မကပြောဖူးတဲ့စကားတွေကိုငါပြန်ပြောမိတဲ့အခါစကားမဖြတ်ဘဲကျေးဇူးပြုပြီးနား
ထောင်ပေးပါ၊ ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်းတစ်ထောင့်တညပုံပြင်တွေကိုမရိုးအောင်ပြောရင်း
ငါချော့သိပ်ခဲ့ဖူးတာတွေကိုသတိရပေးပါ။
- မလှုပ်ရှားနိုင်လို့ရေချိုးဖို့အကူအညီလိုတဲ့အခါငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းကချော့တစ်လှည့်
ခြောက်တစ်ခါရေချိုးပေးခဲ့ဖူးတဲ့ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။
- ခေတ်သစ်၊ နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ရင်ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက
ဘာကြောင့်ဆိုတဲ့မေးခွန်းတိုင်းကိုစိတ်ရှည်စွာငါပြန်ဖြေခဲ့တာတွေကိုသတိရပေးပါ။
-စိတ်သွားတိုင်းကိုယ်မပါနွမ်းလျပြီးလမ်းမလျောက်နိုင်တဲ့အခါခွန်အားပါတဲ့လက်တစ်စုံနဲ့ငါကိုတွဲ
ကူပေးပါ၊လမ်းလျောက်သင်စအရွယ်တုန်းကတစ်လှမ်းချင်းလှမ်းလျောက်ကျင့်ပေးခဲ့ဖူးတာကိုကျေး
ဇူးပြုပြီးသတိရပေးပါ။
-အသက်ကြီးလာလို့စကားပြောရာမှာရှေ့နောက်မညီဘဲအကြောင်းအရာတွေကိုငါမေ့သွားတဲ့အခါ
အချိန်ပေးပြီးစဉ်းစားခွင့်ပေးပါ၊စကားအကြောင်းအရာတွေကငါ့အတွက်အရေးမကြီးပါဘူး။ ဘေးက
နေငါပြောသမျှကိုနားထောင်ပေးရင်ကျေနပ်ပါပြီ။
-တစ်နေ့ထက်တစ်နေ့အိုစာသွားတဲ့ငါ့ကိုကြည့်ပြီးဝမ်းမနည်းပါနဲ့၊နားလည်ပေးပါ၊အားပေးပါ၊အရင်
တုန်းကလူ့ဘ၀တက်လမ်းအတွက်ငါလမ်းညွန်ခဲ့သလိုအခုအချိန်မှာငါ့ဘ၀နောက်ဆုံးအချိန်တွေအ
တွက်အဖော်ပြုပေးပါ။အချစ်နဲ့အေးမျှမှုတွေကိုငါပြုံးပြုံးလေးလက်ခံမှာပါ၊အဲဒီအပြုံးတွေထဲမှာမဆုံး
တဲ့ငါ့မေတ္တာတွေတွေ့ရမှာပါ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP