* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 17, 2009

ကလေးများနှင့် အာဟာရဓာတ် ချို့တဲ့ခြင်း

ဒီတခါမှာတော့ ကလေးများရဲ့ လိုအပ်တဲ့ အာဒဟာရအကြောင်းနှင့် အာဟာရဓာတ် ချို့တဲ့လျှင် ဖြစ်တတ်တဲ့ ရောဂါများကို တင်ပြချင်ပါတယ်။ လူတယောက်ရဲ့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ် ၆-မျိုးရှိတယ်။
၁။ ပရိုတင်း (Protein) ဓာတ်၊
၂။ ကာဗိုဟိုက်ဒရိတ်ဓာတ် ( Carbohydrate )
၃။ ဗီတာမင်ဓာတ် ( Vitamin )
၎။ အဆီဓာတ် ( Fat )
၅။ သက်စောင့်ဓာတ် ( Mineral ) နှင့်
၆။ ရေဓာတ် ( Water ) တို့ပဲဖြစ်ပါတယ်။

အာဟာရဓာတ်ဟာ ညီမျှနေရပါတယ်။ ပိုတာလည်း မကောင်းသလို လိုတာလည်း မကောင်းပါဘူး၊ အာဟာရဓာတ် ပိုလျှံနေရင် ကလေးများ အ၀လွန်ရောဂါဖြစ်တတ်ပါတယ်။ အာဟာရဓာတ် လျော့နည်းနေခြင်းတွင် ဗီတာမင်ဓာတ် ချို့တဲ့ခြင်း၊ သက်စောင့်ဓာတ် ချို့တဲ့ခြင်း၊ အသားဓာတ် ချို့တဲ့ခြင်းများ ရှိပါတယ်။ အသားဓာတ် အာဟာရဓာတ် ချို့တဲ့ခြင်းကို Protein energy maူnutritio (PEM) လို့ခေါ်ပါတယ်။

PEM မှာလည်း နှစ်မျိုးနှစ်စားရှိပါတယ်။ ကိုယ်အလေးချိန်ကျပြီး ခန္ဓာကိုယ် ဖောယောင်ခြင်းမရှိလျှင် Maramus ခေါ်ပြီး ခန္ဓာကိုယ် အလေးချိန်ကျကာ ခန္ဓာကိုယ် ဖောယောင်လာလျှင် ( Kwashiorkor ) လို့ ခေါ်ပါတယ်။ Marasmus ရဲ့ ပုံစံကတော့ ပိန်ချုံးချည့်နဲ့နေတဲ့ ကလေးတွေပါပဲ။

Maramus အဓိကလက္ခဏာများကတော့ ကိုယ်အလေးချိန်ဟာ အသက်နဲ့စာရင် အလွန်နည်းနေခြင်း၊ ကြွက်သားများ ပိန်လှီပြီး မရှိခြင်း၊ အဆီမရှိခြင်း၊ အဘိုးအိုတယောက် မျက်နှာလို ရှုံ့နေခြင်း၊ အစာအိမ် အလွန်တောင့်တင်း၊ တအီအီနဲ့ အဆက်မပြတ် ငိုခြင်း၊ စိတ်ဆိုးလွယ်ပြီး ဆတ်ဆတ်ထိမခံနိုင်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ဒီလိုကလေးမျိုးဟာ ညဘက်များမှာ မအိပ်ဘဲနေတတ်ပြီး ၀မ်းသွားရင်လဲ ၀မ်းအချွဲများ သွားတတ်ပါတယ်။ (Kwashiorkor ) ရဲ့ပုံစံကတော့ ၀၀ဖောင်းဖောင်းလေးများ ဖြစ်ပါတယ်။ ချစ်စရာကောင်းအောင် ၀ခြင်းမျိုးမဟုတ်ဘဲ တကိုယ်လုံး ဖောပြီးဝတာပါ။ ဒီလိုကလေးမျိုးဟာ စိတ်ဂနာမငြိမ်တတ်ဘဲ ပတ်ဝန်းကျင်ကိုလည်း စိတ်ဝင်စားမှုမရှိဘူး။ အစားအသောက်ကိုလည်း ကောင်းမွန်စွာမစားဘဲ အရေပြား၌ အကွက်များပေါ်လာတတ်ပါတယ်။ အရေပြားလန်ထွက်ပြီး အနာများလည်း ပေါက်လာတတ်ပါတယ်။ ဒါ့အပြင် ဆံပင်များ ခြောက်သွေ့မွဲခြောက်ပြီး အသည်းကြီးလာခြင်း၊ ဗီတာမင်ချို့တဲ့ လက္ခဏာများ ပေါ်ပေါက်ခြင်းတို့ ဖြစ်ပါတယ်။

ဒီလိုအာဟာရဓာတ် ချို့တဲ့ခြင်း (PEM) ဖြစ်ရတဲ့ အကြောင်းရင်း များစွာရှိပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကလေးတယောက် လိုအပ်တဲ့ အစာအာဟာရကို ပြည့်ပြည့်၀၀ မစားသောက်ရခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။ စားရသော်လည်း အရည်အသွေးမမီခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တချို့ကလည်း စီးပွားရေး အခြေအနေကြောင့် ကလေးကို ပြည့်ဝစွာ မကျွေးနိုင်ခြင်းလည်း ရှိပါတယ်။ အမေ့နို့ဖြတ်ချိန်မှာ ဖြည့်စွက်စာကို နည်းမှန်လမ်းမှန် မကျွေးတတ်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဒါတွေအားလုံးဟာ အာဟာရနဲ့ပတ်သက်တဲ့ အသိပညာမရှိခြင်းကြောင့်ပါ။ ဒီလို (PEM) ဖြစ်လာလျှင် နောက်ဆက်တွဲ ရောဂါတွေ ပါလာပါပြီ။ အဲဒါတွေကတော့ သွေးတွင်း အချိုဓာတ် နည်းလာခြင်း၊ ကိုယ်အပူချိန် ကျလာခြင်း၊ အလွန်အမင်း ရေဓာတ်ခန်းခြောက်ခြင်း၊ ရောဂါများ ဖြစ်လွယ်ခြင်း၊ သွေးအားနည်းပြီး နှလုံးပါ ထိခိုက်လာခြင်းနဲ့ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဟာ မတိုးတက်ဘဲ ဉာဏ်ရည်ဖွံ့ဖြိုးမှုပါ နှေးကွေးသွားတဲ့ ပြဿနာတွေ ဖြစ်လာပါတော့တယ်။ ဒါကြောင့် (PEM) မဖြစ်ဖို့ မိမိရင်သွေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP