*ရှုပ်ခဲ့သမျှ ရှင်းပါမည်*
အကြံမှာ ရံဖန်သာတွေးပြန်တော့
မှန်သကွာ ဖန်ခါခါဖြစ်ပါတဲ့
အော်… ဒီသံသရာ။
ဇာတ်ရှုပ်တာ ငါလေသိပါ၍
ချက်မြှုပ်ရာ ဌာနေကိုလည်း မလွမ်းချင်ပါဘု
တမ်းတကာ မှန်းမျှော်မှုတွေလည်း
စမ်း, လပမာတောင် မအေးချမ်းတာမို့
ရပ်တန်းက ရပ်မယ်ကြံ
တကယ်ကော ဖြစ်နိုင်ပါ့မလား။
ဒါပေမယ့်လည်း
သစ္စာ သစ္စာ သူ့ကိုရှာမှာမို့
ဖြစ်တာ မဖြစ်တာ ငါ့အလုပ်မဟုတ်လေတော့
(သံသရာ အဆက်ဆက်က)
ငါ့အရှုပ် ငါရှင်းရတော့မှာမို့
(ဒီဘ၀မှာ) ငါ့ဇာတ်ရုပ်ငါဖန်ဆင်းကာရယ်
ခုတော့… ငါ့ဇာတ်ထုတ်ငါခင်း။ ။
လေးစားစွာဖြင့်
ဖိုးသား
6/4/2009, THUR:, 1:17:00 AM

0 comments:
Post a Comment