* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 4, 2009

နန္ဒသည် ဤသို့ မေးလျှောက်၏...

နန္ဒမာဏဝပုစ္ဆာ...

နန္ဒသည် ဤသို့ မေးလျှောက်၏...
လောက၌ (မုနိ) အမည်ခံ အာဇီဝကစသည်တို့ ရှိကုန်၏ဟု လူတို့ ပြောဆိုကုန်၏၊ ထိုစကားကို အဘယ့်ကြောင့် ဆိုကုန်သနည်း၊ သမာပတ်ဉာဏ်စသည်နှင့် ပြည့်စုံသော သူကို မုနိဟု ဆိုကုန်ပါသလော၊ သို့မဟုတ် ခေါင်းပါးသော အသက်မွေးမှုနှင့် ပြည့်စုံသော သူကို မုနိဟု ဆိုကုန်ပါသလော။ 1-1084

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
နန္ဒ ဤသာသနာတော်ဝယ် ခန္ဓာစသည်၌ လိမ္မာသူတို့သည် အမြင် စင်ကြယ်မှုဖြင့် မုနိဟူ၍ မဆိုကုန်၊ အကြား စင်ကြယ်မှုဖြင့် မုနိဟူ၍ မဆိုကုန်၊ သမာပတ်စသော ဉာဏ်ဖြင့် မုနိဟူ၍ မဆိုကုန်၊ အကြင်သူတို့သည် ကိလေသာ စသော မာရ်စစ်သည် ကင်းအောင် ပြုပြီး၍ ဆင်းရဲ မရှိကြကုန်၊ ကပ်ငြိတွယ်တာမှု 'အာသာ' မရှိကြကုန်ဘဲ ကျင့်ကြံကုန်၏၊ ထိုသူတို့ကို မုနိဟူ၍ ဆို၏။ 2-1085

နန္ဒသည် ဤသို့ မေးလျှောက်၏...
ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသမဏဗြာဟ္မဏ အားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ ဟု ဆိုကုန်၏၊ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့်လည်း စင်ကြယ်၏ဟူ၍ ဆိုကုန်၏၊ များသော အပြားရှိသော ကောတု ဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကုန်၏၊ မြတ်စွာဘုရား အသို့ပါနည်း၊ ထိုသမဏဗြာဟ္မဏ အားလုံးတို့သည် ထိုမိမိ အယူ၌ စောင့်စည်း နေထိုင်ကြ ကုန်သည်ရှိသော် ပဋိသန္ဓေနေမှု အိုမှုကို လွန်မြောက်နိုင်ပါကုန်သလော၊ မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏၊ အကျွန်ုပ်အား ထိုအကြောင်းကို ဟောတော်မူပါလော့။ 3-1086

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
နန္ဒ ဤသမဏဗြာဟ္မဏ အားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့်လည်း စင်ကြယ် ၏ဟူ၍ ဆိုကြကုန်၏၊ များသော အပြားရှိသော ကောတုဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် မိမိအယူ၌ ယူ၍ စောင့်စည်းနေထိုင်ကြစေကာမူ ထိုသမဏ ဗြာဟ္မဏတို့သည် ပဋိသန္ဓေနေမှု အိုမှုကို မကူးမြောက်နိုင်ကြကုန်ဟု ငါ ဆို၏။ 4-1087

နန္ဒသည် ဤသို့ မေးလျှောက်၏...
မြတ်စွာဘုရား ဤသမဏဗြာဟ္မဏအားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ စောင့်ထိန်း မှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့်လည်း စင်ကြယ်၏ ဟူ၍ ဆိုကြကုန်၏၊ များသော အပြားရှိသော ကောတုဟလ မင်္ဂလာ ဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ ထိုသမဏဗြာဟ္မဏအားလုံးတို့ကို သံသရာ အယဉ် 'သြဃ'မှ မကူး မြောက်နိုင်ကြသူတို့ဟု အကယ်၍ ဟောတော် မူခဲ့မူ မြတ်စွာဘုရား နတ်လောက လူ့လောက၌ အဘယ်သူသည် ပဋိသန္ဓေ နေမှု အိုမှုကို ကူးမြောက်နိုင်ပါသနည်း၊ မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက် ပါ၏၊ အကျွန်ုပ်အား ထိုအကြောင်းကို ဟောတော်မူပါလော့။ 5-1088

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
နန္ဒ သမဏဗြာဟ္မဏအားလုံးတို့ကို ပဋိသန္ဓေနေမှု အိုမှုသည် ပိတ်ဖုံး အပ်ကုန် ၏ဟူ၍ ငါမဆို၊ ဤလောက၌ အကြင် သူတို့သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံဖြင့် စင်ကြယ်၏ ဟူသော အယူ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့် စင်ကြယ်၏ဟူသော အယူ အားလုံးကို ပယ်စွန့်၍ များသောအပြားရှိသော ကောတုဟလမင်္ဂလာ အားလုံး ကိုလည်း ပယ်စွန့်နိုင်၍ တပ်မက်မှု 'တဏှာ' ကို ပိုင်းခြားသိလျက် အာသဝေါ ကင်းကုန်၏၊ ထိုသူတို့ကို သံသရာအယဉ် 'သြဃ' မှ လွန်မြောက်ကုန်ပြီဟု ငါဆို၏။ 6-1089

နန္ဒသည် ဤသို့ လျှောက်၏...
ဂေါတမနွယ်ဖွား မြတ်စွာဘုရား မြတ်စွာဘုရား၏ ကောင်းစွာ ဟောကြားတော် မူအပ်သော ကံကိလေသာ စသော ဥပဓိကို ပယ်တတ်သည့် ထိုစကားကို အကျွန်ုပ် နှစ်သက်ပါ၏၊ ဤလောက၌ အကြင်သူတို့သည် မြင်ရသော ရူပါရုံ ကြား ရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံဖြင့် စင်ကြယ်၏ဟူသော အယူ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့် စင်ကြယ်၏ဟူသော အယူ အားလုံးကို ပယ်စွန့်၍ များသော အပြားရှိသော ကောတုဟလ မင်္ဂလာ အားလုံးကိုလည်း ပယ်စွန့်နိုင်၍ တပ်မက်မှု 'တဏှာ' ကို ပိုင်းခြားသိလျက် အာသဝေါ ကင်းကုန်၏၊ ထိုသူတို့ကို သံသရာ အယဉ် 'သြဃ' မှ လွန်မြောက် ကုန်ပြီဟု အကျွန်ုပ်လည်း ဆို၏။ (၇)

၇ - နန္ဒမာဏဝပုစ္ဆာ၊ ပါရာယန၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်။

ကောတူ(တု)ဟလမင်္ဂလာ= အုတ်အုတ်ကျက်ကျက်ဖြစ်သောမင်္ဂလာ

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP