* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 12, 2009

ခရီးသွားမှတ်တမ်း(၄)

တည်းခိုတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော်က ဦးအာသဘဖြစ်ပြီး သက်တော်မှာ (၉၀)ကျော် ရှိပါပြီ၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရောက်နေသည် မှာ အသက် ၂၀ ကတည်းကဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်ပြီလို့ သိရပါတယ်။နေ့လည်ဖက်မှာ (Doi Su htep ) ဒွိုင်ဆူထက်ပ် တောင်ဘုရားသို့ ဘလော့ဂါ မခွန်မြလှိုင်ရဲ့ ခင်ပွန်းက ကားနဲ့ လိုက်ပို့ပါတယ်။ချင်းမိုင်မြို့လေးဟာ ဘန်ကောက်ရဲ့ မြောက်ဖက် ၇၀၀ ကီလိုမီတာ အကွာတွင် တည်ရှိပါတယ်။

ဒီမြို့ဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် တစ်မြို့ဖြစ်ပါတယ်။ချင်းမိုင်ရဲ့ အနောက်ဖက်တွင် ၁၆၇၆ ကီလိုမီတာ အမြင့်ရှိ(Doi su htep) ဒွိုင်ဆူထက်ပ် တောင် ဘုရားသို့ blogger တစ်ယောက်ဖြစ်သူ မသူဇာရဲ့ခင်ပွန်း ကိုအောင်မျိုးကျော်က ကားဖြင့် လိုက်ပါပို့ဆောင်ကာ ကုသိုလ်ယူခဲ့ပါတယ်။ ချင်းမိုင်မြို့အတွင်း ဗဟုသုတဖြစ်ဖွယ်တွေကို ဘလော့ဂါ ခွန်မြလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုအောင်မျိုးကျော်က ကားမောင်းရင်း ရှင်းပြခဲ့ပါတယ်။ ခွန်မြလှိုင်ကတော့ ကလေးနဲ့မို့လို့ မလိုက်နိုင်ခဲ့ပါ။ချင်းမိုင်မြို့(ဇင်းမယ်)အကြောင်းချင်းမိုင်ဟာ အလွန်ကောင်းတဲ့ ရာသီဥတု ရှိပြီး၊ ချင်းမိုင်မြို့ကို တောင်များနဲ့ ၀န်းရံထားတယ်။ ဒါကြောင့်လားမသိ ရာသီဥတုက အလွန်သာ ယာတယ်။ချင်းမိုင်မြို့ဟာ ထိုင်းနိင်ငံ မြောက်ပိုင်းဒေသတွင် ရှိပြီး ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ပါတယ်။

ယခုအခါ ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တစ်မြို့ဖြစ်ပါတယ်။ချင်းမိုင်သည် ယိုးဒယားနိုင်ငံမြောက်ပိုင်း ချင်းမိုင်ဒေသ၊ ချင်ရိုင်းဒေသ၊ လန်ပန်း၊ မယ့်စလင်း၊ မယ့်ဟောင်ဆောင်တို့ အကြောင်းကို ကားမောင်းရင်း ပြောပြခဲ့တယ်။ချင်းမိုင်ဒေသ၊ ယိုးဒယားမြောက်ပိုင်းဟာ ရှေးကာလက မြန်မာ၊ ရှမ်းကြီး (Tail)၊ မွန်၊ ခမာ (ကမ္ဘောဒီးယား) လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်များ စီးမျောဝင်ရောက်ရာဒေသဖြစ်ခဲ့တယ်။ လောနှင့် တရုတ် (ယူနန်) အငွေအသက်လည်း ရှိသော ဒေသဖြစ်သည်။ သမိုင်းအဆိုအရ မူလက လန်ပွန်း (Lamphun) သည် ယိုးဒယားမြောက်ပိုင်း၌ စတင်ထင်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ထိုစဉ်က ဟာရီပွန်ချိုင်း (Haripunchai) ဟု အစဉ်အလာကြီးခဲ့သော မင်းနေပြည်ဒေသဖြစ်သည်။

ချင်းမိုင်အကြောင်းနဲ့ပတ်သက်ပြီး ဒီဝက်ဘ်ဆိုဒ်လင့်ခ်မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။၁၈.၅.၂၀၀၉နံနက် ၉ နာရီခန့် ချင်းမိုင်မြို့ တိရစ္ဆာန်ရုံ (Chingmai zoo) ကို သွားရောက်ခဲ့တယ်။ တိရစ္ဆာန်ရုံအတွင်း ၀င်လျှင် foreigner နိုင်ငံခြားသားဆိုလျှင် b 350 ပေးရပါတယ်။ သံဃာတော်များဆိုလျှင် Free ပိုက်ဆံမပေးရပါ။သို့နှင့် ဦဣန္ဒာဝံသနဲ့နှင့်အတူ chingmai zoo အတွင်း ကားဖြင့်လည်ပတ်ခဲ့ကြတယ်။ ကားခမှာ တစ်ယောက်လျှင် B 20 ပေးရပါတယ်။ တစ်ပတ် ပတ်ပြီးသောအခါ ငါးပြတိုက်ကို သွားရန်အတွက် သီးသန့် ကားပြန်စီးရသည် အဲဒီအခါမှာလည်း တစ်ယောက်လျှင် B 20 ပေးရပါသည်။ ငါးပြတိုက်ရောက်တဲ့အခါ ငါးပြတိုက်အတွင်း ၀င်ကြေးပေးရသည်။ forainer တစ်ယောက်လျှင် B 380 ဖြစ်ပါတယ်။

သံဃာတော်များဆိုလျှင် တစ်ဝက်နှုံးဖြင့် B ၁၆၀ ပေး ရပါသည်။ ချင်းမိုင်မြို့သည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်၍ ရဟန်းတော်များအား အထူးဦးစားပေး ဆက်ဆံကြသည်ကို တွေ့ရသည်။ငါးပြတိုက်အတွင်း ၀င်ကြည့်ကြသောအခါ ပင်လယ်ထဲသို့ တကယ်ရောက်နေသကဲ့ သို့ ထင်ရပေသည်။ ငါးတွေကို ရေငုတ်ဝတ်စုံနဲ့ ငါးစာကျွေးနေတဲ့ ၀န်ထမ်းတွေကိုလည်း မြင်ခဲ့ရပါတယ်။ ငါးပြတိုက်ရဲ့ လုပ်ဆောင်နေတဲ့ အနေအထားအရ အလွန်အဆင့်မြင့်တဲ့ အတွက် ၀င်ကြေးခကို မြင့်မြင့် ယူထားခဲ့သည်ထင့်။

တန်လည်းတန်ပါသည်။ ငါးပြတိုက်ထဲက ပင့်ကွင်းငှက်တို့ရဲ့နေထိုင်ကျက်စားတဲ့နေရာဆိုလျှင် ၂၄ နာရီပတ်လုံး ပင့်ကွင်းငှက်များ နေနိုင်တဲ့ အအေးဓါတ်များကို လွတ်ပေးထားရတဲ့အတွက် ကုန်ကျငွေ အလွန်များမှာ သေချာပါသည်။ငါးပြတိုက် မှ အထွက် နာရီကြည့်သောအခါ ထိုင်းစံတော်ချိန် ၁၁ နာရီထိုးနေပြီဖြစ်တဲ့အတွက် နေ့ဆွမ်းစားရန်အတွက် (Burmese Food ) မြန်မာထမင်း ဆိုင် မှာ ဆွမ်းစားကြပါသည်။ နေ့လည်စာ စားပီးသောအခါ မနောနော အမည်ရှိ အမျိုးသမီးပျိုတစ်ဦးက ဆွမ်းကပ်ပါသည်။ မနောနောသည် လွယ်လင်သူဖြစ်ပြီး ချင်းမိုင်မြို့ အလှ ပြင်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည်မှာ ၆ နှစ်တိုင်တိုင် ရှိခဲ့ပြီဟု သူပြောပြချက်အရ သိရပါသည်။

ခရီးသွားဟန်လွဲ ကြုံတုန်း သံဃာတော်များအား ဆွမ်းကပ် ရသည်မှာ သူမအတွက် ထူးလှတဲ့ ကာလဒါန ဖြစ်ခဲ့တယ် လို့ ဆိုရပေမပေါ့။နေ့လည်ဖက် imgration တွင် reentry လုပ်ဖို့အတွက် ဦးကုမာရနဲ့ ဦးဣန္ဒ၀ံသတို့ နှစ်ပါး သွားကြတယ်။ အဲဒီမှာ ကိုယ်တိုင်လာရမယ်လို့ ပြောတဲ့အတွက် စာရေးသူတို့ကို လာခေါ်ရဦးမည်ဖြစ်ရာ ဒီနေ့အဖို့ reentry လုပ်ဖို့ အချိန်မရတော့၊ ဒါနဲ့ ရတာတွေကိုပဲ လုပ်မယ် ဆိုပြီး လေယာဉ်လက်မှတ် date ပြောင်းရန် သွားခဲ့တယ်။ လေယာဉ် date က ၂၄.၅.၂၀၀၉ အထိသာဖြစ်တော့ date ကို ၁၄.၆.၂၀၀၉ အထိ ရက်ရွေ့ခဲ့တယ်။
လေယာဉ် DATEနဲ့ပတ်သက်ပြီး power full ယူခဲ့တယ်ပေါ့။ညနေဖက်မှာ ချင်းမိုင်ကနေ ကီလိုမီတာ ၃၀ ခန့်ဝေးကွာတဲ့ ယိုးဒယားလို လန်းဖွန် မြန်မာလို လန်ဖုန်းဆိုတဲ့ တော မြို့လေးသို့ ဘတ်စ်ကားဖြင့် လာခဲ့ကြရာ လမ်းဘေးဝဲယာတစ်လျှောက် လူလေးယောက် ပိုက်ခန့်ရှိတဲ့ အပင်များကို တွေ့ခဲ့ရတော့ အမြင်ဆန်းနေပါတယ်။ ဒါနဲ့ ပါလာတဲ့ ဦးဣန္ဒ၀ံသ ကိုမေးကြည့်တော့ ဒါဟာ တစ်ချိန်က မြန်မာ -ဇင်းမယ် ချစ်ကြည်ရေးအနေဖြင့် ဒီသစ်ပင်တွေ ကို စိုက်ခဲ့တာလို့ ပြောပါတယ်။

မြို့ပြအနေအထာားကောင်းမွန်လှပေမယ့် ဒိလို ရှေးဟောင်းသစ်ပင်များကို မခုတ်လှဲဘဲ ရှေးဟောင်းအမွေအနှစ်အနေဖြင့် အမြတ်တနိုးထိန်းသိမ်းထားတာကို တွေ့မြင်ရပါတယ်။ ထိုနည်းတူ တစ်ခြားခြားသော နိုင်ငံများမှာလည်း ဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များကို လက်ရာမပျက် ထိန်းသိမ်းထားကြတာကို လာအို၊ ကမ္ဘောဒီယား စတဲ့ နိုင်ငံတွေမှာလည်း တွေ့မြင်ရပါတယ်။ ဒါကြောင့်လည်း လောနိင်ငံက longprabong လောဘရာဘွန်မြို့လေးကို (the world hari tage city ) ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်မြို့ ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂရဲ့ မှတ်တမ်းတင်ခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း internet တွင် နာမည်ကြီးကာ ကမ္ဘာလှည့်ခရီးသည်များ များပြားစွာ လာရောက်ကြပါတယ်။

ပြည်ပနိုင်ငံများမှာ ရှေးဟောင်းအမွေအနှစ်များ ရှိသလို အမိမြန်မာနိုင်ငံမှာလည်း ရှေးဟောင်းအမွေအနှစ်များစွာပင် ရှိပါတယ်။သို့သော် ပြည်ပနိုင်ငံ(လာအိုနိုင်ငံ လောဘရာဘွန်၊ ကမ္ဘောဒီးယား အန်ကောဝပ်)များမှာလို အဘယ့်ကြောင့် the world heri tage လို့ သတ်မှတ် မခံရပါသလဲ ဆိုတာကို တွေးမိပါတယ်။ အမှန်ကား မြန်မာနိုင်ငံမှာလည်း ရှေးဟောင်း အမွေအနှစ်များစွာ ရှိတာပါ။

ထိုအမွေအနှစ်များကို (modify)ပြုပြင်ပြောင်းလဲမှုမရှိဘဲ ထိန်းသိမ်းရုံမျှ (protection) ကာကွယ်ထိန်းသိမ်းထားကြမယ်ဆိုရင် မြန်မာနိုင်ငံ နေရာအနှံအပြားရှိ ရှေးဟောင်းအမွေအနှစ်များကို world heri tage လို့ ကမ္ဘာက အသိအမှတ်ပြုခံရမှာ သေချာတယ် လို့ တွေးမိပါတယ်။ အဲဒီအခါ ကမ္ဘာလှည့်ခရီးသည်များ အများအပြား ရောက်လာနိုင်စရာ အကြောင်းရှိပါတယ်။စကားစပ်လို့ ပြောမိတာ လမ်းကြောင်း အပြင်ထွက်သွားတယ်၊ ခုနင်က ချင်းမိုင်အကြောင်းကို ဆက်ပြောကြရ အောင်ပါ။အဲဒီမှာ စာရေးသူတို့ တည်းခိုတဲ့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှ အသက်အားဖြင့် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် ဦးအာသဘရဲ့ ပြောပြချက်အရ….. ချင်းမိုင်မြို့မှ လန်းဖွန်မြို့သို့ သွားရာလမ်းတစ်လျှောက် နံဘေး ၀ဲယာတွေမှာ စိုက်ထားတဲ့ လူငါးယောက်ဒီသစ်ပင်တွေကို ကညင်ပင်လို့ ခေါ်ပါတယ်။

ကညင်ပင်များရဲ့အသက်ဟာ သက်တမ်း လေးရာကျော်ခန့် ရှိပြီ လို့ သိရပါတယ်။ တစ်ဆက်တည်းမှာပဲ “ဆရာတ်ာဘုရား…၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်းကိုကြီးကို ဘယ်နှစ်ခုနှစ်က စတင် တည်ထောင်ခဲ့ပါသလဲ ဘုရား” လို့ မေးလျှောက်သောအခါ ဆရာတော်က “ ဒီကျောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၅ နှစ်ကတည်းက တည်ထောင်ခဲ့တယ်။ တည်ထောင်တဲ့သူများက မြန်မာစစ်တပ်များ ဖြစ်တယ်လို့ ပြောကြတယ်။ ဆရာတော်က ဆက်လက်ပြီး….တစ်ခါက မြန်မာနိုင်ငံက စာရေးကြီးတစ်ယောက်က တပည့်တော်ကို မေးဖူးပါတယ်။ “ဘုန်းတော်ကြီးများ ကားမောင်းသင့်သလားဘုရား” တဲ့၊ ဆရာတော်က “ ဒကာက ဘယ်အမြင်နဲ့ မေးတာလဲ၊ အမြင်နှစ်မျိုးရှိတယ်၊ မြန်မာ့အမြင်နဲ့ ကမ္ဘာ့အမြင် နှစ် မျိုးမှာ ဘယ်အမြင်နဲ့ မေးတာလဲ” လို့ မေးတော့ ဒကာက “ မြန်မာ့အမြင်နဲ့ မေးတာပါ” တဲ့ အဲဒီမှာ ဆရာတော်က “ မြန်မာ့အမြင်ဆိုရင်တော့ မမောင်းသင့်ဘူး” ကမ္ဘာ့အမြင်ဆိုရင် မောင်းသင့်ပါတယ်။ ဒကာ….မင်းကိုးကွယ်တဲ့ ဆရာတော်ကို ပြန်မေးကြည့်ဦး၊ ဘုရားဟော တဲ့ မဟာပဒေသလေးပါး ဆိုတာ ရှိလား၊ တကယ်လို့ ရှိတယ်ဆိုရင်တော့ မင်းတို့ရဲ့ အမေး ရှုံးပြီသာ မှတ်တော့၊ ဆက်မမေးနဲ့တော့” ဆရာတော်က အမိန့်ရှိပါတယ်။ဆက်လက်ပြီး…… သြစတေးလျား ဆစ်ဒနီကို တပည့်တော် ရောက်ခဲ့ဖူးပါတယ်။

သူတို့နိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ မဟုတ်ပေမယ့် မေတ္တာ၊ကရုဏာ။မုဒိတာ ဗြဟ္မစိုရ်တရားလေးပါး ရှိကြတယ်။ ဥပမာ ငှက်မပစ်ရ ပစ်လို့ သေရင် ဒါဏ်ဆောင်ရတယ်။ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မမာမကျန်းဖြစ်ရင် ဆေးခန်းသွားပြီးပြရတယ်။ တကယ်လို့ ဆေးမကုပေးဘူးဆိုရင်တော့ မွေးထားတဲ့ တိရစ္ဆာန် ပိုင်ရှင်က ဒါဏ်ငွေဆောင်ကြရတယ် လို့ ဆရာတော်က အမြွက်မျှ ပြောကြားကြပါတယ်။နေ့ခင်းဖက်မှာချင်းမိုင်ကနေ ကီလိုမီတာ ၃၀ကျော်ခန့်ဝေးသော လန်းဖွန် တောမြို့လေးကို ၁နာရီကျော်ကျော်ခန့် ကားစီးပြီးနောက် (hariphu chai temple)ယိုးဒယားလို (ဟရီဖူချိုင်း)မြန်မာလို ဟရိ ဘုဇ္ဇ ဘုရားကို ရောက်ခဲ့တယ်၊ ဒီဘုရားသမိုင်းက အခါတစ်ပါး မြတ်စွာဘုရားရှင် ဒေသစာရီ ကြွချီတော်မူတဲ့အခါ ဒကာများလာရောက်ဆက်ကပ်တဲ့ ကြစုသီးကို ဘုဉ်းပေးပြီး တစ်ည ကျိန်းစက်တော်မူတဲ့ နေရာဖြစ်တဲ့အတွက် ဒီနေရာမှာ ဟရိဘုဇ္ဇ ဘုရားရယ်လို့ တည်ခဲ့တာ ဖြစ်တယ် အကြောင်းစုံသိချင်ရင်တော့ hariphuchaitemple.org ၀က်ဘ်ဆိုက်မှာ ဖတ်ရှုနိုင်ပါတယ်။ ဘုရားကပြန်အလာမှာတော့ ချင်းမိုင်မြို့ထဲက ညဈေးနှင့် (pamtap)ပန်တက်ပ် ကုန်တိုက်ကြီးတို့ကို ဗဟုသုတအနေဖြင့် ဦးဣန္ဒ၀ံသက လိုက်ပို့ပါတယ်။၁၉.၅.၂၀၀၉နံနက် ၈း၃၀ မှာ စာရေးသူတို့သုံးပါး အင်မ်ဂေးရှင်း(လူဝင်မှုကြီးကြပ်ရေး)ရုံးသို့ သွားကြပါတယ်။ မနေ့က လူကိုယ်တိုင်မပါလို့ ဆိုပြီး re-entry မလုပ်ခဲ့ရဘူး။ ဒီနေ့ကျမှ သုံးယောက်သား အင်မ်ဂေးရှင်းရုံးသို့ ကျောင်းအရှေ့က ယိုးဒယားသူရဲ့ကားနဲ့ လိုက်ပါပို့ပေး ပါတယ်။ အင်မ်ဂေးရှင်း ရုံးရောက်တော့ ပါစ်ပို့ မိတ္တူကူးစရာရှိတာ ကူးပြီး re-entry လုပ်ကြပါတယ်။ ဒီမှာ re-entry ကိုဘာကြောင့်လုပ်ရသလဲဆိုတာကို ပြောချင်တယ်။ယိုးဒယားနိုင်ငံကနေ တစ်ခြားနိုင်ငံထွက်သွားမယ် ၊ ပြီးလျှင် ထိုင်းနိုင်ငံ ပြန်ဝင်ချင်တယ်ဆိုရင် ပြန်ဝင်ရအောင်လို့ re-entry လုပ်ရပါတယ်။ ဒီမှာ re-entry က နှစ်မျိုး ရှိပါတယ်။ single နဲ့ multiply ပါ။ single က ဘတ် ၁၀၀၀ ပဲပေးရပြီး multiply ကတော့ ဘတ် ၃၅၀၀ ကျပါတယ်။

အဲဒီမှာ ထိုင်းနိုင်ငံအတွင်း အကြိမ်များ စွာထွက်ပြိး အကြိမ်ကြိမ်ပြန်ဝင်ချင်တယ်ဆိုရင်တော့ multiply re-entry လုပ်ရတယ်။ တကယ်လို့ တစ်ကြိမ်လောက်သာ ထွက်ပြီး တစ်ကြိမ်သာ ပြန်ဝင်ချင်တယ်ဆိုရင်တော့ single re-entry လုပ်ရပါတယ်။ဒါနဲ့ စာရေးသူတို့လဲ ကိုယ့်အခြေအနေအရ တစ်ယောက်ကို ဘတ် ၁၀၀၀ ပေးပြီး single re-entry လုပ်ခဲ့ကြပါတယ်။ ဒီမှာ ထိုင်းနိုင်ငံ အင်မဂေးရှင်းရုံးဝင်တဲ့အခါမှာ အတွေ့ကြုံတစ်ခုတော့ ပြောချင်တယ် ၊ အဲဒါက re-entry နှစ်မျိုးရှိတယ်လို့ အထက်မှာ ပြောခဲ့တယ်။ ဒီနှစ်ခုအနက် ကိုရွှေမြန်မာများအတွက်တော့ single ပဲရတယ်၊ multiply တော့ လုံးဝမရနိုင် လို့ သိခဲ့ရပါတယ်။ ဒါလည်း စာရေးသူတို့အတွက် အားငယ်စရာတစ်ခုဖြစ်သလို မခံချင်စရာတစ်ခုလည်း ဖြစ်ခဲ့တယ်။

ဘာကြောင့်ရယ်တော့မသိပါ။သို့သော်လည်း ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်တဲ့အတွက် ဘုန်းကြီးများ ကို အကူအညီပေးတာ များပါတယ်။ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ယခုညနေ မိုး ရွာချပြီး၊ မကြာမီ မိုးတိတ်သွားတယ်။ဒါနဲ့ညနေဖက်တွင် ချင်းမိုင်မြို့အတွင်း BIG C SUPER CENTER ကုန်တိုက်ကြီး သို့ ဦးဣန္ဒ၀ံသနှုင့်အတူ ဦးကုမာရ ၊ စာရေးသူတို့ သွားရောက်လည်ပတ်ခဲ့တယ်။

ကုန်တိုက်ကြီးမှာ အလွန်သပ်ရပ်ပြီး စနစ်ကျနစွာ ရောင်းချနေကြတာကိုလည်း မြင်ကြရပါ တယ်။ ကျောင်းပြန်ရောက်တော့ ည ၈ နာရီ ရှိနေပြီ။ ဦးဣန္ဒ၀ံသက Golden Triangle ကို သူကိုယ်တိုင် လိုက်ပို့ပါမည့်အကြောင်း ပြောလာတော့လည်း ၀မ်းသာရပြန်ပါတယ်။သို့နှင့် မနက်ဖန် သွားမဲ့ခရီးအတွက် ခရီးစဉ်ဆွဲကာ ည ၁၁ နာရီမှာ အိပ်ရာဝင်ခဲ့ကြပါတယ်။ (ဆက်လက်ဖေါ်ပြပါဦးမည်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP