* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 12, 2009

သာသနာတော်အရေးတွေးပေး ပါ


ပထမတော့စာရေးချင်တဲ့စိတ်ပျောက်သွားသလိုခံစားလိုက်ရတယ်ပြီးတော့ဘလော့ကိုဖျက်ပစ်မယ်လို့စဉ်းစားမိ တိုင်း၊နှမျှောမိနေတယ်၊
ဘာရုပ်မှပေါက်တဲ့ဘလော့ဆိုပေမဲ့သုံးနှစ်နီးပါးတွယ်ဖက်မိခဲ့သောစာမျက်နာလေးကိုတော့၊ ဖက်တွယ်နေမိတယ်လေ၊ညကစဉ်းစားရင်းစာပြန်ရေးမယ်လို့၊ဆုံးဖြတ်မိပြန်တယ်။
ကျနော်ရေးနေကြအတိုင်းပေါ့ လေ ဘာသာရေးကိုဇောင်းပေးပြီးတော့ပဲဘလော့အသစ်ပြန်လုပ်မယ်ပေါ့။

ကျနော်ဘာသာရေးကိုဇောင်းပေးရတဲ့ အကြောင်းကတော့၊တရားတော်ရဲ့သိမ်မွေ့နက်နဲမှုကို၊၀ိုင်းပြီးမျှဝေခံစားဖို့၊နောက်ပြီးတော့သာသနာတော်ဟာ ကျ နော်တို့တိုင်းပြည်ရဲ့အသက်၊ ကျနော်တို့လူမျိုးတွေရဲ့ဂုဏ်သိက္ခာ၊ပြီးတော့ကမ္ဘာ့ငြမ်းချမ်းရေးကိုတည်းဆောက်နိုင် စွမ်းရှိတဲ့တစ်ခုတည်းသောဘာသာတရားလေ၊သာသနာတော်လို့ဆို လိုက်တာနဲ့၊သာသနာတော်နဲ့ဆက်စပ် နေတဲ့၊သာသနာတော်ကိုစတင်တည်ထောင်သူ၊မြတ်စွာဘုရား။
ပြီးတော့မြတ်စွာဘုရားရဲ့သင်ကြားချက်တွေဖြစ်တဲ့ဓမ္မ၊နောက်တော့သံဃာတော်တွေ၊ကနေ့ထိသာသနာတော်အတွက်အသက်ပေးခဲ့ကြကုန်သော၊အသက်ပေးနေကကုန်သော၊ဘ၀တစ်ခုလုံးပုံပြီးသာသနာ့တော် အတွက်တာဝန်ထမ်းရွက်နေကြကုန်သော..သံဃာတော်တွေပါတယ်

ပြီးတော့ဥပသကာတွေ၊ဥပသကီတွေရှိနေတယ်၊နောင်လာမဲ့မျိုးဆက်တွေလက်ထဲကို၊ဘုရားအလိုတော်ကြဘုရားဝါဒကို ၊ကျနော်တို့ချပေးနိုင်အောင်ဝိုင်းပြီးလုပ်ရပါ့မယ်၊ရင်ထဲကိန်းအောင်ပျိုးထောင်ပေး၇ပါလိမ့်မယ်၊ဗုဒ္ဓဘာသာ လို့အမည်ခံထားသူတိုင်းမှာ၊ဒီတာဝန်ဟာသမိုင်းပေးတာဝန်ပါ၊မသိသလိုနေကြရင်..မသိသလိုပြဲဖစ်သွားလိမ့်မယ်။

သာသနာတော်ကို၊ဘုရားကို၊တရားတော်ကို၊သံဃာတော်ကိုရင်မှာမရှိပဲ၊နုတ်ဖျားလုပ်ယုံလေးနဲ့တော့လူကြား ကောင်းယုံလေးမချစ်ကြပါနဲ့လို့တောင်းပန်လိုပါတယ်၊တစ်ခြားဘယ်သူ့ကိုမှ လည်းအဲ လိုရင်ထဲမရှိပဲနဲ့ ချစ်ကြရင် ဒုက္ခပေးသလိုဖြစ် တတ်တယ် လေ၊။

ချစ်ခြင်းရဲ့တခြားသောမျက်နာစာမှာ၊ကိုယ်ချစ်တဲ့သက်ရှိ၊သက်မဲ့အရာအားလုံးအတွက်အနစ်နာခံစွန့်လွတ်မှု၊၀မ်း မြောက်ဝမ်းသာပေးဆပ်လိုမှုနဲ့ပေးဆပ်မှုဟာ၊
မိုးကောင်းကင်နဲ့တိမ်တိုက်တွေ လို၊
မီးနဲ့ မီးရောင်လို၊ခွဲခြားလို့ မရ ဘူး၊ဒီတော့ ချစ်ရင်အနစ်နာခံပါ၊
အနစ်နာခံမှုမရှိတဲ့ချစ်ခြင်းဟာ၊
ရနံ့ကင်းတဲ့ပန်း၊ဆားမပါတဲ့ဟင်းလိုပဲ..ဘာမှလုပ် လို့မရ ဘူးလေ။

ကျနော်ကတော့အဲလိုပဲမြင်တယ်၊နားလည်တယ်၊ကျင့်တယ်၊သာသနာတော်ဟာကျနော်တို့အတွက်အဖိုးမဖြတ်နိုင်မှန်း၊သိနေရက်နဲ့၊ဘရမ်းဗတာဖြစ်ခွင့်ပေးထားရင်၊သာသနာတော်ကိုလုပ်ချင်သလိုလုပ်၊ငါမလုပ်ရင်ရပြီလို့သဘောပိုက်ပြီးနေကြရင်နောင်အနှစ်တရာ၊ဗမာပြည်မှာစစ်မှန်တဲ့သာသနာတော်ရှိနေပါဦးမလား?
ဘူတန်လို၊အန္ဒိယလို၊တိဗက်လို၊တခြားဗုဒ္ဓဘာသာရောက်ခဲ့ဖူးတဲ့နိုင်ငံတွေလိုဖြစ်မသွားနိုင်ဘူးလား?ဘုရားရှင်သက်တော်ထင်ရှားရှိနေစဉ်က၊မဟာသတိပဋ္ဌာနသုတ်ကိုဟောတော်မူခဲ့တဲ့ကုရုတိုင်းဟာ၊ယခုတိဘက်ပြည်နေရာပါလို့ကန္နီဆရာတော်ကြီးပြုစုတော်မူတဲ့သစ္စာပါရဂူ၊ယောဂီပါရဂူကျမ်းတွေမှာအတိအလင်းတွေ့ရတယ်၊ဒီလောက်သာ သနာတော်အတွက်အရေးကြီးတဲ့ မဟာသတိပဋ္ဌာနသုတ်ကိုဟောခဲ့တဲ့ တိဗက်မှာ သာသနာတော်ရဲ့အနစ်အသား
ဖြစ်တဲ့ဝိပဿနာတရားတော်မကျန်ခဲ့ဘူးလို့ ထင်ရပါတယ်၊ဘာကြောင့်လည်းဆိုတာကိုတော့ သမိုင်းပညာရှင်နဲ့ သုတေသီတွေ ပိုပြီးသိမှာပါ၊။

အခုအွန်လိုင်းပေါ်မှာ..တချိန်တုံးက၀ိနိစ္ဆယချထားပြီးဖြစ်တဲ့ဗာလဓမ္မတွေပြန်ပြီးအသက်ဝင်လာနေသလို၊ဘုရားတောင်မှမှားနေတယ်လို့ပြောတဲ့အသံတချို့လည်းကြားနေရပါတယ်၊

ဒါသာသနာတော်အတွက်မကောင်းတဲ့ဟာတွေပါ၊ ပြီးတော့ရါပ်သာတောင် ခြေတစ် လှမ်း မထိုး ဘူးတဲ့သူများက သောတာပန်ဖြစ် နေကြတာကို ကျနော့်မိတ်ဆွေဆရာဝန်ကြီးပြောတာ သိရတယ်၊ရင်မောပါတယ်၊ ။

တကယ်တမ်းတရားတော်ကို သိချင်တတ်ချင်နားလည်ချင်ရင်ဆရာရှာပါ၊ သေသေချာ ချာ သင်ပါ၊ အားထုတ်ပါ လို့မေတ္တာရပ်ခံခြင်ပါတယ်၊ လက်ထပ်သင်မှရတာပါ၊

ဥပသကာတို့ညံ့တယ်ပြော လည်းရပါတယ်၊စာဖတ်တာ နဲ့ လက်တွေ့ လုပ်တာဟာတစ်ခြားစီပါ၊ ရိပ်သာတစ်ခု တည်းမှာတင် အချိန်ယူပြီး (၁) လ (၂) လလောက် လုပ်ကြည့်စေချင်ပါတယ်၊ ဘယ်နည်း ကောင်းတယ်ဆိုတာကိုတော့ ကိုယ့် တိုင်ရွေးချယ်ရမှာပါ။

ရမ်းလုပ်ရမ်းပြောတာနဲ့လုပ်ကြည့်ပြီးပြောတာကွာပါတယ်စာဖတ်ရုံသက်သက်၊တွေးတောကြံစည်နေရုံသက်သက်နဲ့ ဘုရားဆို လိုတဲ့သစ္စာတရားကို ဘယ် တော့မှ မသိပါ ဘူး၊ ဆရာဆိုတဲ့နေရာမှာလည်း လူဆရာ၊ရဟန်းဆရာ၊စာဆရာ အား လုံး လို ပါတယ်၊

ကျနော်ကိုတိုင်လည်းအမှားမကင်းခဲ့ပါ၊ရိပ်သာကထွက်ပြေးဖူးသလို၊စိတ်ကြီးဝင်ပြီးဓုတင်ဆောင်တာသေးမှတ်တတ်လူး အောင် ကြောက်လှန့်ထွက်ပြေးခဲ့ဘူး ပါတယ်။

ထိုင်ရက်အိပ်ပျော်နေတာကို ဈာန်ဝင်စားတေယ်လို့ ထင်ဘူး သလို၊ဟို ပဲရောက်နေသလို ထင်ခဲ့ ဖူးပါတယ်၊ နောက်ဆုံးတော့ ဘာမှ မဟုတ်သေးမှန်သိလာ တယ်၊

အခု လည်း ဘာမှ မဟုတ်သေးပါလိုပြော လိုပါတယ်၊။ သာသနာတော်ရဲ့တကယ့် အနှစ်ကို တွေ့ ချင်ရင်ဆရာကောင်းကိုရှာကြပါ လို့မေတ္တာရပ်ခံလိုက်ပါတယ်။
လိပ်စာလည်းပြောင်းပါတယ်ခင် ဗျ
http://upasaka969.wordpress.com/ ပါ



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP