* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 19, 2009

အမိဖြစ်သူ မနှစ်သက်...

ဥတ္တရမာတုပေတိဝတ္ထု -

သားဖြစ်သူဥတ္တရက ဒါနပြုသည်ကို အမိဖြစ်သူ မနှစ်သက် ကန့်ကွက်ဆဲရေးခဲ့ မိသောကြောင့် ကွယ်လွန်သောအခါ ပြိတ္တာဘဝ၌ ငါးဆယ့်ငါးနှစ်ပါတ်လုံး အစာနှင့် ရေကို မသုံးစားရ ဂင်္ဂါမြစ်ကို တွေ့သော်လည်း သွေးအတိဖြစ်၍ မသောက်ရ ဒုက္ခကြီးစွာ ခံစားရသော ပြိတ္တာမအကြောင်း…

ထိုပြိတ္တာမ၏ ဆံပင်တို့သည် အလွန်ရှည်လျားကုန်၏၊ မြေကြီးတိုင်အောင် တွဲရရွဲ ကျကုန်၏၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်ရှိ၍ ကြောက်မက်ဖွယ် အမြင်ရှိသော ထိုပြိတ္တာမသည် ဆံပင်တို့ဖြင့် ကိုယ်ကို ဖုံးလွှမ်းလျက် ဂင်္ဂါမြစ်ကမ်းနား၌ နေသော နေ့သန့်စင်ရာ အရပ်သို့ သွားသော ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ရဟန်းအား ဤစကားကို လျှောက်၏၊

အရှင်ဘုရား အကျွန်ုပ်သည် သေလွန်သည်မှ အစပြု၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ထမင်းစားရသည်ကို လည်းကောင်း,သောက်ရေ သောက်ရသည်ကို လည်းကောင်း မသိစဖူးပါ၊ အကျွန်ုပ်သည် ရေမွတ်သိပ်လှပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်အား ရေကို ပေးတော်မူပါလော့ဟု (ပြောဆို လျှောက်ထား၏)။

ဤဂင်္ဂါမြစ်သည် အေးသောရေ ရှိ၏၊ ဟိမဝန္တာမှသာလျှင် စီဆင်း၏၊ ဤဂင်္ဂါမြစ်မှ ယူလျက်သောက်ပါလော့၊ အဘယ့်ကြောင့် ငါအား သောက်ရေကို တောင်းဘိသနည်း ဟု မထေရ်က ပြော၏။

အရှင်ဘုရား အကျွန်ုပ်သည် ဂင်္ဂါမြစ်၌ ရေကို အကျွန်ုပ် ကိုယ်တိုင် ယူခဲ့ပါမူ ရေသည် အကျွန်ုပ်အတွက် သွေးအဖြစ်ဖြင့် ပြောင်းလဲသွားပါ၏၊ ထို့ကြောင့် သောက်ရေကို တောင်းပါ၏ဟု လျှောက်၏။

သင်သည် ကိုယ်ဖြင့် လည်းကောင်း, နှုတ်ဖြင့် လည်းကောင်း, စိတ်ဖြင့် လည်းကောင်း အဘယ် မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်သည် သင့်အတွက် သွေးဖြစ်ရပါသနည်းဟု မထေရ်က မေး၏။

အရှင်ဘုရား ဥတ္တရမည်သော အကျွန်ုပ်၏ သားသည် ယုံကြည်မှု 'သဒ္ဓါ' ရှိသော ဥပါသကာ ဖြစ်ခဲ့ပါ၏၊ ထိုသားသည် အကျွန်ုပ် အလိုမရှိဘဲ ရဟန်းတို့အား သင်္ကန်းကို လည်းကောင်း, ဆွမ်းကို လည်းကောင်း, သူနာ၏ အထောက်အပံ့ ဆေးကို လည်းကောင်း, အိပ်ရာနေရာကို လည်းကောင်း ပေးလှူပါ၏၊ ထိုပေးလှူသော သားကို အကျွန်ုပ်သည် ဝန်တိုမှု 'မစ္ဆရိယ' နှိပ်စက်အပ်သည်ဖြစ်၍ ဆဲရေး ရေရွတ် ကြိမ်းမောင်းမိပါ၏။

ဥတ္တရ အကြင်သင်သည် ငါ အလိုမရှိဘဲ သင်္ကန်းကို လည်းကောင်း, ဆွမ်းကို လည်းကောင်း, သူနာ၏ အထောက်အပံ့ဆေးကို လည်းကောင်း, အိပ်ရာနေရာကို လည်းကောင်း ရဟန်းတို့အား ပေးလှူ ဘိ၏။ ဤအလှူဝတ္ထုသည် သင့်အတွက် တမလွန်ဘဝ၌ သွေးဖြစ်စေသတည်း ဟု ဆဲရေး ရေရွတ် ကြိမ်းမောင်းမိပါ၏၊ ထိုမကောင်းမှုကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်ရေသည် အကျွန်ုပ်အတွက် သွေးဖြစ် နေပါတော့၏ ဟု လျှောက်၏။

၁ဝ - ဥတ္တရမာတုပေတိဝတ္ထု၊ ဥဗ္ဗရိဝဂ်၊ ပေတ၀တ္ထု၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP