* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 19, 2009

ယိုသူမရှက် မြင်သူရှက်

ကျွန်တော် ကိုးတန်းကျောင်းသားလောက်က ၀တ္ထုဖတ် အင်မတန်ဝါသနာပါသည်။ စာအုပ်ဆိုင်မှာ နေ့တိုင်း နှစ်အုပ်နီးပါးခန့်ငှားရမ်းဖတ်လေ့ရှိသည်။ တနေ့ ကျွန်တော် စာအုပ်ဆိုင်မှာ စာအုပ်ရွေးနေတုန်း ဘေးနားမှာ တစုံတယောက်လာရပ်သည်။ လှည့်ကြည့်လိုက်မိတော့ ဘုန်းကြီးတစ်ပါး..။ သူ့လက်ထဲက စာအုပ်က အချစ်ဝတ္ထု..။ ထပ်ရွေးနေသေးသည်။ စာအုပ်ဆိုင်က မိန်းမကိုကြည့်လိုက်တော့ စပ်ဖြီးဖြီးနှင့်..။ ထိုမိန်းမကို ခပ်တင်းတင်းကြည့်ပြီး ဆိုင်ထဲမှ ထွက်ခဲ့မိသည်။

…………………………..

လွန်ခဲ့သည့် လက မလေးရှားကို ရောက်ဖြစ်သည်။ တနေကုန်အလုပ်ထဲမှာ ပင်ပန်းတော့ ညဖက်ရောက်လျှင် ပင်လယ်စာသွားစားလေ့ရှိသည်။ ဘာဟင်းစားမလဲလို့ မီနူးကိုကြည့်တုန်း ယပ်တောင်လေးနှင့် ဘုန်းကြီးတစ်ပါး..။ အလှူခံခြင်းပင်။ ဘယ်ဘုန်းကြီးမှ ညနေဆွမ်းခံ မကြွ။ မူဆလင်တွေကြားမှာ ဒီလိုမျိုးကိုမြင်ရတော့ ခေါင်းကိုငုံ့ထားမိအောင် ရှက်သည်။ စားရသည့် အစားအစာ ဘာအရသာမှ မရှိတော့။

…………………………

ကျွန်တော့အမေက သူနာပြုဆိုတော့ မကြာခဏ သူထိုင်ရာ ဆေးခန်းကို လိုက်သွားမိသည်။ အမျိုးသမီးတစ်ယောက် လူနာလာပြသည်။ မူဆလင်မတစ်ယောက်။ မျက်လုံးလေးကိုပဲ ဖော်ထားပြီး တကိုယ်လုံးခြုံထားသည်။ စကားပြောရင်းဆိုရင်းနှင့်မှ သူမသည် မူဆလင်အစစ် မဟုတ်။ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ယောင်္ကျားယူမှ လိုက်ပြောင်းသွားခြင်းဖြစ်သည်။ မူဆလင်မတွေထက် ပိုဆိုးအောင် ဘာသာရေးစိတ်ပြင်းထန်လှသည်။

………………………….

ယိုသူမရှက်ပေမယ့် မြင်သူရှက်သည်။ သာသနာပြုနေသည့် သံဃာတော်တွေ မရေမတွက် နိုင်အောင် များပြားသော်ငြားလည်း…. ယူစရာ ယောက်ျားများပြားသော်ငြားလည်း….။ ငခုံးမတစ်ကောင်ကြောင့် တလှေလုံးပုပ်သည်။ ဘာသာတရားမသိသူများကြောင့် သာသနာတော် ညစ်နွမ်းရသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP