နှစ်ကြိမ်မချိုးနိုင်သောမြစ်ရေ,သို့မဟုတ်,သိပ္ပံပညာ(၇)
Image by tomt6788 via Flickrရှေးရိုးသိပ္ပံ အယူအဆတွေကို ရိုက်ချိုးပစ်တဲ့ အခြား တစ်ခုကတော့ အက်တမ်ကို ရှာတွေ့တာ ဖြစ်ပါတယ်။ အက်တမ်ရဲ့ ၉၉.၉ ရာခိုင်နှုန်းမှာ အာကာသကွက်လပ်သာလျှင် ရှိတယ်။ အက်တမ်ဒြပ်ထုအလေးချိန်ရဲ့ ၉၉.၉ ရာခိုင်နှုန်းဟာ အက်တမ်နဲ့နှိုင်းယှဉ်ရင် အလွန့်အလွန်သေးငယ်တဲ့ နေရာကွက်ကွက်ကလေးမှာ စုပုံနေတာ ဖြစ်တယ်။ ဒီအချက်ကို ရူသာဖို့ဒ် (Earnest Rutherford)က တွေ့တယ်။
သူ့မှာ အယ်လ်ဖာ မှုန်က အက်တမ် ညူကလီးယပ်စ်ကို ရိုက်ပြီး ပြန်ကန်လာတာကို သတိပြုမိတဲ့နောက် သိပ်အံ့အားသင့်လွန်းလို့ ကေဗန်းဒစ်ဓာတ်ခွဲခန်း (Cavendish Labortory) ကနေထွက်ခွာ၊ မိတ်ဆွေတွေဆီ ရက်အနည်းငယ် လောက်သွားနေပြီး ထရီနီတီကောလိပ် (Trity Colleg) နောက်ကျောက (နယူတန် ပန်းသီးကြွေကျ တာကို လေ့လာဖူးတဲ့ )ပန်းခြံမှာ သူ့တွေ့ရှိချက် အသစ်ကို လက်ခံချင့်ချိန်ဖို့ လမ်းလျှောက် ထွက်ခဲ့ရသတဲ့။[ ဆက်ဖတ်ရန် +/- ]
အနုမြူသိပ္ပံပညာရှင် တွေဟာ အက်တမ်ကို နေစကြာဝဠာ အသေးစားသဖွယ် စဉ်းစားပြီး ညူကလီးယပ်စ်ရဲ့ ဘေး ပတ်လမ်းတွေမှာ အီလက်ထရွန်ကို ထည့်ဖို့ ကြိုးစားခဲ့ကြတယ်။ ရှုလော့။ အီလက်ထရွန်များဟာ နယူတန်ရဲ့ (ရှေးရိုးသိပ္ပံမှာ သိပ်အောင်မြင်ခဲ့တဲ့ )ရွေ့လျားမှုနိယာမ ကို ဆန့်ကျင်ကြကုန်ပြီ။ အီလက်ထရွန်တွေ လိုက်နာတဲ့ နိယာမသစ်များကို ရှာဖွေခဲ့ကြရ ကုန်ပြီ။
၂၀ရာစု ပါရာဒိုင်းပြောင်းလဲခြင်း (Paradigm shift) ဟာ အဓိကအားဖြင့်တော့ ကွမ်တန် မက္ကင်းနစ်ကို တွေ့ရှိခဲ့ကြလို့ ဖြစ်တယ်။ ကွမ်တန်မက္ကင်းနစ်က အီလက်ထရွန်တွေရဲ့ အပြုအမူနဲ့ အခြားကိစ္စတွေကို နိုင်နင်း အစိုးရ လေတယ်။ နောက်ပိုင်းမှာ ၀ါနာဟိုင်ဆင်ဘတ်ဂ် (Werner Heisenberg) ဟာ မရေရာမသေချာမှု ဥပဒေသ (Uncertainity principle) ကို ရှာတွေ့ခဲ့တယ်။ နှိုင်းရသီဝရီ၊ ကွမ်တန်မက္ကင်းနစ်နဲ့ မရေရာမသေချာမှုဥပဒေသ တို့ဟာ မော်ဒန်သိပ္ပံရဲ့ အခြေခံ အုတ်မြစ်တွေဖြစ်တယ်။
Written-Dr.Granville Dharmawardena
Translated-Ahlataya

0 comments:
Post a Comment