* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 19, 2009

How Big Are You?

၁၆၊ ၅၊ ၂၀၀၉ (စနေနေ့ ) တုန်းက ဘုန်းဘုန်း ဦးတိက္ခဉာဏလင်္ကာရ (ယောဆရာတော်) ရဲ့ “ကူညီဖေးမ ပရဟိတ” ခေါင်းစဉ်နှင့် တရားတော်ကို အွန်လိုင်းကနေ နာယူလိုက်ရပါတယ်။ ဆရာတော်က “ဆ၀ါလာတ သုတ္တန်” ကိုအခြေခံပြီး ဟောာကြားဆုံးမသွားခဲ့ပါတယ်။

ဘုန်းဘုန်း ဦးတိက္ခဉာဏရဲ့ တရားကို နာယူနေရင်းက ကျွန်တော်တရားတိပ်ခွေလေးတစ်ခုကို ချက်ချင်းသတိရ လိုက်တယ်။ ဆရာတော်ဦးဇောတိက ၁၉၉၇ခုနှစ်လောက်က သြစတြေးလျမှာ ဟောထားတဲ့တရားလေးပါ။ "Giving & Loving" တဲ့။ ကျွန်တော် မကြာမကြာနာဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ထဲမှာ ကိုယ့်အတ္တတွေနှင့် ပိတ်လှောင်မွန်းကြပ်မှုတွေ ဖြစ်လာတဲ့ အချိန်တွေမှာပေါ့။


တရားထဲမှာ ဆရာတော်က လူတစ်ယောက်အကြောင်းကို အဓိကပြောသွားပါတယ်။ Dr. Albert Schweitzer အကြောင်းပါ။ အာဖရိကကိုသွားပြီး ဘ၀ကိုမြှုပ်နှံပြီး လူသားအကျိုးပြုအလုပ်တွေ လုပ်ခဲ့တဲ့ ဆရာဝန်တစ်ယောက်အကြောင်းပါ။ ကျွန်တော် သူ့ အကြောင်းကို နားထောင်မိတိုင်း အားကျကြည်ညိုစိတ် ဖြစ်ရပါတယ်။ သူ့ ဘ၀နှင့် သူ့ လုပ်ဆောင်မှုတွေကို စာပေမှာရှာဖတ်တော့လည်း တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အတုယူဖို့ ကောင်းပါတယ်။ ကြည်ညိုစရာကောင်းပါတယ်။

သူဟာ တခြားဘာသာဝင်တစ်ယောက်ပါ။ တခါတလေ သူ့ လုပ်ငန်းအတွက် ပိုက်ဆံလိုရင် ဥရောပနိုင်ငံတွေမှာ လိုက်တရားဟောပြီးတောင် ရံပုံငွေရှာတဲ့သူပါ။ ဒါပေမယ့် သူ့ ရဲ့ လုပ်ဆောင်မှုတွေကတော့ ဗုဒ္ဓအလိုကျ ဖြစ်နေပါတယ်။ သူ့ ရဲ့ စိတ်ဓါတ်ကလည်း ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာနေသူလိုပါဘဲ။ တခါက သူ့ အကြောင်းကို ဦးဇင်းလေးတစ်ပါးနှင့် ပြောဖြစ်တော့ သူက တကယ်လို့ သာ ဒီပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုရင် ဦးဇင်းတို့ က ဆုကြီးပန်လို့ တောင် ပြောချင်တာတဲ့။

ဟုတ်ပါတယ်။ ဒီဆရာဝန်ကြီးဟာ တကယ်ကိုကိုယ်ကျိုးစွန့် ပြီး အများအကျိုးကိုလုပ်သွားခဲ့သူပါ။ ဗုဒ္ဓဘာသာဝင်လို့ နာမည်ခံထားတဲ့ ကျွန်တော်တောင် သူ့ စိတ်ဓါတ်ရဲ့  တစ်စိတ်တစ်ပိုင်းကို မှီဖို့  အချိန်တော် တော်ယူပြီး ကြိုးစားရအုံးမှာပါ။

ဆရာတော်ဦးဇောတိက က သူ့ ရဲ့ တရားကို ကဗျာတစ်ပုဒ်နှင့် အဆုံးသတ်ထားပါတယ်။ ကဗျာနာမည်က "Splendid Torch" တဲ့။ George Bernard Shaw ရဲ့ လက်ရာပါ။ အဲဒီကဗျာကို နားထောင်ရင်း၊ ဖတ်ကြည့်ရင်း အဲဒီကဗျာထဲမှာသုံးထားတဲ့ "Use Up" ဆိုတဲ့စကားလုံးလေးက ကျွန်တော့်ကို စဉ်းစားစရာတွေ အများကြီးဖြစ် စေခဲ့ပါတယ်။

ကျွန်တော်တို့ ဒီဘ၀ ကံအလျောက်ရလာတဲ့ ခန္ဓာကြီးကို ဘယ်လောက်ထိအသုံးချခဲ့ပြီးပြီလဲ။ ဘာတွေအတွက် အသုံးချခဲ့ပြီးပြီလဲ။ မြတ်စွာဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းကြီးများကတော့ သူတို့ ရရှိလာတဲ့ ခန္ဓာကိုယ်ကို မိမိအကျိုး၊ သူတစ်ပါးအကျိုးတွေအတွက် အကုန်အသုံးချပြီး ဖယောင်းတိုင် တစ်တိုင်ရဲ့  မီးစာရော၊ ဖယောင်းရော ကုန်တော့မှ မီးငြိမ်းသလိုမျိုး အသုံးချလို့ ရသမျှ အကုန်ထုတ်ပြီး သုံးသွားခဲ့ကြပါတယ်။ နောက်ဆုံး ခန္ဓာဝန်ချမယ့်အချိန်အထိ အများဝေနေယျတို့ ရဲ့ အကျိုးကို ရှေ့ ရှုဆောင်ရွက်တော်မူသွားခဲ့ကြပါတယ်။

မြတ်စွာဘုရား နှင့် အရိယာသူတော်ကောင်းတို့ ရဲ့ တပည့်ဖြစ်ချင်ကြတဲ့ ကျွန်တော်တို့ ကရော ဘယ်အတိုင်း အတာအထိ ကျွန်တော်တို့ ဘ၀တွေကို ဘာတွေအတွက် အသုံးချခဲ့ပြီးပြီလဲဆိုတာ ပြန်သုံးသပ်စရာကောင်း ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ရဲ့ နောက်ပိုင်း မျိုးဆက်သစ်တွေအတွက်ကော ဘာတွေ ပြင်ဆင်ပေးပြီးပြီလဲ။ လက်ဆင့်ကမ်းပေးရမယ်ဆိုရင်ကော ဘာတွေကို ပေးခဲ့မှာလဲ။

ဘုန်းဘုန်း ဦးတိက္ခဉာဏရဲ့ တရားတော်ကို အဲဒီညကနာလိုက်ရာက အချိန်တော်တော်ကြာ ကိုယ့်ကိုယ်ကို မမေးဖြစ်တော့တဲ့ ဒီမေးခွန်းတွေခေါင်းထဲ ပြန်ရောက်လာအောင် သတိပေးလိုက်သလို ဖြစ်သွားပါတယ်။

"Giving & Loving" တရားခွေထဲမှာ ဆရာတော် ဦးဇောတိက က "How big are you?" လို့ မေးထားပါတယ်။ ကျွန်တော်လည်း ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုရော၊ ညီအကိုမောင်နှမအားလုံးကိုပါ ထပ်ဆင့်ပြီး မေးလိုက်ပါတယ်ခင်ဗျား။ "HOW BIG ARE YOU?" လို့ ။


Splendid Torch


This is the true joy in life:

the being used for a purpose

recognized by yourself as a mighty one.


The being a force of nature,

instead of a feverish, selfish little clod of ailments and grievances

complaining that the world will not devote itself to making me happy.


I am of the opinion that

my life belongs to the whole community,

and as long as I live,

it is my privilege to do for it whatever I can.


I want to be thoroughly used up when I die -

for the harder I work, the more I live.

I rejoice in life for its own sake.


Life is no "brief candle" to me;

it is a sort of splendid torch

which I have got hold of for the moment,

and I want to make it burn as brightly as possible

before handing it on to future generations.



(George Bernard Shaw)



ရိုသေလေးစားရပါသော ဘုန်းဘုန်းဦးတိက္ခဉာဏလင်္ကာရ နှင့် ပရဟိတလုပ်ငန်းများကို အားကျိုးမာန်တက် လုပ်ဆောင်နေကြတဲ့ ညီအစ်ကိုမောင်နှမများအားလုံးကို ဒီဆောင်းပါး၊ ဒီကဗျာလေးဖြင့် ရိုသေစွာဂါရ၀ပြု လိုက်ပါသည်။


လေးစားစွာဖြင့်
ဝိမုတ္တိသုခ



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP