* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 19, 2009

*ကိုဝင်းမြင့်၏ သွန်သင်မှုများ (၇)*


11:33 PM ၄၄: destop ပေါ်တင်ပြီး ကြည်ညိုသဒ္ဓါ ပွားနိုင်အောင်လို့ပါ

11:34 PM me: ဟုတ်ကဲ့ အစ်ကို... ပိုင်းလော့ ဆရာတော် ဘုရားကြီး ဆိုက်က ပုံလေးလည်း သဘောကျတယ်

11:36 PM ၄၄: ဟုတ်တယ်ညီလေး..

11:37 PM အဓိကတော့ ပုံတော်ကို မြင်တာနဲ့ ဂုဏ်တော်.. ကျေးဇူးတော်... ဉာဏ်တော်... တန်ခိုးတော်.. စသသည်ဖြင့် တစ်ခုခုကို အာရုံပေါ်စေပါတယ်..

me: ဟုတ်

11:38 PM ၄၄: ဆိုလိုတာက ပုံတော်က အကြောင်း.. အဲဒီအကြောင်းက အဆင်းအာရုံနှင့် ကျေးဇူးပြုပြီးတော့.. ဥပမာ.. ဂုဏ်တော်ကို အောက်မေ့မှု ကလေးဖြစ်သွားတာက ဓမ္မာရုံအဖြစ် အကျိုးပေါ်သွားတာပေါ့

11:39 PM ဘုရားပုံနေရာမှာ မင်းသမီး နို့ပေါ်တဲ့ ပုံကို တင်ထားရင် အကုသိုလ်ကို ဖြစ်စေတဲ့ အကြောင်းအဖြစ် ကျေးဇူးပြုမယ်ပေါ့

me: ဟုတ်

11:40 PM ၄၄: ဆိုလိုချင်တာက ခုခတ်မှာ ကွန်ပျူတာ ပေါ်လာတော့.. သူ့အပေါ်မှာ တည်၍ အကုသိုလ် အကျိုးဆက် ...ကုသိုလ် အကျိုးဆက်အားဖြင့် ဖြစ်ကြတဲ့ သဘောကလေးကို မြင်အောင် ပြောပြတာပါ..

အကုသိုလ်ဆိုတာလည်း ကြံဖန်ဖြစ်တတ်တဲ့အမျိုးလည်း ရှိတယ်...

me: ဟုတ်

11:41 PM ၄၄: ဥပမာ.. မောက်စ်ပတ်က နို့သီးလေး နှစ်လုံးနဲ့လေ... အဲဒါလေးကို ဝယ်လာပြီးတော့ မောက်စ်ကိုင်တော့ကိုး... ဒါလေးကို ကိုင်ပြီးတော့ သာယာနေတာရှိတယ်..

ဒါသည် အကုသိုလ် ကြံဖန်ကို ဖြစ်သွားတာပေါ့
ထူးဆန်းစွာ ဖြစ်ပုံပဲ လို့ ရှေးက ကွန်ပျူတာမသုံးဖူးသူ မဖြစ်တဲ့ အကုသိုလ်မျိုးပေါ့။

11:42 PM ဒီလို ကြံဖန်ကို ထူးဆန်းစွာဖြစ်တဲ့ အကုသိုလ် သဘောကလည်း ခုခတ်မှာ ရှိလာတော့.. သူနဲ့ ပြောင်းပြန် သဘောကိုလည်း သုံးသပ်တတ်ရတယ်တဲ့..

me: ဟုတ်

၄၄: တရားဆိုတာ ဘယ်သောအခါမှ တစ်ဘက်သတ်မရှိဘူး..
11:43 PM ဟိုလိုဆိုရင် ဒီလိုလေး လည်းရှိတတ်တာကို သဘော လို့လည်း ခေါ်တယ်
သဘာဝလို့လည်း ခေါ်တယ်..
တရားလို့လည်း သုံးတယ်
ဓမ္မလို့လည်း ခေါ်ဆိုတယ်လို့ မှတ်ရမယ်နော
ဒီတော့ ဟိုလိုကို ဒီလိုလေးလုပ်ရင်

11:44 PM အကုသိုလ်ဆိုတာ ဒီလို ကြံဖန်ဖြစ်တာဆိုတော့...ဟိုလိုသဘောအားဖြင့်.. ကုသိုလ်ဆိုတာ ကြံဖန် ဖြစ်တာလည်း ရှိတယ်..

ဥပမာဖြင့် ပြောပါဆိုလျင်..
Desktop ပေါ်မှာ မိုးကုတ်ဆရာတော် ဘုရားကြီးပုံတော်ပဲ တင်ထားပါအုံးလော့..
11:45 PM မိုးကုတ်ဆရာတော် ဘုရားကြီး ဆုံးမတဲ့ အဆုံးအမကို သတိရ အောက့်မေ့မှုဖြစ်စေတယ်..

me: ဟုတ်ကဲ့

၄၄: မြတ်စွာဘုရားကို တင်ထားရင်တော့ ဂုဏ်တော်ပဲ ဖြစ်ဖြစ်
ဉာဏ်တော်ပဲ ဖြစ်ဖြစ်
တန်ခိုးတော်ပဲ ဖြစ်ဖြစ်
ကျေးဇူးတော်ပဲ ဖြစ်ဖြစ်..
ကရုဏာတော်ပဲ ဖြစ်ဖြစ်..
အို..အများကြီးပါ...

11:46 PM ဓမ္မပဒက စာပိုဒ်လေး တစ်ပိုဒ်အားဖြင့် ဖြစ်ဖြစ် သတိရအောက်မေ့မှုကို ဖြစ်စေတယ်
ဒီလိုပါလား..

me: ဟုတ်

၄၄: ဒီ ကုသိုလ်မျိုးသည် ဟိုးရှေ့က ကွန်ပျူတာ မပေါ်ခင်တုံးက မဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပေါ့
11:47 PM ဒါမျိုးတွေ ပါ..

me: ဟုတ်

၄၄: ကြံကြံဖန်ဖန် ဖြစ်နေတာတွေ ရှိတယ်နော
သတိလေးထားပြီး ဉာဏ်တင်ကြည့်မှ မြင်တာမျိုး

11:48 PM သတိမထား.. ဉာဏ်တင်မကြည့်ရင်.. ခုနက ပြောသွားတဲ့.. မောက်စ်ပတ်.. နို့သီးလေး နှစ်လုံးကို သုံးနေရင်း အကုသိုလ် ဖြစ်ဖြစ်သွားတာကို မသိနိုင်ဘူး..

11:49 PM me: ဟုတ်ကဲ့

11:50 PM ၄၄: ဒါကြောင့်... ကြံကြံဖန်ဖန်ကို ဉာဏ်တင်ကြည့်ရမယ်..
ဉာဏ်တင်ကြည့်တတ်ဖို့ ဉာဏ်အမြော်မြင်ရှိတဲ့ ဆရာတော်ဘုရားကြီးများ ဟောတဲ့ တရားကို နာယူရမယ်..

11:51 PM ဆရာတော် ဘုရားကြီးများ ဟောတဲ့တရားကို မနာဘဲ.. မြတ်စွာဘုရားရှင်၏ အဆုံးအမကို နားလည်တဲ့သူ ဆိုတာ ရှားတယ်.. မရှိသလောက်ပါပဲ။

me: ဟုတ်

၄၄: ဘုရားဆိုတာက ဆရာမကူ သယမ္ဗူဉာဏ်ဖြင့် တရားကို သိတာ..
11:52 PM သံဃာတော်ဆိုတာ ဘုရားအကူကို ပါဠိတော်ဓမ္မက ယူ၍ တရားကို သိတာ...
လူဆိုတာကတော့ သံဃာတော်အကူဖြင့်သာ တရားကို သိတာ...
ဒါမျိုး လေး သွားတာ

11:53 PM me: ဟုတ်ကဲ့ အစ်ကို

________________________________________ 11 minutes

12:04 AM ၄၄: ဒါမျိုးလေးတွေက နေ့စဉ်အားဖြင့် အမျိုးမျိုး ကြံကြံဖန်ဖန် ဖြစ်နေတဲ့ ကုသိုလ်.. အကုသိုလ်တွေ ပဲ
ဒါကို အကြားအမြင်ရှိတဲ့သူမှ သိနိုင်တဲ့အရာလို့ မှတ်ရမယ်

အကြားအမြင်ဆိုတာ အကြားအရာမှာ နားကို ပမာနှိုင်းလိုတယ်
12:05 AM အမြင်နေရာမှာတော့ အကြားပေါ်မှာ ဆင်ခြင်တဲ့ ဉာဏ်စက္ခု (ဉာဏ်မျက်စိ)ကို ပမာနှိုင်းလိုပါတယ်

အကြားအားဖြင့်သာ ရှိပြီး ဉာဏ်မျက်စိအားဖြင့် မရှိရင်လည်း အကြားမျှဖြင့် ပြီးသွားမယ်။
12:06 AM အကြားပေါ်မှာ ဆင်ခြင်သုံးသပ်တဲ့ ဉာဏ်မျက်စိဆိုတာ ရှိမှာ ပြည့်စုံလုံလောက်တဲ့ အရာဖြစ်တယ်လို့ မှတ်ရမယ်။

နားမစွင့်ဘဲနှင့်လည်း မပြီးဘူး...
ကြားတဲ့ အရာကိုပဲ ဆင်ခြင်ရမှာကိုး

12:07 AM ဥပမာ.. တဖြောက်ဖြောက်နဲ့ ကြားလိုက်တယ်ဆိုပါစို့
12:08 AM တဖြောက်ဖြောက်နဲ့ ကြားလိုက်တာနဲ့.. မိုးသီးကျသံပဲ ..မိုးရွာတော့မယ်လို့ ဆင်ခြင်လိုက်တာ.. ပြီးတော့ ငရုတ်သီး လှမ်းထားတာကို သွားရုတ်လိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကို ချမှတ်လိုက်တာ

ဒီနေရာမှာ အိပ်နေရင် မိုးသီးကျသံ မကြားရတော့ဘူး
12:09 AM ဒါဆို မိုးတော့ ရွာချတော့မှာပဲ လို့ သုံးသပ်မှု လည်း မဖြစ်..
ငရုတ်သီးကိုလည်း သွားရုတ်ဖြစ်မှာ မဟုတ်တော့ပါ။

12:10 AM ဒါကြောင့် အကြားသည် ကြားကာမျှဖြင့်သာ မပြည့်စုံတာ.. ကြားပြီး ဆင်ခြင်ဉာဏ်လိုက်ရင် ပြည့်စုံ အကျိုးများသွားပါလားလို့ သဘောပေါက်တတ်ရမယ်။

ဒါကို နားလည်ရင်..
ဒီနေရာမှာ အကြားတည်းဟူသော နားသည်သတိကို ဆိုလို၏။
12:11 AM အမြင်တည်းဟူသော ဉာဏ်စက္ခုသည် ပညာ ကို ဆိုလို၏။
ထို့ကြောင့် နေ့စဉ် ကြံကြံဖန်ဖန် ဖြစ်နေသော အကုသိုလ် ၊ ကုသိုလ်တွေပေါ်မှာ နားစွင့်ပြီး မျက်စိဖွင့်ကြည့်ပါ။
အကြားအမြင်ရှိပါစေ။

12:12 AM ကဲ...ဘာလိုလိုနဲ့.. ညီလေးကို ဓာတ်ပုံလေးပေးရင်းနဲ့ သဘောလေးတွေကို စာသားလေးအဖြစ် အသွင်ပြောင်းပေးလိုက်ပြီ။

12:13 AM me: ညီဖတ်နေပါတယ် အစ်ကို

12:14 AM ၄၄: စာသာလေးတွေကို အမြင်အာရုံမျှဖြင့် မထားဘဲ.. ဆင်ခြင်နိုင်အောင်.. ဓမ္မာရုံအားဖြင့် ဖြစ်အောင် သညာဖြင့် မှတ်ဆောင်၍.. ထိုသညာကိုလည်း ဓမ္မရုံသက်သက်ဖြင့် မထားဘဲ... သဘာတရားအားဖြင့် သော်လည်းကောင်း.. သဘာဝအားဖြင့် သော်လည်းကောင်း.. ထင်ရှားပေါ်လာအောင်... ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ပါလို့ ထပ်မံ တိုက်တွန်းပါရစေ..

ဒါနဲ့...
ခုနက ပြောရင်းနဲ့... မြတ်စွာဘုရားပုံတော်ကို Desktop ပေါ် တင်ထားရင်တော့ ဂုဏ်တော်ပဲ ဖြစ်ဖြစ်
ဉာဏ်တော်ပဲ ဖြစ်ဖြစ်
တန်ခိုးတော်ပဲ ဖြစ်ဖြစ်
ကျေးဇူးတော်ပဲ ဖြစ်ဖြစ်..
ကရုဏာတော်ပဲ ဖြစ်ဖြစ်..
အို..အများကြီးပါ...
ဓမ္မပဒက စာပိုဒ်လေး တစ်ပိုဒ်အားဖြင့် ဖြစ်ဖြစ် သတိရအောက်မေ့မှုကို ဖြစ်စေတယ်...လို့ ပြောခဲ့တယ်မလား?

12:15 AM me: ဟုတ်

၄၄: အဲဒီမှာ ညီလေး သတိထားရင်.. ကရုဏာတော် ဆိုတဲ့ စကားလုံးပါသွားတယ်...
ညီလေးအနေဖြင့် ထင်ရှားအောင်.. အကို ကြံဖန်ပြအုံးမယ်နော...

12:16 AM အခုတစ်ချက်လောက်.. ညီက ဆင်ခြင်ကြည့်ပါ..
မြတ်စွာဘုရားရှင်၏ ကရုဏာထားမှု တစ်ခုခုကိုပေါ့...

၂ မိနစ်လောက် နှလုံးသွင်းကြည့်ပါ..
အကို ကြံကြံဖန်ဖန် တစ်ခုဖန်တီးပေးမယ်
12:17 AM ပြီးရင် ပြော

12:18 AM me: ညီတွေးမိတာတော့ သုမေဓါရှင် ရသေ့ဘ၀နဲ့ ဘ၀လွတ်မြောက်ကြောင်း ရရဲ့နဲ့ သတ္တ၀ါတွေအပေါ် မေတ္တာထားပြီး အပင်ပန်းခံ အဆင်းရဲခံ ဘ၀ပေါင်းစုံ ခံစား စံစားပြီး ဘုရားဆုပန်ခဲ့တာပဲ အစ်ကို

၄၄: အေး..ညီလေး.. အများကြီးထဲက တစ်ခုကို ညီနှလုံးသွင်းမိတာပေါ့..

me: နောက် တစ်ရက်မှာ အိပ်ချိန်နည်းနည်းနဲ့ အလုပ်များများ လုပ်ခဲ့တာ

၄၄: နှလုံးသွင်းတဲ့အခါ ထင်ရှားတဲ့ သဘောအားဖြင့်လည်း ရှိသလို
12:19 AM မထင်ရှားတဲ့ သဘောအားဖြင့်လည်း ရှိတတ်တယ်
မထင်ရှားရင် ထင်ရှားအောင် ကြံဖန်ဆောင်ရမယ်ပေါ့


me: ဟုတ်
12:20 AM ပုံလေး တော်တော်ကောင်းတာပဲ အစ်ကို

၄၄: ဒီပုံတော်လေးကို Desktop ပေါ်တင်ထားရင် ကရုဏာတော်ကို နှလုံးသွင်းဖြစ်အောင် ထွန်းလင်းဆောင်စေတဲ့ အာရုံတစ်ခု ဖြစ်စေပါတယ်
12:21 AM ဒါကြောင့် ကြံကြံဖန်ဖန် ဖန်တီးရတာပါပဲ..

ဖန်တီးတယ်ဆိုတဲ့နေရာမှာ စိတ်ကူးယဉ်မြင်ကွင်းရှိတယ်။
တကယ့်မြင်ကွင်းရှိတယ်။
စိတ်ကူးယဉ် မြင်ကွင်းတစ်ချို့ကို ဖန်တီးမှုသည် ရသ သဘာဝတစ်ခုကို ဖြစ်စေတယ်..

12:22 AM ဗင်ဂိုရဲ့.. အဝါရောင် ဂျုံခင်းပေါ်မှာ ပျံနေတဲ့ ငှက်ကလေးတွေရဲ့ မြင်ကွင်းကို ရေးဆွဲခဲ့သည် ပန်ချီကားသည် အဖိုးမဖြတ်နိုင်တဲ့ ပန်ချီကားလေး တစ်ခုဖြစ်ခဲ့ပါတယ်..

ဒါသည် စိတ်ကူးယဉ်မြင်ကွင်းမဟုတ်ဘူး..တကယ့်မြင်ကွင်းလေးပေါ့...
12:23 AM ဒီမြင်ကွင်းလေးကို မြင်တဲ့သူတိုင်း လွတ်လပ်မှုရသ.. စသည်ဖြင့် သတိထား ကြည့်တတ်ရင် သတိထားသလို ရသ သဘာဝ ကို ထင်ရှားစေပါတယ်..

12:24 AM အခု ညီမြင်ရတဲ့ မြင်ကွင်းသည်လည်း.. မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်.. ညီတော် အာနန္ဒာကို ခေါ်ပြီးတော့... မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ပြုစုပေးတော်မူတဲ့ တကယ့် မြင်ကွင်းလေးပါ...

me: ဟုတ်

12:26 AM ၄၄: အဲဒီမြင်ကွင်းမှာ အနာရောဂါ ဖြစ်နေတဲ့ ရဟန်းသည်.. အနာရောဂါ ထူပြီးတော့.. အပုပ်ရည်တွေက ဂျီးကပ်ပြီးတော့ အဖတ်ဖတ်တင်နေတာ..

12:27 AM ဒါကို မြတ်စွာဘုရားရှင်က ရေပူကြိုပြီးတော့ အဝတ်ကို ရေပူပေါ်စိမ်၍ အပုပ်ဖတ်တွေကို ကိုယ်တော်တိုင် အဝတ်ကလေးနဲ့ ဆွတ်ဆွတ်ပြီးသကာလ...ရေနူးချပြီးတော့ သုတ်သင် သန့်စင်ပေးနေတော်မူပါတယ်..
ဒါက မြင်ကွင်းတစ်ခု..

me: ဟုတ်

12:28 AM ၄၄: အဲဒီရဟန်းသည် ဒီရဟန်းမဖြစ်ခင် ရှေ့ဘဝက ကြက်သတ်မုဆိုး ဖြစ်ခဲ့တယ်.. သူသည် ဘုရင်အတွက် နေ့စဉ် ကြက်သတ်ပြီးတော့ စားတော်ဆက်ရတယ်..

me: ဟုတ်

၄၄: ဒီအကုသိုလ် အကြောင်းကို တည်ထောင်ခဲ့သူ အားဖြင့် အခုအခါမှာ ဤမျှ ဆိုးရွာစွာသော အကုသိုလ် ဆိုးကျိုးတွေ ဖြစ်နေရတာပါလား ဆိုတာကို ကံတရားအပေါ်.. အကြောင်းအကျိုးတင်၍ သုံးသပ်နိုင်ပါသည်။
ဒါက တစ်ချက်နော..
12:29 AM နောက်တစ်ချက်..

me: ဟုတ်

၄၄: အခု ရဟန်းဘဝကို ပြုရခြင်းက ဘာအကြောင်းလဲ...
အဲဒီ ရဟန်းက ရဟန္တာကို ဖြစ်သွားသေးတာ...
ဒီအကျိုးတရားတွေက ဘယ်အကြောင်းတရားက ကျေးဇူးပြုတာလဲ ဆိုတော့.....
12:30 AM အဲဒီ ကြက်သတ်မုဆိုးဘဝမှာပဲ.. တစ်နေ့တော့ ကြက်သားကို ဆီပြန်ချက်ထားတာတဲ့...

အဲဒီမှာ မနက်စာ မစားမှီလေးမှာ..
အိမ်ရှေ့မှာ ရဟန္တာအရှင်သူမြတ်တစ်ပါးက ဆွမ်းခံကြွတာကို မြင်တော့
12:31 AM ကြက်သားဟင်းဆွမ်းကို လောင်းလှူချင်တဲ့ စေတနာသဒ္ဓါပန်းတွေ ရင်ထဲမှာ ပွင့်လာပြီးတော့...

me: ဟုတ်

၄၄: သူ့နှလုံးသားက သဒ္ဓါပန်းခင်းလေး ဖြစ်သွားတာပေါ့...
12:32 AM ဒါနဲ့... သဒ္ဓါပန်းရနံ့လေးတွေ ကြိုင်ကြိုင်သင်းလို့...ရဟန္တာအရှင်မြတ်ကို ဆွမ်းလောင်းပါရစေလို့ တောင်းပန် လျှောက်ထားပြီးတော့ကာ..
ကြက်သားဟင်းဆွမ်းကို လောင်းလှူပါတယ်...

ပြီးတော့.. သူ က ဒီ ဆုကို တောင်းပါတယ်...
12:33 AM ဒီဆုက ဤယခု ရဟန်းဘဝနှင့် အရဟတ္တမဂ်ကို ဖြစ်စေတဲ့ အကြောင်းလို့ မှတ်ရမယ်..
ဒါကြောင့် ဤအကျိုးကို ဖြစ်စေတဲ့ ဒီဆုကို သေချာမှတ်ရမယ်..

me: ဟုတ်

၄၄: ဒီဆုကတော့..
12:34 AM "အရှင်ဘုရားတို့ ကျင့်ကြံအားထုတ်သော အကျင့်မြတ်ကို တပည့်တော်ကျင့်ကြံအားထုတ်ခွင့်ရရပါစေ အရှင်ဘုရား
ဆိုတဲ့ ဆုတောင်းပါပဲညီ..

12:35 AM ဒီဆုကို ဒီအတိုင်း ကြည့်ရင် ဒီအတိုင်းလောက်ပဲ မြင်နိုင်တယ်..
ဤအတိုင်း ကြည့်ကြစို့ရယ်...
ဥပမာနဲ့ ပြောမှ ထင်ရှားမယ်..

me: ဟုတ်

၄၄: ညီက အကိုနဲ့ တွေ့တော့..
အကို.. ညီ့ကို အကိုလုပ်တဲ့ အလုပ်မှာ လုပ်လို့ ရအောင် လုပ်ပေးပါလားတဲ့...
ညီက ဒီလို ပြောလိုက်တော့..

အကိုက..
12:36 AM ညီမှာ အခု အလုပ်ရှိတယ် မဟုတ်လားလို့ မေးစရာကို မလိုတော့ပါဘူး...
အကိုက ဉာဏ်အမြော်မြင် ရှိတယ်ဆိုရင်ပေါ့...
ဘယ်လို ဉာဏ်အမြော်အမြင်လည်းဆိုတော့..

me: ဟုတ်ကဲ့

12:37 AM ၄၄: ပြည့်စုံအောင်တော့.. ယခုသူလုပ်တဲ့ အလုပ်ကို ငြီးငွေ့ခြင်း အခြင်းအရာအားဖြင့် ဖြစ်နေတာက တစ်ကြောင်း.. ပြီးတော့ ငါလုပ်တဲ့ အလုပ်ကို သူအနေဖြင့် သဘောကျ နှစ်သက်နေတဲ့ အခြင်းအရာအားဖြင့် တစ်ကြောင်း.. ဤသို့ သဘောရှိလို့ သူပြောတာပဲ လို့ ဆင်ခြင်သုံးသပ်ပြီး သိတယ်ကွယ့်....
12:38 AM ငါးစိမ်းပစ်ပြီး...ငါးကင်ရှာပေါ့...

me: ဟုတ်

12:39 AM ၄၄: အခုလည်း ဤ ကြက်သတ်မုဆိုးသည်... သူ့အနေနဲ့ ပြုလုပ်နေရသော အကုသိုလ်အလုပ်ကို ရွံမုန်းခြင်း၊ ငြီးငွေ့ခြင်းတို့ ဖြစ်ပေါ်၍... ဤရဟန်း ပြုလုပ်အပ်သော ကုသိုလ်အလုပ်၍ နှစ်သက်ခြင်း သဘောအားဖြင့် ရှိနေသောကြောင့်
12:40 AM ဒီဆုကို တောင်းရခြင်းဖြစ်ပါလား...
လို့ မြင်တတ်ရမယ်..

me: ဟုတ်

12:42 AM ၄၄: ဒီလိုမြင်ခြင်းသည်... မိမိတို့သည်လည်း... ရထားတဲ့ ဘဝခန္ဓာကို ရွံမုန်းခြင်း.. ငြီးငွေ့ခြင်းဖြစ်ပြီး.. ဤဒုက္ခတရားငြိမ်းပြီး ချမ်းသာတဲ့ နိဗ္ဗာန်ချမ်းသာ... ခန္ဓာကို တည်ထောင်အပ်သော ကိလေသာမီးတို့ငြိမ်း၍ အေးမြခြင်း ချမ်းသာကို လိုလားသူမှသာ ဤဘဝမှာ နိဗ္ဗာန်ချမ်းသာကို ရနိုင်မှာပါ့လား လို့ ဒီလို နှစ်ဘက်ချွန်.. နှစ်ခုသော သဘော အားဖြင့် မြင်တတ်ရမယ်.. ညီလေး..
12:43 AM ဒါကြောင့်...လောက...လောက ဆိုရုံနဲ့ မပြီးဘူး...

me: ဟုတ် ညီသေချာ ဖတ်နေတာ အစ်ကို

12:44 AM ၄၄: အပြင်လောက... အတွင်းလောက...နှစ်ဌာနကို သုတ-ဉာဏ်နှစ်ဖြာ တင်၍ အကြားအမြင်ဖြင့် ကြည့်တတ်ပါမှာ နေရာကျမှာပါ့...
သုတ-ဉာဏ*

12:46 AM ဤနေ့အဖို့ ဒီစကားကို ဆိုခြင်းသည်... ပြောသူ... နားထောင်သူ အနေဖြင့် ဒုက္ခခပ်သိမ်း.. ငြိမ်းရာ... သိမ်းရာ... နိဗ္ဗာန်ကို အထောက်အပံ့ အားဖြင့် ဖြစ်ပါစေသတည်း။
ဖြစ်စေအောင်လည်း သညာ..ပညာ နှစ်ဖြာပေါင်းစပ် ကိလေသာနယ်ကို ဖေါက်ဖျက် နိုင်ပါစေသတည်း။

12:47 AM me: ညီလည်း ထပ်တူထပ်မျှ ဆုတောင်းပါတယ် အစ်ကို။

၄၄: အကိုအောက်တော့မယ်ညီလေး..

me: ဟုတ်

******************************************

လေးစားရိုသေစွာဖြင့်
ဖိုးသား

5/18/2009, MON:, 6:01:40 PM


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP