* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 19, 2009

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)

နိဒါန်း
ဗုဒ္ဓဘာသာကို ဒီိမိုကရေစီနည်းကျသည်ဟု ဆိုကြ၏။ ဒီမိုကရေစီကို ယနေ့ခေတ်ကာလ၏ အကောင်းဆုံးသော အခင်းအကျင်းအဖြစ် လက်ခံထားကြ၏။ သို့ဖြစ်၍ ကမ္ဘာ့လူသား၏ စံနှုန်းများကို သတ်မှတ်ဝေဖန်ကြရာတွင် ဒီမိုကရေစီနည်းကျမကျ သုံးသပ်ကြလေ့ရှိ၏။ အချို့ကလည်း မိမိတို့ အဆုံးစွန်တန်ဖိုးထားသော ဘာသာတရားကို ဒီမိုကရေစီဟူသော မရေမရာ ခေတ်ကာလရေပန်းစားသော နိုင်ငံရေးသဘောတရားတစ်ခုမျှသာဖြစ်သော နိုင်ငံရေးစနစ်တစ်ခုနှင့် နှိုင်းယှဉ်အကဲဖြတ်မှုကို ဘ၀င်မကျချင်ကြ။

ယနေ့ကမ္ဘာတွင် ဗုဒ္ဓဘာသာသည် ဘာသာကြီးလေးခုတွင် ကိုးကွယ်မှုဦးရေအားဖြင့် အောက်ဆုံးရောက်နေ၏။ သို့သော်လည်း ပေါ်ပြူလာဖြစ်ခြင်းနှင့် အနှစ်သာရပြည့်ဝခြင်းတို့မှာ တစ်ထပ်တည်းကျသည်ဟု မဆိုနိုင်။ ပေါ်ပြူလာဖြစ်တိုင်းလည်း အနှစ်သာရပြည့်ဝသောကြောင့်ဟု မဆိုနိုင်သလို အနှစ်သာရပြည့်ဝတိုင်းလည်း ပေါ်ပြူလာဖြစ်မည်ဟု မဆိုနိုင်။ ဤသည်မှာ လောကကြီး၏ နိယာမဟု ဆိုရမလို ရှိ၏။ သို့ဖြစ်၍ ကိုးကွယ်သူဦးရေ အောက်ဆုံးရောက်နေသော ဗုဒ္ဓဘာသာကို အနှစ်သာရနည်းပါးမှုကြောင့်ဟု မဆိုအပ်။

ယနေ့ကမ္ဘာ့ပညာရှင်များ၏ မျက်လုံးထဲကို ကြည့်လိုက်လျှင် ဗုဒ္ဓဘာသာကို လေးလေးနက်နက် စဉ်းစားလာနေကြ၏။ ဗုဒ္ဓဘာသာ၏ အမှီအခိုကင်းမဲ့မှု (ကိုယ့်ကိုကိုယ် အားကိုးရမယ်)သည် ရှေးယခင်က ဘာသာခြားတို့၏ ထိုးနှက်ကဲ့ရဲ့စရာ အားနည်းချက်ကြီးတစ်ခုလို ဖြစ်ခဲ့သော်လည်း ယခုအခါမှာကား လောကလူသားတို့၏ ကိုယ့်အားကိုယ် ကိုးနေရမှုကို မျက်ဝါးထင်ထင် မြင်လာနေပြီ ဖြစ်၏။ ဘ၀၏ မှီခိုရာကင်းမဲ့မှုကို မျက်ဝါးထင်ထင် မြင်လာကြရ၏။ အချို့နိုင်ငံများတွင် အသက်အရွယ်ကြီးရင့်လာလျှင် ပို၍ဆိုး၏။ သားသမီးများမှာလည်း တဟုန်ထိုးလှိမ့်ဆင်းနေသော ခေတ်ကာလ ရေးစီးကြောင်းထဲတွင် ၀ရုန်းသုန်းကား လိုက်ပါသွားနေရ၏။ သို့ဖြစ်၍ လူကြီးသူမများမှာ ပို၍ အထီးကျန်လာရ၏။ အမှီအခို ကင်းလာ၏။ ကိုးကွယ်ရာဟူ၍ ရှာမတွေ့။

နှလုံးသားဖြင့် စတင်ခဲ့ပုံရသော ကမ္ဘာ့ကြီးသည် တဖြည်းဖြည်း နှလုံးသားကို နှစ်လပေါင်းများစွာ မေ့လျော့ထားခဲ့ကြ၏။ ရုပ်ဝတ္ထုများနောက် စုံမှိတ်လိုက်ပါခဲ့ကြ၏။ ယခုအခါ မေ့လျော့ခံ နှလုံးသားကို ပြန်လည်ကြည့်မြင်လာတတ်ကြပြီ ဖြစ်၏။ နှလုံးသားတွင် အထီးကျန်ဆန်ခြင်းနှင့် အမှီအခိုမဲ့မှု၊ မလုံခြုံမှုတို့ကို ရိပ်စား(ရိပ်စား)မိလာကြ၏။ အစဉ်ထာဝရ ရိုက်ခတ်လာနေသော ကောင်းမှု၊ မကောင်းမှုတို့က နှလုံးသားမှာ ကြေးမှုံပြင်လို ထင်ရှားနေတာကို တွေ့လိုက်ကြရ၏။ ကံသုံးပါးနဲ့လုပ်ဆောင်လိုက်သမျှသည် နှလုံးသားမှာ ရိုက်ခတ်လာ၏။ ရိုက်ခတ်လာသော နှလုံးခုန်သံနှင့် ကံအသစ်တို့ကို ထပ်လောင်းလုပ်ဆောင်ဖြစ်ကြ၏။ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ။ လောက၏ အဖြစ်အပျက်တို့မှာ ပြုလုပ်ဖန်ဆင်းသူသည် ကိုယ်ကိုယ်တိုင်ကလွဲ၍ အခြားမရှိ။ ငါသာလျှင် ငါ့ဘ၀ရဲ့ ဖန်ဆင်းရှင်ပါလားဟူ၍ ရိပ်စားမိလာကြပြီ။

ဤသို့ဖြင့် ဗုဒ္ဓစာပေကို လေ့လာနေသူများလည်း တစ်နေ့တစ်ခြား တိုးပွားလာနေ၏။ လေ့လာသူတို့အနေဖြင့် သူတို့လေ့လာနိုင်စွမ်းရှိလာလေလေ ဗုဒ္ဓဘာသာ၏ လူသားဆန်မှု၊ ဓမ္မဓိဋ္ဌာန်ကျသော လောကအမြင်တို့ကို တွေ့မြင်သိရှိလာကြလေလေ ဖြစ်နေကြ၏။ ထိုအထဲမှ ယနေ့ခေတ်ကာလ၏ ရေပန်းစားသော နိုင်ငံရေးအမြင်တစ်ခုဖြစ်သော ဒီမိုကရေစီသဘောတရားများကို ဗုဒ္ဓတရားတော်များတွင် အမှတ်မထင်လေ့လာရင်းကနေ အမှတ်ထင်ထင် တွေ့ရှိလိုက်ကြရ၏။ လေ့လာသူတို့ ဘ၀င်အခိုက်စေဆုံး သုတ္တန်က ကာလာမသုတ်ခေါ် ကေသမုတ္တိသုတ္တန်ဖြစ်၏။ ဒီနေရာမှာ မေ့နေသော သုတ္တန်တစ်ခုရှိ၏။ ယင်းမှာ ကူဋဒန္တသုတ်တော်ဖြစ်ပါ၏။ ကူဋဒန္တသုတ်တော်မှာ သေသေချာချာ ဖတ်ရှုလေလေ မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို သဘောအကျကြီး ကျမိလေလေ ဖြစ်ရ၏။

ဗုဒ္ဓမြတ်စွာသည် လူ့လောကအတွင်း ရှောင်လွှဲ၍မရနိုင်သော လူသားထုတစ်ရပ်လုံးအရေးအတွက် လမ်းညွှန်ချက်ပေးထားသည်မှာ လေးစားကြည်ညိုဖွယ်ရာ ဖြစ်ရပါသည်။ ယခု စာရေးသူက ကူဋဒန္တသုတ်တော်ကို ဗဟိုပြုရင်း ဗုဒ္ဓမြတ်စွာ၏ ကြည်ညိုဖွယ်ရာများကို ဖော်ထုတ်တင်ပြသွားပါမည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP