* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 26, 2009

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၇)

လူဖြစ်ရကျိုးနပ်အောင်

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ၊ မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆနဲ့ သားရေးသမီးရေးတွေနဲ့ ချည်း အရေးပေါင်း သောင်းခြောက်ထောင်နဲ့  တစ်သက်တာ အချိန်ကုန်သွားမယ်ဆိုရင် ကိုယ့်အတွက် အနှုတ် လက္ခဏာပြနေပြီ မှတ်လိုက်ပါ။ သတိအမှတ်ကိုယ်မှာကပ်ပြီး ၀ိပဿနာတရားကို ကြိုးစားအားထုတ်မှသာလျှင် လူဖြစ်ရကျိုး၊ သာသနာတော်နဲ့  တွေ့ ကြုံရကျိုးနပ်ပါလိမ့်မယ်။


အဖြေသုံးမျိုး

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ မိသားစု စားဝတ်နေရေး၊ ဘ၀ရပ်တည်နေရေးအတွက် ရောင်းဝယ်ကြတဲ့ အခါမှာ အဖြေ( ၃ ) မျိုးရှိတယ်။ အရင်းရယ်၊ အရှုံးရယ်၊ အမြတ်ရယ်။ လောကုတ္တရာ စီးပွားရှာတဲ့နေရာမှာလည်း
အဲဒီလိုပဲ ( ၃ ) မျိုးရှိတယ်။ ကုသိုလ်ကောင်းမှုကြောင့် လူ့ ဘ၀ ပြန်ရရင် အရင်းပဲ။ အကုသိုလ်ကြောင့် အပါယ်လေးပါးကျရင် အရှုံး။ တရားထူးတရားမြတ်ရရင် အမြတ်ထွက်တာပဲ။ အဲဒီလို အမြတ်ထွက်အောင် ကြိုးစားကြ။


တရားနှင့်အားထုတ်သူ

တရားအားထုတ်ခါစတွင် ကိုယ်ကတရားကို တွဲခေါ်ရတာ၊ နောက်ပိုင်း ကျင့်အား ကောင်းလာတော့ တရား အရသာ ပေါ်လာပြီး တရားကကိုယ့်ကိုတွဲခေါ်သွားတော့တာပဲ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP