ဝါဆိုလပြည့်နေ့အတွေးများ (၂)
7 months ago
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
အနာကြီး ငါးမျိုး ...တစ်ရံရောအခါ မဂဓတိုင်းတို့၌ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သော အနာအားဖြင့် ငါးမျိုးသော အနာရောဂါတို့သည် ပေါများကုန်၏။ လူတို့သည် ငါးပါးသော အနာတို့ဖြင့် နှိပ်စက်အပ်ကုန်သည်ရှိသော် အဘယ မင်းသား မွေးစားသော ဇီဝကထံသို့ ချဉ်းကပ်ပြီးလျှင် ''ဆရာငါတို့ တောင်းပန်ပါ ကုန်၏၊ ငါတို့ကို ဆေးကုပေးပါလော့'' ဟု ပြောဆို ကုန်၏။အမောင်တို့ အကျွန်ုပ်သည် များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏၊ အကျွန်ုပ် သည် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးကိုလည်း လုပ်ကျွေးပြုစု ရ၏၊ မောင်းမ အပေါင်းကို လည်းကောင်း၊ ဘုရားအမှူးရှိသော ရဟန်းသံဃာကို လည်းကောင်း လုပ်ကျွေးပြုစုရ၏၊ အကျွန်ုပ်သည် (အမောင်တို့အား) ဆေးကုပေး ခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။ဆရာ အလုံးစုံသော ဥစ္စာနှစ်သည်လည်း သင့်အား ဖြစ်ပါစေ၊ အကျွန်ုပ်တို့သည် လည်း သင်၏ကျွန်များ ဖြစ်ပါစေကုန်၊ ဆရာ တောင်းပန်ပါကုန်၏၊ အကျွန်ုပ်တို့ကို ဆေးကုပေးပါလော့'' ဟု (ပြောဆိုကုန်၏)။အမောင်တို့ အကျွန်ုပ်သည် များသော ကိစ္စ ရှိ၏၊ များသော ပြုဖွယ်ရှိ၏၊ အကျွန်ုပ် သည် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးကိုလည်း လုပ်ကျွေး ပြုစုရ၏၊ မောင်းမအပေါင်းကို လည်းကောင်း၊ ဘုရားအမှူးရှိသော ရဟန်းသံဃာကို လည်းကောင်း လုပ်ကျွေးပြုစုရ၏၊ အကျွန်ုပ်သည် (အမောင်တို့အား) ဆေးကု ပေးခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။ထိုအခါ ထိုလူတို့အား-''သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ဤရဟန်းတို့သည် ချမ်းသာ သော သဘောရှိကုန်၏၊ ချမ်းသာသော အကျင့်ရှိကုန်၏၊ ကောင်းသော ဘောဇဉ် တို့ကို သုံးဆောင်ကုန်လျက် လေမတိုက်သော အိပ်ရာနေရာတို့၌ အိပ်ရကုန်၏၊ ငါတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့၏ အထံ၌ ရှင်ရဟန်း ပြုရပါကုန်မူကား ကောင်းလေစွ၊ ထိုသို့ ရဟန်းပြုသည်ရှိသော် ရဟန်း တို့သည်လည်း လုပ်ကျွေးပြုစုကြကုန်လတ္တံ့၊ အဘယမင်းသား မွေးစားသော ဆရာဇီဝကသည်လည်း ဆေးကုလတ္တံ့'' ဟု အကြံဖြစ်၏။ထို့နောက် ထိုလူတို့သည် ရဟန်းတို့သို့ ချဉ်းကပ်ကုန်ပြီးလျှင် ရဟန်းအဖြစ်ကို တောင်းကုန်၏။ ထိုလူတို့ကို ရဟန်းတို့သည် ရှင်ပြုပေးကုန်၏၊ ပဉ္စင်းခံပေးကုန်၏။ ထိုလူတို့ကို ရဟန်းတို့သည်လည်း လုပ်ကျွေးပြုစုကုန်၏၊ အဘယမင်းသား မွေးစားသော ဇီဝကသည်လည်း ဆေးကုပေး၏။ထိုအခါ ရဟန်းတို့သည် များသော သူနာရဟန်းတို့ကို လုပ်ကျွေးပြုစုကုန်သည် ရှိသော် ''သူနာအတွက် ဆွမ်းပေးလှူပါကုန်၊ သူနာပြုအတွက် ဆွမ်းပေးလှူပါကုန်၊ သူနာအတွက် ဆေးပေးလှူကုန်လော့'' ဟု အတောင်းအရမ်း များကုန်သည်ဖြစ်၍ နေကုန်၏။ အဘယမင်းသား မွေးစားသော ဇီဝကသည်လည်း များစွာသော သူနာ ရဟန်းတို့ကို ဆေးကုရသည် ဖြစ်၍ မင်း၏ အခြားကိစ္စကို ယုတ်လျော့စေ၏။ 88တစ်ယောက်သော ယောက်ျားသည်လည်း အနာမျိုးငါးပါး နှိပ်စက်သည်ရှိသော် အဘယမင်းသား မွေးစားသော ဆရာဇီဝကထံသို့ ချဉ်းကပ်ပြီးလျှင် ''ဆရာ တောင်းပန်ပါ၏၊ အကျွန်ုပ်ကို ဆေးကုပေးပါလော့'' ဟု ပြောဆို၏။အမောင် အကျွန်ုပ်သည် များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏။ ပ။အကျွန်ုပ်သည် ဆေးကုပေးခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။ဆရာ အလုံးစုံသော ဥစ္စာနှစ်သည်လည်း သင့်အား ဖြစ်ပါစေ၊ အကျွန်ုပ်သည် လည်း သင်၏ ကျွန် ဖြစ်ပါစေ၊ ''ဆရာတောင်းပန်ပါ၏၊ အကျွန်ုပ်ကို ဆေးကုပေး ပါလော့'' ဟု ပြောဆိုပြန်၏။အမောင် အကျွန်ုပ်သည် များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏။ ပ။အကျွန်ုပ်သည် ဆေးကုပေးခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။ထိုအခါ ထိုယောက်ျားအား -''သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ဤရဟန်းတို့သည် ချမ်းသာ သော သဘောရှိကုန်၏၊ ချမ်းသာသော အကျင့်ရှိကုန်၏၊ ကောင်းသော ဘောဇဉ် တို့ကို သုံးဆောင်ကုန်လျက် လေမတိုက်သော အိပ်ရာနေရာတို့၌ အိပ်ရကုန်၏၊ ငါသည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့ထံ ရဟန်း ပြုရမူ ကောင်းလေစွ၊ ထိုသို့ ရဟန်းပြုသည်ရှိသော် ရဟန်းတို့သည်လည်း လုပ်ကျွေးပြုစုကုန်လတ္တံ့၊ အဘယမင်းသား မွေးစားသော ဆရာဇီဝကသည်လည်းဆေးကုလတ္တံ့၊ ထိုငါသည် အနာကင်းရှင်းလတ်သော် လူထွက်အံ့'' ဟု အကြံ ဖြစ်၏။ထို့နောက် ထိုယောက်ျားသည် ရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ရှင်ရဟန်း အဖြစ်ကို တောင်းလေ၏။ ထိုသူကို ရဟန်းတို့သည် ရှင်ပြုပေးကုန်၏၊ ပဉ္စင်းခံ ပေးကုန်၏။ ထိုရဟန်းကို ရဟန်းတို့သည် လုပ်ကျွေး ပြုစုကုန်၏၊ အဘယမင်းသား မွေးစားသော ဆရာဇီဝကသည်လည်း ဆေးကု၏။ ထိုရဟန်းသည် အနာကင်းရှင်း လတ်သော် လူထွက်၏။အဘယမင်းသား မွေးစားသော ဆရာဇီဝကသည် လူထွက်နေသော ထိုယောက်ျား ကို တွေ့မြင်သောအခါ ''အမောင် သင်သည် ရဟန်းတို့အထံ၌ ရဟန်းပြုဖူးသည် မဟုတ်လော'' ဟု မေးလေ၏။မှန်ပါသည် ဆရာဟု (ပြောဆို၏)။ ''အမောင် သင်သည် အဘယ့်ကြောင့် ဤသို့ သော အမှုကို ပြုဘိသနည်း'' ဟု (ပြောဆို၏)။ ထိုအခါ ထိုယောက်ျားသည် အဘယမင်းသား မွေးစားသော ဆရာဇီဝကအား ဤအကြောင်းကို ပြောကြား၏။ အဘယမင်းသား မွေးစားသော ဆရာဇီဝက က ''အသျှင်ကောင်းတို့သည် အဘယ့်ကြောင့် အနာမျိုးငါးပါး နှိပ်စက်သူကို ပဉ္စင်းခံပေးကြကုန် သနည်း'' ဟု ကဲ့ရဲ့ ၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။ထို့နောက် အဘယမင်းသား မွေးစားသော ဆရာဇီဝကသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အဘယမင်းသား မွေးစားသော ဆရာ ဇီဝကသည် မြတ်စွာဘုရားကို ''အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်ကောင်း တို့သည် အနာမျိုးငါးပါး နှိပ်စက်သူကို ရဟန်းမပြုပါစေကုန်လင့်'' ဟု လျှောက်၏။ထိုအခါ မြတ်စွာဘုရားသည် အဘယမင်းသား မွေးစားသော ဆရာဇီဝကကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေ ကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထို့နောက် အဘယ မင်းသား မွေးစားသော ဆရာဇီဝကသည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့် သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲခွါသွားလေ၏။ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်း တို့ကို-''ရဟန်းတို့ အနာမျိုးငါးပါး နှိပ်စက်သောသူကို ရှင်ရဟန်းပြုမပေးရ၊ အကြင် ရဟန်းသည် ရှင် ရဟန်းပြုပေးငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏'' ဟု မိန့်တော်မူ၏။ 89၂၆ - အနာကြီး ငါးမျိုး၊ မဟာခန္ဓက၊ မဟာဝဂ်ပါဠိတော်။ ဆေးဆရာဇီဝက
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP
0 comments:
Post a Comment