* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 4, 2009

ဘုရားအနေကဇာတင်ပွဲ၊ ဆွမ်းတော်ကြီးကပ်လှူ ပူဇော်ပွဲနှင့် ပိဋကသုံးပုံ အလှူတော် ရေစက်ချပွဲ ဖိတ်ကြားခြင်း…

မြန်မာတို့၏ အစဉ်အလာ သတ်မှတ်ချက်ဖြစ်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဘုရားရှင်အား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်း၊ အမျိုးမျိုးသော ပန်းသစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ခြင်း နှင့် နုန်းဂုံး ရွှေညီအစ်ကိုများ၏ ပိဋကသုံးပုံ ပါဠိတော်၊ မြန်မာပြန် စာအုပ်များ ရေစက်ချ လှူဒါန်းခြင်း အလှူတော်မင်္ဂလာကို ဒယ်ဂုမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာ အပေါင်းတို့အား တရားတော်နာ ကြွရောက်၍ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် ကျွန်တော်တို့ ကျောင်းအကျိုးဆောင်များနှင့် အလှူရှင် နုန်းဂုံး ရွှေညီအစ်ကိုများမှ လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၁၀- ၅- ၂၀၀၉ (တနင်္ဂနွေနေ့)
ဗုဒ္ဓါပူဇာအချိန် = နံနက် ၅နာရီ (ဘုရားရှင်အား အနေကဇာတင်ပူဇော်ခြင်း)
တရားနာ ရေစက်ချချိန် = နံနက် ၁၀နာရီ
ဧည့်ခံကျွေးမွေးချိန် = နံနက် ၁၁ နာရီမှ နေ့လယ် ၂နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂု၊ ဒါးလ်ဆောဂု၊ ရှင်းဒါန်းဒုံ၊ ၀ါးလျုံးရှိဂျန်း အနီး)

မှတ်ချက်။ ။ ရပ်နီးရပ်ဝေးရှိ ရွှေညီအစ်ကိုများအနေဖြင့် မိမိတို့ နေရာအသီးသီးတွင် ကိုးကွယ်ပူဇော်ထားသည့် ဘုရားဆင်းတုတော်များအား ဘုန်းတော်ကြီးကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အတူ အနေကဇာတင် ပူဇော်လိုပါက စနေနေ့ညအရောက် ကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ထားပေးပါရန် အသိပေးအပ်ပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP