* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 4, 2009

ယောကျာ်းများအတွက်(ဘုရားဟောသော)အိမ်ထောင်ရေး ဗဟုသုတ

ကျွန်တော်မနေ့က ဆရာတော် ဦးသုဝိစိတ္တ စုစည်းပူဇော်တဲ့ ဗဟုသုတပဒေသာ စာ
အုပ်ထဲက (မပေါင်းအပ်သော မယားခြောက်မျိုး) ကိုကူးယူဖော်ပြလိုက်ရပါတယ် ။
လာရောက် ဖတ်ရှု့သူများထဲမှတိုက်ဆိုင်သော မိန်းခလေးများရှိပါက ကြိုတင်
တောင်းပန်ပါတယ် ။ ဘုရားဟောခဲ့တဲ့အတိုင်း ရေးသားရတာပါ ။

၁။ ၀ိဝါဒသီိလိ - ငြင်းခုံတတ်သော အလေ့ရှိခြင်း ။
၂။ ဥဿုဟာ - ငြူ စူစောင်းမြောင်းတတ်ခြင်း ။
၃။ ပဿန္တဏှိကာ - မြင်တိုင်းကို လိုခြင်မက်မောခြင်း ။
၎။ ဂတာ - သူတပါးအိမ်သို့သာ သွားလာ၍ နေတတ်ခြင်း ။
၅။ အမိတာဘုဉ္ဇနာ - အခြင့်အတိုင်းမရှိံအစားလွန်ကြူးခြင်း ။
၆။ နိဒ္ဒါ - အအိပ်လွန်ကြူးခြင်း ။

စသည်တို့ဖြစ်ပါတယ် ။ မိမိရွေးချယ်လိုက်တဲ့မိန်းခလေးဟာ ဤ ခြောက်မျိုးထဲမှာ
ပါနေ ရင်အိမ်ထောင် မပြုခင်ကတည်းက ပြုပြင်နိုင်လျှင် ပိုကောင်းပါတယ် ။ ဘုရား
ရှင်ကိုယ်တော်တိုင်က သတိပေးထားတာ ဆိုတော့ ပေါ့ပေါ့မနေသင့်ပါဘူး ။ ဗုဒ္ဓ
ဘာသာဝင် အမျိုးသားများ ကောင်းမွန်သော မိန်းမကောင်းများကိုရှာဖွေနိုင်စေဖို့
ဆန္ဒပြုရင်း…….။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP