* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 5, 2009

ကျေးဇူး မင်္ဂလာ

ကိုဝင်းမြင့် ကိုဝိမုတ္တိ တို့ ဦးဆောင်ပြီး ကျင်းပတဲ့ အွန်လိုင်းတရားပွဲလေး ပြီးမြောက် အောင်မြင်သွားလို့ အားလုံးလဲ ပျော်ရွှင်ကြရပါတယ်၊ ပြီးတော့ ဟောပြောခဲ့တဲ့ တရားတွေကို အဖြူရောင်သံစဉ် ရေဒီယိုတဆင့် ထပ်ဆင့်လွှင့်ပေးလို့ တရားချစ်ခင် သူတော်စင်တို့ ရွှင်ပြုံးကြည်နူးကြရသလို ကမ္ဘာတ၀ှန်းဓမ္မချစ်ခင် သူတော်စင်တို့ နာကြားခွင့်ရရှိခဲ့ပါတယ်၊

စာရေးသူဆီကို အီးမေးလ်နဲ့တမျိုး ဖုန်းနဲ့တဖုံ ၀မ်းသာကြောင်း လျှောက်ထားခဲ့ကြတဲ့ သူတွေကို ဦးဇင်းက ကျေးဇူးတင်ပါတယ်။ ဒီလိုဖြန့်ဖြူးခွင့်ရအောင် ကြိုးစားပေးခဲ့တဲ့ ကိုဝင်းမြင့် ကိုဝိမုတ္တိ အဖြူရောင်သံစဉ် အဖြူရောင်မေတ္တာ သစ္စာအလင်း မက်မက် မမေဟန် ကိုအောင်ဆွေဦး ကိုနေဇင်လတ် ကိုမျိုး ကိုနန်းထိုက်လင်း မမြကြေးမုံ ကိုအောင်ကျော်ဆန်း စတဲ့ ကမ္ဘာ့နိုင်ငံ အသီသီးက ဓမ္မမိတ်ဆွေများကိုလဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်၊

တိုတောင်းတဲ့ လူ့ဘ၀လေးမှာ အချိန်ကို အကျိုးရှိရှိ အသုံးချလို့ ဗုဒ္ဓရဲ့ မင်္ဂလာတရားတော်နဲ့ အညီ ကာလေန ဓမ္မဿဝနံ ဆိုတာကို နှုတ်က ရွတ်ဆိုနေရုံသာမကပဲ လက်တွေ့ အကောင်အထည်ဖော်ကြခြင်းဖြစ်လို့ တကယ့် မင်္ဂလာအစစ် ဖြစ်ရပါတယ်၊ မင်္ဂလာရှိရင် ကြီးပွားမယ်လို့ ဘုရားရှင် လမ်းညွှန်တော်မူတဲ့အတွက် လောကီကြီးပွားရေး လောကုတ္တရာ ကြီးပွားရေးကို ဆထက်တိုးလို့ ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုရင်း ကျေးဇူးတင်စကား ဆိုလိုက်ပရစေ၊ ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP