* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 11, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၃)

ဒါဆိုရင် ဆင်းရဲဒါ၊ ချမ်းသာဒါနဲ့ ပတ်သက်၍ ပြောကြအုံးစို့။

ကိုယ်ထဲက ဆင်းရဲဒါပေါ်လာရင် ဆင်းရဲဒါလို့မှတ်ပါ။ ချမ်းသာဒါ ပေါ်လာရင်လဲ ချမ်းသာ ဒါလို့ဘဲမှတ်ပါ။ ဆင်းရဲဒါ ချမ်းသာဒါ ကိုယ်မှာ ဘယ်လို ပေါ်တတ်သလဲဆိုရင် မခံသာတဲ့ ဝေဒနာမှန်သမျှ ကိုယ်ထဲက ပေါ်လာရင် ဆင်းရဲဒါ လို့မှတ်ပါ။ ခံသာတဲ့ ဝေဒနာမှန်သမျှ ကိုယ်ထဲက ပေါ်လာရင် ချမ်းသာဒါ လို့မှတ်ပါ။ မူးဒါ၊ ကိုက်တာ၊ အောင့်တာ၊ တောင့်တင်းထုံကျင်တာစသည် မှန်သမျှ ဆင်းရဲဒါလို့ချည်းမှတ်ရပါမယ်။ တစ်ခုစီခွဲရင်တော့ မူးရင် မူးဒါမှတ်၊ ကိုက်ရင် ကိုက်တာမှတ်၊ အောင့်ရင် အောင့်တာမှတ်၊ နာရင် နာဒါမှတ်၊ ကျင်ရင် ကျင်ဒါမှတ်၊ ထုံရင် ထုံဒါမှတ်၊ အဲဒါ ဆင်းရဲတဲ့ သဘောတွေဘဲ။ နေကောင်းထိုင်သာနဲ့ ချမ်းသာတဲ့ ဝေဒနာသဘောလေး ကိုယ်ကပေါ်လာရင် ချမ်းသာဒါလို့မှတ်ပါ။ ယောဂီတို့ သဘောကျကြရဲ့လား၊ ရှင်းပါရဲ့လား။

ယောဂီများ အရင်တုန်းက လက်ကပူတယ်၊ ခြေကပူတယ်၊ အသားကပူတယ်၊ အရေကပူတယ်၊ ငါပူတယ်၊ သူပူတယ်၊ သား-ကပူတယ်၊ သမီး-ကပူတယ် စသည်ဖြင့် လက်နဲ့၊ အပူနဲ့ခြေ စသည်နဲ့ မကွဲဘဲ မှတ်လာခဲ့တာတွေ သည် အမှားကြီး မှားနေတာဖြစ်ပါတယ်။ ဒီအမှားတွေက ဘယ်ရက် ဘယ်အချိန်ကစပြီးမှားလာသလဲဆိုရင် အစမထင်သော သံသရာကစပြီး မှားလာခဲ့တဲ့ အမှားတွေပါ။ မသိမှုတွေကြောင့် မှားလာခဲ့သောအမှားများ ဖြစ်ပါတယ်။ မသိမှုကြောင့်လည်း အမှားတာရှည်ပါတယ်။ယခု အပူနှင့် လက် ကွဲပါပြီ၊ အပူနှင့်ငါ ကွဲပါပြီ၊ ပူဒါ က လက်မဟုတ်၊ လက်သည်ပူဒါမဟုတ်၊ လက် တခြား ပူဒါ တခြား၊ ပူဒါ က သာ ပူတာ၊ လက်က ပူဒါမဟုတ်လို့မှတ်လိုက်ပါသဖြင့် အရင်က အမှတ်တွေထက် ပိုထူးသွား တယ်နော်။ အမှတ်ထူးတော့ အသိအမြင်ပါထူးသွားပါပြီ။ အသိအမြင်တွေပါထူးသွားရင် အယူတွေပါထူးလာတတ်ပါတယ်။

အမြင်ထူးလာတာကို ဝိပဿနာလို့ခေါ်ပါတယ်။ ဝိပဿနာဆိုတာ ပါဠိစကားပါ။ ဝိ-ဆိုတာ အထူး၊ ပဿနာ-ဆိုတာ မြင်တာ။ ပုဒ်နှစ်ခုပေါင်းတော့ အထူးမြင်တာပါ။

အမြင်ထူးတာ ဝိပဿနာ။အသိထူးတာ ဝိပဿနာ။အယူထူးတာ ဝိပဿနာ။

ပူဒါကပူသည်၊ အေးဒါက အေးသည်၊ လှုပ်ထာကလှုပ်သည်၊ ငါကပူသည် မဟုတ်၊ သူကပူသည် မဟုတ်၊ သားက ပူသည် မဟုတ်၊ သမီးက ပူသည် မဟုတ်လို့ ရှုမှတ်လိုက်ခြင်းသည် အရင်အမှတ်၊ အရင်အသိ၊ အရင်အမြင်၊ အရင်အယူတို့ထက် ထူးခြားသွားခြင်းကြောင့် အမှတ်ထူး အမြင်ထူး၊ အသိထူး၊ အယူထူးတဲ့ ဝိပဿနာလို့ ခေါ်ပါသည်။

အမှတ်ထူး အမြင်ထူး၊ အသိထူး၊ အယူထူးတဲ့ ဝိပဿနာဥာဏ် ဝိပဿနာ ပညာတို့ဖြင့် သွားမှသာ နိဗ္ဗာန်ကို ရောက်နိုင်တယ်။ ခန္ဓာမှာ ယခုလို အသိဥာဏ်ထူးတွေရှိနေတဲ့ ယောဂီသည် နိဗ္ဗာန်နှင့် နီးနီးလေး ရှိပါတော့တယ်ဆိုတာ ယုံယုံကြည်ကြည်နှင့် သေချာစွာမှတ်သားကြပါ။

တရားအလုပ်အားထုတ်နေကြတဲ့ ယောဂီများအနေနဲ့ ရုပ်ဆိုရင် မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ရုပ်(၂၈)ပါးကို လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် နှင့်တကွ ရေတွက်တတ် ပြောတတ်မှ ရုပ်ကို သိတယ် ခေါ်တယ်၊ နာမ်ဆိုရင်လဲ စိတ်၊ စေတသိက်တွေကို လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် နှင့်တကွ အကျယ်ကို ရေတွက်ပြနိုင်မှ ပြောနိုင်မှ နာမ်ကို သိတယ်ခေါ်တယ်။ အခုလို နာမ်နဲ့ရုပ်ကိုလဲသိမှ၊ ဘုန်းကြီးဟောတာတွေလည်း မှတ်မိမှ ယောဂီတို့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် နိဗ္ဗာန်ကို ရမှာလို့ အထင်မမှားလိုက်ပါနဲ့၊ အားမငယ်ပါနဲ့နော်၊ ဒေသနာနည်းအရ အကျယ်ချဲ့ပြလို့သာ များနေတာပါ။ ကျယ်နေတာပါ။ ယောဂီများအားထုတ်မှုဆိုတဲ့တရားအလုပ်ကတော့ အလွယ်လေး အကျဉ်းလေးဆိုတာ သေသေချာချာမှတ်သားကြပါ။

အပြောမှာ ကျယ်၊ အလုပ်မှာ လွယ်၏။

ဆက်ရန်...


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP