* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 11, 2009

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၃)

ထိ - သိ - သတိ

ဝင်လေနှာသီးဖျား တိုးထိတာသိ၊ အသာစောင့်ကြည့်၊
ထွက်လေနှာသီးဖျား တိုးထိသာသိ၊ အသာစောင့်ကြည့်၊
ထိ-သိ-သတိ၊
အဟောင်းပျောက်တော့ အသစ်ပေါ်၊
ပေါ်တဲ့ အသစ် အဟောင်းဖြစ်။


ဖြစ်ပြီးတော့ပျက်နေတာပဲ

တရားကိုရှုမှတ်နေရင်းနဲ့  ရုပ်နာမ်ဓမ္မသင်္ခါံရတွေရဲ့ အဖြစ်နဲ့ အပျက်ကို သိလာတယ်။
ဥာဏ်တွေတက်လာတယ်။ ငါဆိုတာလည်း မရှိတော့ဘူး။ သူဆိုတာလဲ မရှိတော့ဘူး။
ရုပ်နာမ်ဓမ္မ သင်္ခါရတွေဟာ ဖြစ်ပြီးတော့ ပျက်နေတာဘဲလို့  ဥာဏ်ထဲမှာ ရှင်းသွားတယ်။


သန္တိသုခ နိဗ္ဗာနဓာတ်ရအောင်

တရားကိုရှုမှတ်နေတဲ့ ယောဂီသူတော်စင်တွေဟာ အမြဲတမ်း သတိနဲ့ နေတဲ့အတွက် အမှားနည်းတယ်၊ အမှားနည်းတယ်ဆိုကတည်းက ကောင်းတာတွေကြံ၊ ကောင်းတာတွေပြော၊ ကောင်းတာတွေပြုပြီး၊
နောက်ဆုံး သန္တိသုခနိဗ္ဗာနဓာတ် အငြိမ်းဓာတ်ကြီးကို တွေ့ နိုင်တယ်။


အသေကိုမြင်အောင်ကြည့်

အများသူငါကတော့ သုသာန်မှာ သွားပို့ တဲ့အသေကိုပဲမြင်ကြတာ၊
တကယ်တန်းကတော့ မိမိနှာသီးဖျားမှ ထွက်လေ၀င်လေတစ်စုံရဲ့  အဖြစ်အပျက်ကို၊
တစ်နည်းပြောရရင် အသေကိုသာ မြင်အောင် ကြည့်ရမှာ၊
အဲဒါမှ သန္တိသုခ နိဗ္ဗာနဓာတ်ကြီးကို ရနိုင်၊ ရောက်နိုင်မှာ ဖြစ်တယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP