မှတ်သားဖွယ်ရာစကားပဒေသာ(၃)
အမျိုးဇတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇတ်ကြောင့် သူမြတ်လည်း မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့်သာလျှင် သူယုတ်မာဖြစ်ရ၏ ။ မိမိပြုသောအမှုကြောင့် သာလျှင် သူမြတ်ဖြစ်ရ၏ ။ (မြတ်ဗုဒ္ဓ)
သဒ္ဓါတရား မရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင် ၊ သီလမရှိတဲ့မိဘကို သီလနဲ့ ပြည့်စုံအောင် ၊ မပေးရက် မလှူရက် နှမြှောဝန်တိုတဲ့မိဘကို စွန့်ကြဲ ပေးကမ်းလှူဒါန်းခြင်းနဲ့ ပြည့်စုံအောင် ၊ ပညာဥာဏ်မရှိတဲ့မိဘကို ပညာဥာဏ်နဲ့ ပြည့်စုံအောင် ကောင်းစွာနာယူ ဆောက်တည်စေမယ် ၊ လေးလေးနက်နက် သက်ဝင်စေမယ် ၊ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ်ဆိုရင် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား ၊ အကျေဆပ်ပြီးသား ဖြစ်ပါတယ်။ (မာတုပေါသထသုတ္တာန်)
“ငါ၏တရားကို ပုဂ္ဂိကကြည်ညိုမှုဖြင့် လက်မခံကြလင့်၊ ရွှေကိုမီးနှင့် စမ်းသပ်သကဲ့သို့ ငါ၏တရားကိုလည်း စမ်းသပ်ကြကုန်လော့” (မြတ်ဗုဒ္ဓ)
“ရဟန်းတို့ ယုတ်မာသော အကျင့်ရှိသူသည် အရိုးနှစ်ထပ်သောလွှကြီးဖြင့် သင်တို့၏ အင်္ဂါကြီးငယ်တို့ကို အကယ်၍ တိုက်ဖျက်ကုန်ငြားအံ့၊ ဤကဲ့သို့ တိုက်ဖျက်ကုန်သော်လည်း ထိုခိုးသူတို့အား စိတ်ပြစ်မှားခြင်းကို မပြုအပ်၊ ဤကဲ့သို့ပြုလုပ်၍ စိတ်ပြစ်မှားသူသည် ငါ၏အဆုံးအမကို လိုက်နာသည်မမည်” (မြတ်ဗုဒ္ဓ)
အဘယစစ်သူကြီး ။ “အရှင်မင်းကြီး ကျွန်ုပ်မှာ စစ်ထိုးရန်ရှိပါသေးသည်။”
ဒုဋ္ဌဂါမဏိမင်း ။ “သင်တို့သခင် ငါလျှင် ဧကရာဇ် ဖြစ်ပြီတကား ၊ အဘယ်မည်သော စစ်ထိုးခြင်းရှိသေးသနည်း”
အဘယစစ်သူကြီး ။ “မြတ်သောမင်းကြီး ကျွန်ုပ်အား အလွန်အောင်နိုင်ခဲသော ကိလေသာတည်းဟူသော ခိုးသူတို့၏ စစ်ရှိပါသည်၊ ကိလေသာရန်သူတို့နှင့် စစ်ထိုးခြင်းကို ပြုပါအံ့၊ ကျွန်ုပ်ကို ခွင့်ပြုတော်မူပါ”
“ရဟန်းတို့…. မြင့်မြတ်သော ရှာမှီးခြင်းနှင့် ယုတ်နိမ့်သော ရှာမှီးခြင်းဟူ၍ ရှာမှီးခြင်း နှစ်မျိုးရှိ၏ ရဟန်းတို့ ယုတ်နိမ့်သော ရှာမှီးခြင်းဟူသည် အဘယ်နည်း၊ ဤလောက၀ယ် အချို.သောသူတို့သည် မိမိကိုယ်တိုင် အိုနာသေသဘော ရှိနေပါလျက်၊ မိမိကိုယ်တိုင် ပူဆွေးခြင်း ညစ်နွမ်းခြင်း သဘောရှိနေပါလျက် ထိုသဘောရှိသော တရားကို ရှာမှီးကြ၏ ရဟန်းတို့ ဇာတိသဘောရှိသော၊ အိုနာသေသဘောရှိသော၊ ပူဆွေးခြင်း ညစ်နွမ်းခြင်းသဘောရှိသော တရားဟူသည် အဘယ်နည်း၊ သားမယားနှင့် သက်ရှိသက်မဲ့ စီးပွားဥစ္စာတို.သည် ဇာတိသဘော၊ အိုနာသေသဘောရှိသော၊ ပူဆွေးခြင်း ညစ်နွမ်းခြင်းသဘောရှိသော တရားတို.ဖြစ်၏ ဤတရားတို့၌ မက်မော၍ တွေဝေ၍ ကပ်ငြိ၍နေခြင်းဖြင့် ထိုတရားတို့ကို ရှာမှီးကြသည်၊ ရဟန်းတို့ မြင့်မြတ်သော ရှာမှီးခြင်းဟူသည် အဘယ်နည်း၊ ဤလောက၀ယ် အချို.သောသူတို့သည် ဇာတိသဘော၊ အိုနာသေသဘော၊ ပူဆွေးခြင်း ညစ်နွမ်းခြင်းသဘောရှိသော ရုပ်နာမ်ခန္ဓာတို့၏ အပြစ်ကို ပြက်ပြက်ထင်ထင် သိမြင်ကာ ထိုသဘောတို့မှ လွတ်ငြိမ်းရာ နိဗ္ဗာန်တရားကြီးကို ရှာမှီးကြ၏ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြောင်း နည်းကောင်းလမ်းမှန်အတိုင်း ကျင့်သုံးကြ၏ ဤသို့သော ရှာမှီးခြင်းသည် မြင့်မြတ်သောရှာမှီးခြင်း ဖြစ်ပေသတည်း” (မြတ်ဗုဒ္ဓ)
လူသေပုပ် ၊ လူရှင်ပုပ်လို့ နှစ်မျိုးရှိတယ်၊ လူသေပုပ်ဆိုတာကတော့ သေလို့ ပုပ်သွားတာပေါ့၊ မြေကြီးထဲမှာ ပုပ်နေတာဆိုတော့ အပေါ်ကိုဘာနံ့မှ မထွက်တော့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးပေါ့၊ လူရှင်ပုပ် ဆိုတာကျတော့ဆိုးတယ်၊ သူများကို ဒုက္ခပေးတယ်၊ အကျင့်စာရိတ္တပျက်စီးနေတဲ့ သူတွေဟာ ရှင်ရက်နဲ့ ပုပ်နေတဲ့သူတွေပဲပေါ့၊ သူ့ရဲ. အကျင့်စာရိတ္တ ပျက်စီးမှု အပုပ်နံ့တွေက သူရောက်တဲ့ နေရာတိုင်းမှာ နံစော်နေတာပဲပေါ့၊ ဒါကြောင့် လူတိုင်းက သူနဲ့မတွေ.အောင် ဝေးဝေးကရှောင်ကြတယ်၊ မတက်သာလို့ ဆက်ဆံရပြီဆိုရင်လည်း ဟိုမယုံရ ဒီမယုံရနဲ့ ဒုက္ခရောက်ကြရတာပေါ့၊ ဒါကြောင့် မိမိကိုယ်ကို သေမှပဲပုပ်ပါစေ၊ မသေခင် မပုပ်ပါစေနဲ့။ (ဆရာတော်အရှင်ဇ၀န၏ စာရိတ္တသတ္တိစာအုပ်မှ)
လူတစ်ယောက်ဟာ သူတစ်ပါးကို ထောက်ပံ့ကူညီ ပေးကမ်းနိုင်စွမ်းရှိပါလျက် မထောက်ပံ့၊ မကူညီ၊ မပေးကမ်းဘဲ သေဆုံးသွားခဲ့လျင် ထိုကဲ့သို့သော သေဆုံးခြင်းသည် မမြတ်သော သေဆုံးခြင်းဖြစ်သည်။ (အင်ဒရူးကာနက်ဂျီ- အမေရိကန် သံမဏိသူဋ္ဌေးကြီး)
ဘ၀အောင်မြင်မှုဆိုတာ တိုက်တွေကားတွေ ၀တ်ကောင်းစားလှတွေနဲ့ မတိုင်းတာ မသတ်မှတ်ကြပါနဲ့၊ တကယ့်ဘ၀ အောင်မြင်မှုဆိုတာကို မိမိဟာ အများအတွက် ဘယ်လောက်လုပ်ကိုင် ဆောင်ရွက်ပေးခဲ့သလဲဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာရတယ်။ (ဂျော့ဝါရှင်တန်ကာဗာ)
“ဆရာကြီးပလေတိုကို ကျွန်ုပ်ချစ်ခင်လေးစားပါသည်၊ သို့သော် ကျွန်ုပ်သည် အမှန်တရား(သစ္စာ)ကိုကား ဆရာကြီးကိုချစ်သည်ထက် အဆတစ်ရာမက ပိုမိုချစ်မြတ်နိုးပါသည်” (အရစ္စတိုတယ်)
“လည်နေတဲ့ဘီးတစ်ခု ရပ်သွားစေဖို့အတွက် ဘယ်တုန်းကစပြီး လည်ခဲ့တယ်၊ အခုဘယ်နှစ်ပတ်ရှိသွားပြီလို့ သိစရာမလိုဘူး၊ ဘာကြောင့် လည်နေရတယ်၊ ဘယ်လို ဘရိတ်အုပ်ရမယ်ဆိုတာကို သိဖို့ပဲလိုတယ်” (နတ်မှီတောရဆရာတော်)
Great opportunities to help others seldom come, but small ones surround as daily.
“သူတစ်ပါးအား ကူညီရန် အခွင့်အရေးကြီးကြီးမားမား ဆိုသည်များမှာ ရောက်လာခဲသော်လည်း အခွင့်အရေးငယ်များမှာမှု ကျွန်ုပ်တို့ဝန်းကျင်၌ နေ့စဉ်ဝန်းရံနေတက်ပါသည်” (Sally Koch)
Both optimists and pessimists contribute to our society. The optimist invents the airplane and the pessimist the parachute.
“အကောင်းမြင်သမားရော၊ အဆိုးမြင်သမားရော လောကကြီးကို အကျိုးပြုပါတယ်၊ အကောင်းမြင်သမားက လေယာဉ်ကိုထီထွင်တယ်၊ အဆိုးမြင်သမားက လေထီးကိုတီထွင်တယ်” (Gil Stern)

0 comments:
Post a Comment