* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 29, 2009

၆။ ဝေသာလီ မဟာဝုန်ပြဿဒ်ကျောင်း၌ မဟာလိ( နှုတ်ခမ်းတွဲ) နှင့် ကောသလ၊ မာဂဓ မှ ဧည့်အမတ်များအား ဘုရားဟောသောတရား

“ဗုဒ္ဓအသျှင်- ရက်အတော်ကြာတုန်း လိစ္ဆ၀ီမင်း သုနက္ခနဲ့  တွေ့ လို့  သူပြောတာ ကြားခဲ့ရ ပါတယ်။ သူဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဗုဒ္ဓထံ ရဟန်းအဖြစ်နဲ့  နေခဲ့တယ်။ အဲသည်တုန်း က သူဟာ ချစ်စရာ နတ်အလှတွေ မြင်ခဲ့တယ်။ အသံတော့ မကြားခဲ့ဘူး လို့  ပြောပါတယ်။ အဲဒါ အသံမရှိလို့  သူမကြားတာလား ဘုရား” “မဟုတ်ဘူး မဟာလိ”

“ဘာဖြစ်လို့  မကြားရတာလဲ ဘုရား”
“မြင်ဖို့ ပဲ သူ့ စိတ် ပွားထားလို့ ပေါ့”

“ကြားဖို့ ပွားလျင် မကြားဘူးလား ဘုရား”
“အေး - ကြားမယ်။ မမြင်ဘူး မဟာလိ”

“ကြားဖို့ ရော၊ မြင်ဖို့ ရော ပွားလျင်တော့ အားလုံးပဲ မြင်၊ ကြားဖြစ်မလား”
“အဒါလည်း အရပ်အနှံ့ မဟုတ်လျင် အရပ်အနှံ မမြင် မကြားဘူး။ ပွားတဲ့ အရပ်ပဲ မြင်ကြား ဖြစ်မယ်”

“ ဗုဒ္ဓအသျှင်- သည်လို သမာဓိတွေပွားဖို့  ရဟန်းပြုကြတာလား ဘုရား”
“မဟုတ်ဘူး မဟာလိ”

“ ဘာအတွက် ရဟန်းပြုကြတာလဲ ဘုရား”
“အဲသည် သမာဓိ ထက်လွန်တဲ့ တရား ရဖို့ ပဲ”

“အဲဒါ ဘာတရားတွေလဲ ဘုရား”
“သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဆိုတဲ့ တရားထူးတွေပဲ”

“ဗုဒ္ဓအသျှင် - အဲသည်လို တရားထူးတွေရဖို့  နည်းလမ်း ကျင့်ရိုးတွေ ရှိပါသလား ဘုရား”
“အေး။ ရှိတယ်”

“ဘာတွေလဲ ဘုရား”
“အမြင်မှန်၊ အတွေးမှန်။ အပြောမှန်၊ အလုပ်မှန်၊ အနေမှန်။ ကြိုးစားမှန်၊ နိုးကြားမှန်၊ စိတ်ထား မှန်တွေပဲ”

“၀မ်းသာလှပါတယ် ဘုရား”
xxxxxxxxxxx xxxxxxxxx xxxxxxxx xxxxxxxxxxx xxxxxxxxxx

“မဟာလိ- ငါ ကောသမ္ဗီပြည်၊ ဃောသိတာရုံမှာ မုဏ္ဍိယပုဗိုဇ်နဲ့  သစ်သားသပိတ်ဆောင်တဲ့ ပုဗိုဇ်တပည့် ဇာလိယတို့ ကို လက်ခံတွေ့ ဆုံတုန်းက သူတို့ က ငါ့ကိုမေးတယ်။
ဗုဒ္ဓအသျှင်- အသက်ဇီဝဟာ သည်ကိုယ်ကြီးပဲလား၊ ဒါမှမဟုတ် သီးခြားလား၊ သိပါရစေ ဘုရား- လို့ ပဲ။ ငါက သူတို့ ကို ပြန်မေးတယ်-
ငါ့ရှင်တို့  အကျင့်သီလဖြည့်ပြီး၊ ဈာန်လေးပါး ၀င်စားနေတယ် ဆိုပါတော့။ အဲသည် ရဟန်းဟာ မင်းတို့ အမေးကို ဖြေဖို့ သင့်ပါ့မလား- လို့ 
ဘာဖြစ်လို့  မသင့်တာလဲ၊ သင့်ပါတယ် ဗုဒ္ဓအသျှင်- လို့ လျှောက်ကြတယ်။
သည်လိုဆိုလျင်ကော ငါ့ရှင်တို့ - ရဟန်းဟာ ရှေးဖြစ်ဟောင်း အောက်မေ့နိုင်မှု၊ ဘ၀ဟန် အမှန် မြင်နိုင်မှု၊ ဘ၀ စိတ်ကူးယဉ်ကျော မမျောမှု၊ ဖြစ်နေပြီ ဆိုလျင်ကော အဲသည်ရဟန်းဟာ အသက်နဲ့ ကိုယ် အတူပဲ၊ တခြားပဲ။ သည်လိုငါသိမြင်တယ်၊ ပြောဦးမလား- လို့ မေးတဲ့ အခါ၊ သူတို့  ပြန်ဖြေကြတယ်။
အဲသည်လို ဆိုလျင်တော့ အသက်နဲ့  ကိုယ်အတူပဲ၊ တခြားပဲ မပြောပလောက်တော့ပါဘူး ဗုဒ္ဓ အသျှင်- လို့ ပဲ မဟာလိရေ။
“ကောင်းလှပါတယ် အသျှင်ဘုရား။ နက်နဲလှတဲ့ တရားတွေ နာကြားရတာပါပဲ အသျှင်ဘုရား”

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP