* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 29, 2009

အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၂)

၁၇ကြိမ်မြောက် အစည်းအဝေးကြီး၏ နောက်ဆုံးနေ့ တပိုတွဲလပြည့်နေ့တွင် ရွှေကျင်နိကာယ ဂိုဏ်းဝင်သံဃာ တော်များ စုပေါင်း စုရုံး၍ ပထမရွှေကျင် သာသနာပိုင်ဆရာတော်ဘုရားကြီး၏ သိမ်တော်ကြီးအတွင်း၌ သံဃာ့ ဥပုသ်ပြုတော်ခဲ့ကြသည်။ ထိုနေ့ညနေပိုင်းတွင် ဆရာတော် ဦးမဟောသဓပဏ္ဍိတမှ မြစကြာဆရာတော် ဦးလက္ခဏနှင့် မဆုံတာ ၁၅နှစ်ရှိပြီဖြစ်၍ သွားတွေ့ ချင်ကြောင်းပြောသဖြင့် မြစကြာဆရာတော် သီတင်းသုံးသော ရန်ကင်းတောင်ခြေရှိ ခန့်ဝင်း တောရကျောင်းသို့ သွားဖြစ်ခဲ့သည်။






မြစကြာ ဆရာတော်နှင့် မနက်ဖြန်သည် လွန်ခဲ့သော ၁၀-နှစ်ခန့်လောက် အချိန်တွင် အောင်ချမ်းသာကျောင်း စတင် တည်ထောင်ခဲ့စဉ် ကာလက တွေ့ဆုံခဲ့ဘူးသည်။ ဆရာတော် သည် တရားဟောအလွန်ကောင်းသည်၊ အသံလည်းကောင်းသည်။ ဆရာတော်ဦးမဟောနဲ့ အတူ ဆယ်နှစ်ကျော်ကျော် မလွန်ဓမ္မကထိအဖြစ် မြန်မာပြည် တစ်ခွင် လှည့်လည်လုပ်ဆောင်ခဲ့သဖြင့် တစ်ပါးနဲ့တစ်ပါး အလွန်ပင်သံယောဇဉ် ရှိကြ၏။

ခန့်ဝင်တော့ရကျောင်းအတွင်းသို့ ၀င်လိုက်သည်နှင့် အေးငြိမ်းတိက်ဆိတ်သော အရသာကို ပထမဦးဆုံး ခံစားလိုက်ရသည်။ မြစကြာဆရာတော်နှင့် ဆရာတော် ဦးမဟောတို့ ရှေးဟောင်းနှောင်းဖြစ်အကြောင်းများ ပျော်ရွှင်စွာ အာလာပသလ္လာပများပြောနေကြသည်မှာ နားထောင်လို့ ကောင်းသဖြင့် ၂-နာရီကျော် ကြာသွား သည်။

ထိုမှအပြန်တွင် ရန်ကင်းတောင်ခြေရှိ မြကျောက်သောက်ရေသန့်ထွက်ရှိရာ ဘုန်းတော်ကြီး ကျောင်းသို့သွား ရောက်ခဲ့ကြသည်။ တပိုတွဲလပြည်ကျော် တစ်ရက်နေ့တွင် သီတဂူဆရာတော် ၏ဒကာတစ်ဦးမှ (Adventure Travel Company) မှ စစ်ကိုင်းနှင့် မင်းကွန်း ဧရာဝတီမြစ်ကမ်း ရှုခင်းများ ကြည့်ရှုရန် ဖိတ်ကြားသဖြင့် ဆရာတော် ဦးမဟော ခေါင်းဆောင်သော အဖွဲ့အားလုံး စစ်ကိုင်းတောင်ရိုး၏ အလှပသာဒများကို မြင်တွေ့ခွင့် ရခဲ့သည်။

ထိုနေ့ ညနေပိုင်းတွင် မေမြို့ ရှိ သီတဂူဝေဇယန္တာကျောင်းသို့ သွားရောက်ကာ အနားယူခဲ့ကြ သည်။ နောက်ရက် မနက်ပိုင်းတွင် အဖွဲ့အားလုံး မဟာအံ့ထူးကံသာဘုရားကြီးကို သွားရောက် ဖူးမျှော်ဖြစ်ခဲ့ကြပြီး ကန်တော်ကြီး ဥယျာဉ်နှင့် ပွဲကောက်ရေတံခွန်များသို့ လည်ပတ်ခဲ့ကြ၏။


အမိမြေသို့ ဒီတစ်ခေါက် ပြန်ရသည်မှာ အလွန်ပင်ပျော်ရွှင်စရာကောင်းသည်။ စိတ်ချမ်းမြေ့မှု များရရှိခဲ့သည်။ မြန်မာပြည်၏ အလှ မြန်မာပြည်၏ သဘာဝများကို အပြည့်အ၀ ခံစားခွင့်ရ သည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP