* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 29, 2009

အိုင်းအမာနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်...

တိက ပုဂ္ဂလပညတ် -မှ...

၁... အိုင်းအမာနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်၊
၂... လျှပ်စစ်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်၊
၃... ဝဇိရစိန် နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်။5

၁...
အိုင်းအမာနှင့်တူသော စိတ်ရှိသော 'အရုကူပမစိတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပင်ပန်းခြင်း များ၏၊ အနည်းငယ်ပင် ပြောဆိုစေကာမူ ငြိကပ်တတ်၏၊ ပြစ်မှားတတ်၏၊ ဖောက်ပြန် တတ်၏၊ ခက်ထန်၏၊ အမျက်ထွက်ခြင်းကို လည်းကောင်း၊ စိတ်ဆိုးခြင်းကို လည်း ကောင်း၊ မနှစ်သက်ခြင်းကို လည်းကောင်း ထင်စွာပြု၏၊ သွေးပြည် ပြည့်သော အိုင်းအမာ အနာဟောင်းသည် ထင်းချောင်းဖြင့် လည်းကောင်း၊ အိုးခြမ်းကွဲဖြင့် လည်းကောင်း ထိခိုက်မိသည်ရှိသော် အတိုင်းထက်အလွန် သွေးပြည် ယိုစီးသကဲ့ သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ် ၏၊ ပင်ပန်းခြင်းများ၏၊ အနည်းငယ်ပင် ပြောဆိုစေကာမူ ငြိကပ်တတ်၏၊ ပြစ်မှား တတ်၏၊ ဖောက်ပြန်တတ်၏၊ ခက်ထန်၏၊ အမျက်ထွက်ခြင်းကို လည်းကောင်း၊ စိတ်ဆိုးခြင်းကို လည်းကောင်း၊ မနှစ်သက်ခြင်းကို လည်းကောင်း ထင်စွာပြု၏၊ ဤပုဂ္ဂိုလ်ကို အိုင်းအမာနှင့်တူသော စိတ်ရှိသော 'အရုကူပမစိတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။101

၂...
လျှပ်စစ်နှင့်တူသော စိတ်ရှိသော 'ဝိဇ္ဇူပမစိတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည် ကားဆင်းရဲ 'ဒုက္ခ'တည်း'' ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤတဏှာ 'လောဘ' သည်ကား ဆင်းရဲ ဖြစ်ကြောင်းတည်း'' ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤ နိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာတည်း'' ဟု ဟုတ်မှန်သော အတိုင်းသိ၏၊ ''ဤမဂ္ဂင် ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ မျက်စိ အမြင်ရှိသော ယောက်ျားသည် အလွန် မှောင်မိုက်သော ညဥ့်အခါ၌ လျှပ်စစ်ပြတ်သဖြင့် အဆင်းရူပါရုံတို့ကို မြင်ရာသကဲ့ သို့၊ ဤအတူပင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲ 'ဒုက္ခ' တည်း'' ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤတဏှာ 'လောဘ' သည်ကား ဆင်းရဲဖြစ်ကြောင်းတည်း'' ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း'' ဟု ဟုတ်မှန် သောအတိုင်း သိ၏၊ ''ဤမဂ္ဂင် ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်း အကျင့်တည်း'' ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ဤပုဂ္ဂိုလ်ကို လျှပ်စစ် နှင့်တူသော စိတ်ရှိသော 'ဝိဇ္ဇူပမစိတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။102

၃...
ဝဇိရစိန်နှင့်တူသော စိတ်ရှိသော 'ဝဇိရူပမစိတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်း ကြောင့် အာသဝေါကင်းသော၊ စိတ်ဖြင့် ကိလေသာမှ လွတ်သော၊ ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ကျောက်မျက်ရတနာပင်ဖြစ်စေ၊ ကျောက်သားပင်ဖြစ်စေ ဝဇိရစိန်၏ မဖောက်ထွင်းနိုင်သော တစ်စုံတစ်ခု ဝတ္ထုမည် သည် မရှိသကဲ့သို့၊ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ် သည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ စိတ်ဖြင့် ကိလေသာမှ လွတ်သော၊ ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ဤပုဂ္ဂိုလ်ကို ဝဇိရစိန်နှင့်တူသော စိတ်ရှိသော 'ဝဇိရူပမစိတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။103

၃ - တိက၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP