* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, April 14, 2009

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၂

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၂

၁၃၁၆-ခု တပေါင်းလ (၁၉၅၅-ခု မတ်လ)တွင် ညောင်လေးပင် တရားပွဲ အပြီးတွင် ဆရာတော်သည် ပဲခူးမြို့၊ လိပ်ပြာကန် ရပ်တွင်နေသော အစ်မလေးသီလရှင်အား ကျေးဇူးဆပ်လိုသဖြင့် ပဲခူးမြို့သို့ ဆက်လက်ကြွတော်မူလာသည်။ အစ်မလေးသီလရှင်သည် စာပေတွေသင်၊ စာပေတွေကို ပြန်လည်ပို့ချနေခြင်းဖြင့် ပရိယတ်နယ်ပယ်တွင်း၌သာ အာရုံရှိနေသည်ကို ဆရာတော်ဘုရား ရိပ်စားမိတော်မူလေသည်၊ ဆရာတော်အနေနှင့်ကား အစ်မဖြစ်သူအား လက်တွေ့ပါ ကျင့်ကြံစေလိုသည်။ ထို့ကြောင့်လည်း ပဲခူးသို့ တကူးတက ကြွလာရခြင်းဖြစ်သည်။……………။ အစ်မလေး သီလရှင်ဆရာကြီးသည် မောင်ငယ် မိုးကုတ်ဆရာတော် ဘုရားကြီး ကြွလာ၍ ၀မ်းသာအယ်လဲ ရွှင်မြူးနေရှာသည်။ အစ်မဖြစ်သူ၏ ရင်ထဲတွင် မောင်လေး မိုးကုတ်ဆရာတော်ဘုရားကြီးကို လွန်ခဲ့သောနှစ်ပေါင်း ၄၀-ကျော်က မင်္ဂလာကျောင်းတိုက်အတွင်းသို့ လှမ်းဝင်လာခဲ့သော တောက ကိုရင်ကလေး ၀ိမလအဖြစ်သာ မြင်မိပေသည်။ ထို့ကြောင့်လည်း မိုးကုတ်ဆရာတော်ဘုရားကြီးနှင့် စကားပြောစဉ် “မောင်ပဉ္စင်း” ဟုသာ ရင်းရင်းနှီးနှီးသုံးစွဲခဲ့လေသည်။ ထိုအချိန်ကား မိုးကုတ်ဆရာတော်ဘုရားကြီးသည် အပြင်လောကတွင် ဂုဏ်သတင်းအရှိန်အ၀ါ လွန်စွာကြီးမားနေပြီဖြစ်ပါသည်။

***********************
နောက်တစ်နေ့တွင် ဆရာတော်က အစ်မဖြစ်သူအား ‘အစ်မလေးတို့….တရားလေး ဘာလေးများကော အားမထုတ်ကြဘူးလား’ ဟု မေးမြန်းရာ၊ ကသစ်ဝိုင်နည်းဖြင့် အားထုတ်နေကြောင်း ပြန်လည် ဖြေကြားလေသည်။ ‘ဘယ်လိုရှုရသလဲ အစ်မလေးတို့…’၊ ဆရာတော်ကား ကသစ်ဝိုင်နည်းကို ဆက်လက်စူးစမ်းနေပေသည်။ ‘ပေါ်-သိ-ပျက်၊ ပေါ်-သိ-ပျက် လို့ ရှုရတယ်’၊ ‘ဘာတဲ့…’၊ ‘ပေါ်-သိ-ပျက်၊ ပေါ်-သိ-ပျက် လို့ရှုရတယ် မောင်ပဉ္စင်းရဲ့’၊ “သြော်…အဲ-အဲ…..ကောင်းတယ်-ကောင်းတယ်၊ ဆက်ရှု-ဆက်ရှု” …………..။ ‘ပေါ်-သိ-ပျက်၊ ပေါ်-သိ-ပျက်’ ဟူသည်ကား မိုးကုတ်ဆရာတော်ဘုရားကြီး အတွက်တော့ ‘ဖြစ်-ပျက်’သာဖြစ်ပါလိမ့်မည်။ ဆရာတော်သည် ပဲခူးမြို့သို့ ရည်ရွယ်ချက်နှင့်လာခဲ့ခြင်းဖြစ်ရာ၊ အချည်းနှီးအဖြစ်မခံပေ၊ နောက်နေ့များမှ စတင်၍ အစ်မဖြစ်သူအား ဇွတ်အတင်း တရားဟောတော့သည်။ တရားနာပရိတ်သတ်မှာ အစ်မဖြစ်သူနှင့် အခြားကျောင်းမှ သီလရှင်ကြီး ဒေါ်ပုညမျှသာ ဖြစ်သည်။ ထို ပရိတ်သတ် (၂)ပါးထဲကိုပင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် မှန်မှန်ဟောပေးပြီး၊ ပရိတ်သတ်အများကြီးကို ဟောသလို ချွေးတလုံးလုံးဖြင့် အားရပါးရ ဟောကြားလေသည်။ ၁၅-ရက်မျှပင် ကြာမြင့်ခဲ့သည်။

****************************
ဆရာတော်သည် ပရိယတ္တိဘက်တွင်လည်း ချီးမြှောက်တော်မူပါသည်။ ဆရာတော်တရားဟောသောအခါတွင် သီလရှင်ပေါက်စကလေးများမှာ တရားမနာကြပေ၊ သီလရှင်လေး ၂-ပါး တစ်ခါက ဆရာတော့်တရားမနာယူဘဲ ကျောင်းအောက်တွင် သဂြုင်္ိဟ်ပါဠိကို အော်ကျက်နေကြရာ၊ ဆရာတော်က သဂြုင်္ိဟ်ကျက်ဖော်ရသည်ဆိုပြီး အဆိုပါ သီလရှင်လေးနှစ်ပါးအား ငွေငါးကျပ်စီဆုချရန် ကပ္ပိယကြီးအား အမိန့်ရှိလေသည်။ “သီလရှင်လေးတွေ မြို့ထဲဆွမ်းဆန်စိမ်းရပ်ဖို့ သွားတဲ့အခါ ရချင်တဲ့ လောဘစိတ်ကလေးတွေနဲ့ သွားကြတာပဲ၊ အဲဒီ-လောဘစိတ် ကလေးတွေ ဖြစ်ပြီးပျက်သွားတယ်၊ ဖြစ်ပြီးပျက်သွားတယ်လို့ သိပြီးလှမ်းနေကြပေါ့ဟဲ့”ဟူ၍လည်း ကလေးမျှသာ ရှိသေးသော သီလရှင်ကလေးများကိုပါ မရအရ တရားဟောလေသည်။ ပဲခူးမြို့၊လိပ်ပြာကန်မှ သီလရှင် မကေသီက ထိုစဉ်က မိုးကုတ်ဆရာတော်ဘုရားကြီး၏ အမူအရာ အနေအထားတို့ကို အောက်ပါအတိုင်း ပြန်ပြောပြပါသည်- “အံမယ်လေး……….ဆရာတော်ကြီးက ကြမ်းပါ့၊ ကိုယ်ကြမ်း-စိတ်ကြမ်းကြီးပဲ၊ လှေကားများ ဆင်းသွားလိုက်တာ သူ့ခန္ဓာကိုယ်ကြီးက အကြီးကြီး၊ ၀ုန်း-၀ုန်း၊ ၀ုန်း-၀ုန်း နဲ့ နေတာပဲ” ၊ “ဆရာတော်ကြီးက သင်္ကန်းတော့ ကောင်းပါရဲ့၊ ဒါပေမယ့် ၀တ်တာကြီးက ဖရိုဖရဲနဲ့၊ ဖြစ်သလိုကြီး ၀တ်တာ၊ အင်း…သူ့အဖို့တော့လဲ….မလိုဘူးပေါ့လေ”။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP