* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, April 14, 2009

အကြောင်းလေးမျိုး...

ဌာနသုတ်- (အကြောင်း ၊ တည်ရာ၊ အရပ်၊ ရာထူး)

ရဟန်းတို့ ...
အကြောင်းတို့သည် ဤလေးမျိုးတို့တည်း။

အဘယ်လေးမျိုးတို့နည်းဟူမူ-

၁... ရဟန်းတို့..
မနှစ်ခြိုက်ဖွယ်ကို ပြုရန် အကြောင်းသည် ရှိ၏၊
ထို အကြောင်းကို ပြုလုပ်သော် အကျိုးမဲ့ရန်လည်း ဖြစ်၏။

၂... ရဟန်းတို့ ...
မနှစ်ခြိုက်ဖွယ်ကို ပြုရန် အကြောင်းသည် ရှိ၏၊
ထို အကြောင်းကို ပြုလုပ်သော် အကျိုးရှိရန်ကား ဖြစ်၏။

၃... ရဟန်းတို့ ...
နှစ်ခြိုက်ဖွယ်ကို ပြုရန် အကြောင်းသည် ရှိ၏၊
ထို အကြောင်းကို ပြုလုပ်သော် အကျိုးမဲ့ရန်သာ ဖြစ်၏။

၎... ရဟန်းတို့ ...
နှစ်ခြိုက်ဖွယ်ကို ပြုရန် အကြောင်းသည် ရှိ၏၊
ထို အကြောင်းကို ပြုလုပ်သော် အကျိုးရှိရန်လည်း ဖြစ်၏။

ရဟန်းတို့ ...
ထို အကြောင်းလေးမျိုးတို့တွင် ...
အကြင် အကြောင်းသည် မနှစ်ခြိုက်ဖွယ်ကို ပြုရန် ဖြစ်၏၊ ထို အကြောင်းကို ပြုလုပ်သော် အကျိုးမဲ့ရန်လည်း ဖြစ်၏။ ရဟန်းတို့ ဤအကြောင်းကို (နှစ်ခြိုက်ဖွယ် မရှိခြင်း အကျိုးမဲ့ခြင်းဟု ဆိုအပ်သော) နှစ်ပါးစုံသော အကြောင်းကြောင့်ပင် မပြု လုပ်အပ်ဟူ၍ သိမှတ်နိုင်၏၊ အကြင် အကြောင်းသည် မနှစ်ခြိုက်ဖွယ်ကို ပြုရန် ဖြစ်၏၊ ထို အကြောင်းကို ဤနှစ်ခြိုက်ဖွယ် မရှိခြင်း ဟူသော အကြောင်းကြောင့် လည်း မပြုအပ်ဟူ၍ သိမှတ်နိုင်၏၊ အကြင် အကြောင်းကို ပြုအပ်သည် ရှိသော် အကျိုးမဲ့ရန် ဖြစ်၏၊ ထို အကြောင်းကို ဤ(အကျိုးမဲ့ခြင်းဟူသော) အကြောင်း ကြောင့်လည်း မပြုအပ်ဟူ၍ သိမှတ်နိုင်၏။ ရဟန်းတို့ ဤအကြောင်းကို နှစ်ပါးစုံ သော အကြောင်းကြောင့်ပင် မပြုအပ်ဟူ၍ သိမှတ်နိုင်၏။

ရဟန်းတို့ ...
ထို အကြောင်းလေးမျိုးတို့တွင် အကြင် အကြောင်းသည် မနှစ်ခြိုက်ဖွယ်ကို ပြုရန် ဖြစ်၏၊ ထို အကြောင်းကို ပြုလုပ်သော် အကျိုးရှိရန်ကား ဖြစ်၏။ ရဟန်းတို့ ဤအကြောင်း၌ ယောက်ျား၏ ဉာဏ်အစွမ်း ယောက်ျား၏ လုံ့လ ယောက်ျား၏ အားထုတ်ခြင်းကြောင့် သူမိုက်ကိုလည်းကောင်း၊ ပညာရှိကိုလည်းကောင်း ခွဲခြား သိအပ်၏။ ရဟန်းတို့ သူမိုက်သည် ''ဤအကြောင်းသည် နှစ်ခြိုက်ဖွယ် မရှိသည် ကို ပြုရန်ကား ဖြစ်ပေ၏၊ သို့ပင်ဖြစ်သော်လည်း ဤအကြောင်းကို ပြုလုပ်သော် အကျိုးရှိရန်ကား ဖြစ်၏''ဟု မဆင်ခြင်တတ်၊ ထိုသူသည် ထို အကြောင်းကို မပြု၊ ထို အကြောင်းကို မပြုလုပ်သော် ထိုသူအား အကျိုးမဲ့ရန် ဖြစ်၏။ ရဟန်းတို့ ပညာရှိသည် ''ဤအကြောင်းသည် မနှစ်ခြိုက်ဖွယ်ကို ပြုရန်ကား ဖြစ်ပေ၏၊ သို့ပင် ဖြစ်သော်လည်း ဤအကြောင်းကို ပြုလုပ်သော် အကျိုးရှိရန် ဖြစ်၏'' ဟု ဆင်ခြင် တတ်၏၊ ထိုသူသည် ထို အကြောင်းကို ပြု၏၊ ထို အကြောင်းကို ပြုလုပ်သော် ထိုသူအား အကျိုးရှိရန် ဖြစ်၏။

ရဟန်းတို့ ...
ထို အကြောင်းလေးမျိုးတို့တွင် အကြင် အကြောင်းသည် နှစ်ခြိုက်ဖွယ် ကို ပြုရန် ဖြစ်၏၊ ထို အကြောင်းကို ပြုလုပ်သော် အကျိုးမဲ့ရန်သာ ဖြစ်၏။ ရဟန်းတို့ ဤအကြောင်း၌ ယောက်ျား၏ ဉာဏ်အစွမ်း ယောက်ျား၏ လုံ့လ ယောက်ျား၏ အားထုတ်ခြင်းကြောင့် သူမိုက်ကိုလည်းကောင်း၊ ပညာရှိကို လည်း ကောင်း ခွဲခြား သိအပ်၏။ ရဟန်းတို့ သူမိုက်သည် ''ဤအကြောင်းသည် နှစ်ခြိုက် ဖွယ်ကို ပြုရန်ကား ဖြစ်ပေ၏၊ သို့ပင်ဖြစ်သော်လည်း ဤအကြောင်းကို ပြုလုပ် သော် အကျိုးမဲ့ရန်သာ ဖြစ်၏'' ဟု မဆင်ခြင်တတ်၊ ထိုသူသည် ထို အကြောင်းကို ပြု၏၊ ထို အကြောင်းကို ပြုလုပ်သော် ထိုသူအား အကျိုးမဲ့ရန် ဖြစ်၏။ ရဟန်းတို့ ပညာရှိသူသည် ''ဤအကြောင်းသည် နှစ်ခြိုက်ဖွယ်ကို ပြုရန်ကား ဖြစ်ပေ၏၊ သို့ပင် ဖြစ်သော်လည်း ဤအကြောင်းကို ပြုလုပ်သော် အကျိုးမဲ့ရန် ဖြစ်၏'' ဟု ဆင်ခြင်တတ်၏၊ ထိုသူသည် ထို အကြောင်းကို မပြု၊ ထို အကြောင်းကို မပြုလုပ် သော် ထိုသူအား အကျိုးရှိရန် ဖြစ်၏။

ရဟန်းတို့ ...
ထို အကြောင်း လေးမျိုးတို့တွင် အကြင် အကြောင်းသည် နှစ်ခြိုက်ဖွယ်ကို ပြုရန် ဖြစ်၏၊ ထို အကြောင်းကို ပြုလုပ်သော် အကျိုးရှိရန်လည်း ဖြစ်၏။ ရဟန်းတို့ ဤအကြောင်းကို နှစ်ပါးစုံသော အကြောင်းကြောင့်ပင် ပြုအပ်၏ဟူ၍ သိမှတ်နိုင် ၏။ ရဟန်းတို့ အကြင်အကြောင်းသည် နှစ်ခြိုက်ဖွယ်ကို ပြုရန်ဖြစ်၏၊ ဤနှစ်ခြိုက် ဖွယ် အကြောင်းကြောင့်လည်း ထို အကြောင်းကို ပြုအပ်၏ဟူ၍ သိမှတ်နိုင်၏၊ ဤ အကြောင်းကို ပြုအပ်သည်ရှိသော် အကျိုးရှိရန် ဖြစ်၏၊ ဤ(အကျိုးရှိခြင်းတည်း ဟူသော) အကြောင်းကြောင့်လည်း ထို အကြောင်းကို ပြုအပ်၏ ဟု သိမှတ်နိုင်၏။ ရဟန်းတို့ ဤနှစ်ပါးစုံသော အကြောင်းကြောင့် သာလျှင် ပြုအပ်၏ဟု သိမှတ်နိုင် ၏။ ရဟန်းတို့ အကြောင်းတို့သည် ဤလေးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။115

၅ - ဌာနသုတ်၊ ကေသိဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP