* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 27, 2009

ဝေဿန္တရမင်းအကျင့်...အဆက်- ၅

ဇာလီမင်းသားနှင့် သမီးကဏှာဇိန်ကို လည်းကောင်း၊ အရှင်သခင်၌ ရိုသေသော အကျင့်ရှိသော မဒ္ဒီမိဖုရားကို လည်းကောင်း စွန့်လွှတ်လှူဒါန်းသော ငါသည် သမ္မာ သမ္ဗောဓိဉာဏ်၏ အကြောင်းကြောင့်သာလျှင် တွန့်တိုဆုတ်နစ်သော စိတ်အကြံ အစည် မဖြစ်ခဲ့ပေ။

ငါသည် သားသမီးနှစ်ယောက်တို့ကို မချစ်သည် မဟုတ်၊ မဒ္ဒီမိဖုရားကို မချစ်သည် လည်း မဟုတ်၊ ငါသည် သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏၊ ထို့ကြောင့် ငါသည် ချစ်သော သားမယားတို့ကို ပေးလှူခဲ့၏။

ထို့နောက် တစ်ဖန် တောအုပ်ကြီး၌ မယ်တော် ခမည်းတော်တို့နှင့် ပေါင်းဆုံရသော် သနားဖွယ် ငိုကြွေးကာ ချမ်းသာဆင်းရဲကို မေးမြန်းပြောဆိုလျက်-

နှစ်ယောက်သော မယ်တော် ခမည်းတော်တို့၏ အထံသို့ အရှက်အကြောက်ဖြင့် လည်းကောင်း၊ လေးစားခြင်းဖြင့် လည်းကောင်း ချဉ်းကပ်၏။ ထိုအခါ၌လည်း မြင်း မိုရ်တောင်တည်းဟူသော ဦးဆောက်ပန်းရှိသော မြေကြီးသည် တုန်လှုပ်လေ၏။

ထို့နောက် တစ်ဖန် ဆွေတော်မျိုးတော်တို့နှင့်တကွ တောအုပ်ကြီးမှ ထွက်ခဲ့ကြ၍ ပျော်မွေ့ဖွယ်ကောင်းသော ပြည်မြတ်ဖြစ်သော ဇေတုတ္တရာမြို့တော်သို့ဝင်လေ၏။

ထိုနေ့၌ ရတနာ ခုနစ်ပါးမိုးတို့သည် ရွာသွန်းကုန်၏၊ သည်းစွာသော မိုးသည် ရွာချ လေ၏၊ ထိုအခါ၌လည်း မြင်းမိုရ်တောင်တည်းဟူသော ဦးဆောက်ပန်းရှိသော မြေ ကြီးသည် တုန်လှုပ်လေ၏။

စိတ်စေတနာ မရှိသော ဤမြေကြီးသည်လည်း ချမ်းသာဆင်းရဲကို မသိဘဲလျက် ငါ၏ အလှူ စွမ်းအားကြောင့် ခုနစ်ကြိမ်တိုင်တိုင် တုန်လှုပ်လေ၏။ 124

ကိုးခုမြောက် ဝေဿန္တရစရိယ 'ဝေဿန္တရာမင်းအကျင့်' ပြီး၏။
၉ - ဝေဿန္တရစရိယ (ဝေဿန္တရမင်းအကျင့်)၊ အကိတ္တိဝဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP