* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 27, 2009

ဝေဿန္တရမင်းအကျင့်...အဆက်- ၃

ထိုရောက်လာသော အလှူခံတို့ကို ပယ်ခြင်းသည် ငါ့အား မသင့်လျော်ချေ၊ ဒါန ပါရမီကို ဆောက်တည်ခြင်းသည် ငါ့အား မပျက်စီးပါစေလင့်၊ ငါသည် မြတ်သော ဆင်ကို ပေးလှူအံ့ (ဟုကြံစည်၍) -

ဆင်ကို နှာမောင်း၌ ကိုင်လျက် ရတနာဖြင့် ပြီးသော ကရားဖြင့် ရေကို (ပုဏ္ဏားတို့ ၏) လက်၌ သွန်းလောင်း၍ ဆင်ကို ပုဏ္ဏားတို့အား ပေးလှူ၏။ အလုံးစုံ ဖြူသော ဆင်တော်မြတ်ကို ပေးလှူလတ်သော် ထိုအခါ၌လည်း မြင်းမိုရ်တောင်တည်း ဟူ သော ဦးဆောက်ပန်းရှိသော မြေကြီးသည် နောက်တစ်ဖန် တုန်လှုပ်လေ၏။

ထိုဆင်တော်ကို လှူခြင်းကြောင့် သိဝိပြည်သူတို့သည် အမျက်ထွက်ကုန်၍ စည်း ဝေးကြပြီးလျှင် ဝင်္ကတောင်သို့ သွားလော့ဟု မိမိတို့နိုင်ငံမှ နှင်ထုတ်ကြကုန်၏။

ထိုသိဝိပြည်သူတို့ နှင်ထုတ်ကုန်သည်ရှိသော် (ငါသည်) မတုန်မလှုပ် မတွန့်မတို သော အလှူ ကြီးကို ပေးလှူရန် တစ်ခုသောဆုကို တောင်းပန်၏။

သိဝိပြည်သူအားလုံးတို့သည် ငါ တောင်းပန်အပ်သည်ဖြစ်၍ ငါ့အား ဆုတစ်ပါးကို ပေးကုန်၏၊ ထိုအခါ ငါသည် အစုံသော အလှူစည်ကို ကြွေးကြော် တီးခတ်စေ၍ အလှူကြီးကို ပေးလှူ၏။

ထိုသို့ ပေးလှူလတ်သော် အလှူကြောင့် ဤမင်းကို နှင်ထုတ်ကုန်၏၊ ဤမင်းသည် ယခုတစ်ဖန် အလှူကို လှူပြန်၏ဟု အလှူပေးရာ အရပ်၌ အုတ်အုတ် ကျက်ကျက် ကြောက်မက်ဖွယ် ကြီးစွာသော အသံသည် ဖြစ်လေ၏။

ထိုအခါ ငါသည် ဆင်ကို လည်းကောင်း၊ မြင်းတို့ကို လည်းကောင်း၊ ရထားတို့ကို လည်းကောင်း ပေးလှူ၍ ကျွန်မိန်းမ, ကျွန်ယောက်ျား, နွား, ဥစ္စာဟူသော ကြီးစွာ သော အလှူကို ပေးလှူပြီးလျှင် မြို့မှ ထွက်ခဲ့၏။

ငါသည် မြို့မှထွက်၍ ပြန်လှည့်ကြည့်ရှုသော အခါ၌လည်း မြင်းမိုရ်တောင် တည်း ဟူသော ဦးဆောက်ပန်းရှိသော မြေကြီးသည် တုန်လှုပ်လေ၏။

ရထားတပ်သော မြင်းလေးစီးကို လည်းကောင်း၊ ရထားကို လည်းကောင်း ပုဏ္ဏား တို့အား ပေးလှူပြီးလျှင် နောက်လိုက်မပါ တစ်ကိုယ်တည်းသာဖြစ်သော ငါသည် လမ်းလေးခွဆုံ၌ ရပ်လျက် မဒ္ဒီမိဖုရားအား ဤစကားကို ပြောဆို၏-

မဒ္ဒီ ဤကဏှာဇိန်သည် ညီမငယ်ဖြစ်၍ ပေါ့၏၊ သင်သည် ကဏှာဇိန်ကို ချီလော့၊ ဇာလီကား အစ်ကိုဖြစ်၍ လေး၏၊ ငါသည် ဇာလီကို ချီမည်။

မဒ္ဒီသည် ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာနှင့် တူသော ကဏှာဇိန်ကို ချီ၏၊ ငါသည် ရွှေရုပ်နှင့် တူသော ဇာလီမင်းသားကို ချီ၏။96

အမှတ် ၄-သို့ ဆက်မည် --->

၉ - ဝေဿန္တရစရိယ (ဝေဿန္တရမင်းအကျင့်)၊ အကိတ္တိဝဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP