* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 13, 2009

လှေထိုးသမလေး နှင့် ကိုယ်တော်ကလေး

အေးချမ်းတဲ့တောရကျောင်းကလေးတစ်ခုမှာသံဃာတော်များနေထိုင်ကြပါတယ်။

ချောင်းငယ်လေးတစ်ခုက၀န်းပတ်စီးဆင်းနေပါတယ်။ တခြားနေရာများသို့သွားလာလိုပါက ချောင်းကလေးတစ်ခုမှတစ်ဆင့် ဖြတ်သန်းသွားလာကြရပါတယ်။ ချောင်းငယ်ကလေးကိုဖြတ်သွားဖို့ရာ ကူးတို့လှေကလေး တစ်စီးပဲရှိပါတယ်။ ကူးတို့ကိုလှော်ခတ်တဲ့ ကူတို့သမားကလေးကလည်း အလွန်ချောမောလှပတဲ့ မိန်းမပျိုလေးဖြစ်နေပါတယ်။ ဒီမိန်းကလေးက အသိဥာဏ်ပညာနဲ့ ပြည့်စုံသူကလေးပါ။ စီးစရာကလည်း ဒီလှေနဲ့ ဒီမိန်းကလေးပဲရှိတာပေါ့နော်။


ကိုယ်တော်ငယ်ကလေးတစ်ပါးဟာ အကြောင်းကိစ္စတစ်ခုကြောင့် ဆရာတော်ကြီးတစ်ပါးကို သွားရောက်ဆည်းကပ်ဖို့ လိုအပ်လာပါတယ်။ ချောင်းငယ်ကလေးကို ဖြတ်သန်းသွားလာရပါတယ်။ ကူးတို့ကူးခတ်တဲ့ မိန်းမပျိုကလေးက လွန်စွာချောမောလှပတာကြောင့် ကိုယ်တော်ကလေးက ငေးမောနေမိတာပေါ့။ တစ်ဘက်ကမ်းရောက်တော့ ကူးတို့ခတစ်ကျပ်စီ ပေးကြရပါတယ်။

မိန်းမပျို ။ ကိုယ်တော်ကနှစ်ကျပ်ကျပါတယ်။

ကိုယ်တော် ။ ဒကာမလေး သူများတွေကျတော့တစ်ကျပ်ပဲကျပြီး ကျုပ်ကျမှ ဘာလို့နှစ်ကျပ်ကျတာလဲ။

မိန်းမပျို ။ကိုယ်တော်ကရဟန်းဖြစ်ပြီး တပည့်တော်ကို ငန်းတယ်။ ကိုယ်တော့်ရင်ထဲမှာ နှစ်ယောက်ဖြစ်နေပြီ။ ဒါ့ ကြောင့်မို့လို့ နှစ်ယောက်ခပေးရမယ်။

ကိုယ်တော်ကလေးလဲ ရှက်ရှက်နဲ့ နှစ်ယောက်ခပေးလိုက်ရပါတယ်။ ညနေကျောင်းပြန်တော့ ဒီလှေကလေးနဲ့ပဲပေါ့။ ဒီတစ်ခါတော့ကိုယ်တော်က လေးက လှေခနှစ်ဆပေးရမှာစိုးလို့ မိန်းမပျိုလေးကိုလုံးဝမကြည့်တော့ပါဘူး။ မြစ်ရေပြင်ကိုသာစိုက်ကြည့်နေပါတယ်။

ကမ်းရောက်တော့ . . .

မိန်းမပျို ။ ကိုယ်တော်နှစ်ကျပ်ကျပါတယ်။

ကိုယ်တော် ။ ဒကာမလေး ငါနင့်ကိုလုံးဝမကြည့်ပဲ ဘာလို့ထပ်ပိုတောင်းရတာတုံး။

မိန်မပျို ။ ကိုယ်တော်က တပည့်တော်ကိုမကြည့်ပေမဲ့ တစ်လမ်းလုံး တပည့်တော်အကြောင်းပဲ တွေးတောလာတာ ဆိုတော့ ကိုယ်တော့ခေါင်းထဲမှာ လူနှစ်ယောက်ဖြစ်နေတယ်။မရဘူး နှစ်ယောက်ခပဲပေးရမယ်။

ကိုယ်တော်ကလေးလည်း ဟုတ်နေပြန်တော့ နှစ်ယောက်ခ ပေးလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့နေ့ စဉ်အသွားနှစ်ကျပ် အပြန်နှစ်ကျပ်ပေးနေရပါတယ်။

ကိုယ်တော်ကလေးလည်း ဆရာသမားထံ သူ့အဖြစ်အပြက်တွေကိုပြောပြပြီး အကူအညီတောင်းခံပါတယ်။

ဆရာတော်။ ။ဒီမိန်းကလေးဟာဥာဏ်ရှိတဲ့သူဖြစ်တယ်။ ဒီတစ်ခါမင်းလှေစီးရင် မျက်နှာလွဲစရာမလိုပါဘူး။ မင်းရင်ထဲမှာဖြစ် နေတဲ့ ကိလေသာသံယောစဉ်တွေကိုသာ သိမှတ်ပြီးတရားရူ့သွားပါ။ ကိုယ်တော်အဆင်ပြေပါလိမ့်မယ်။

ကိုယ်တော်ကလေးလည်း အဲဒီကစပြီတော့လှေခနှစ်ဆပေးစရာမလိုတော့ပါဘူး။

(ဗီယက်နမ်လူမျိုးဆရာတော်တစ်ပါးနှင့် ရွှေဥမင်တရားပြဆရာတော်ဦးတေဇနိယတို့ ပြောသည်)

(အင်တာနက်စာမျက်နှာတစ်ခုမှ တွေ့ ရှိသဖြင့် ပြန်လည်ကူးယူ ဖော်ပြပါသည် ခင်ဗျား။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP