* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 13, 2009

ဥပုသ္သီလအမ်ဳိးမ်ဳိး

ဥပုသ္သီလအမ်ဳိးမ်ဳိး

“ဥပုသ်” ဟူသော စကားသည် “ဥပေါသထ” ဟူသောပါဠိမှ ဆင်းသက်လာသောပါဠိပျက်စကားဖြစ်ပါသည်။ (ဥပ+၀သထ) ဥပ=ညစာမစားခြင်း၊ သူအသက် မသတ်ခြင်း စသောအကျင့်ကောင်းနှင့် ပြည့်စုံ၍+၀သထ=နေခြင်း၊ညစာမစားခြင်း၊ သူ့အသက် မသတ်ခြင်း စသောအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော သီလကို ခံယူဆောက်တည်၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် များကို အာရုံပြုကာ အကုသိုလ်စိတ်များမဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို “ဥပုသ်စောင့်” သည်ဟုခေါ်ပါသည်။

ဥပုသ် ကိုအချုပ်အားဖြင့် အရိယာ(မြတ်သော) ဥပုသ်၊ ဂေါပါလ (နွားကျောင်းသားစောင့်နည်း) ဥပုသ် ဟူ၍ (၂)မျိုးရှိသည်။ အရိယာ ဥပုသ် တွင် ဗြဟ္မ ဥပုသ်၊ ဓမ္မ ဥပုသ် စသည်ဖြင့် အမျိုးမျိုးရှိပါသည်။
ဗြဟ္မဥပုသ်။ ။ ရှစ်ပါးသီလ ယူပြီးလျှင်“ ဗြဟ္မ” မည်သော ဘုရားရှင်ကို အာရုံပြုနေခြင်း၊ ဘုရားဂုဏ်တော်ကိုရွတ်ဖတ်အာရုံပြုနေခြင်းကို “ဗြဟ္မဥပုသ်” ဟုခေါ်ပါသည်။

ဓမ္မဥပုသ်။ ။ တရားတော်၏ ဂုဏ်တော်တစ်ပါးပါးကို အာရုံပြု၍ လည်းကောင်း၊ ရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “ဓမ္မဥပုသ်” ဟုခေါ်ပါသည်။

သံဃာ့ဥပုသ်။ ။ သံဃာဂုဏ်တော်တစ်ပါးပါးကို အာရုံပြု၍လည်ကောင်း၊ ရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “သံဃာ့ဥပုသ်” ဟုခေါ်ပါသည်။
သီလဥပုသ်။ ။ သီလ ယူပြီးလျှင် မိမိသီလကို မကျိုးမပေါက် မပြောက် မကျားပုံကို အာရုံပြု၍ ၀မ်းမြောက်စွာ နေထိုင်ခြင်းကို “သီလဥပုသ်” ဟုခေါ်ပါသည်။

နတ်ဥပုသ်။ ။ သီလ ယူပြီးလျှင် နတ်တို့ကို ပမာတင်၍ မိမိစိတ်တွင် ရှိသော သဒ္ဓါ သီလ စသော သူတော်ကောင်းတရားများကို အောက်မေ့ဆင်ခြင်လျှက် ၀မ်မြောက်စွာနေခြင်းကို “နတ်ဥပုသ်” ဟုခေါ်ပါသည်။

နွားကျောင်းသားဥပုသ်။ ။ သီလ ကိုကောင်းစွာစောင့်စည်းခြင်းမရှိဘဲ နွားကျောင်းသားသည် “ယနေ့ မည်သည်နေရာတွင် နွားများရေသောက်၏။ မနက်ဖြန် မည်သည်နေရာ မြက်စား၍ မည်သည့် နေရာတွင် ရေသောက်လိမ့်မည်” ဟု တွေးတောကြံစည်သကဲ့သို့ “ယနေ့ မည်သည့် စားသောက်ဖွယ်ကို စား၍ မနက်ဖြန် မည်သည့် စားသောက်ဖွယ်ကို စားသောက်မည်” ဟု အစားအသောက်နှင့်လောကီရေးရာကိုသာ ကြံစည်နေသောဥပုသ်သည် “နွာေးကျာင်းသားဥပုသ်” (ဂေါပါလဥပုသ်) ဟုခေါ်ပါသည်။

ယခုအခါ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဥပုသ်စောင့်ရင်း စားသောက်ကြ၊ ပျော်ရွင်ကြ သည်ကို ဘာသာခြားတို့က မြင်လျှင် များစွာသော မြန်မာတို့ ဥပုသ်စောင့်ပုံကို “စဉ်းစားဆင်ခြင်ဥာဏ် မရှိသော လူမျိုး” ဟုအထင်သေးကြလိမ့်မည်။ ထို့ကြောင့် ဥပုသ်စောင့်လျှင် နွားကျောင်းသားဥပုသ် မဖြစ်စေဘဲ အရိယာဥပုသ်မျိုးဖြစ်အောင် ကြိုးစား၍ စောင့်သုံးမှသာ လောက အကျိုး၊ သံသရာအကျိုး တိုးတက်ဖွယ်ရှိပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP