*ထိုဘ၀အတွက် မျက်ရည်စက်*
*ထိုဘ၀အတွက် မျက်ရည်စက်*
ရင်မှာကိန်းနေတဲ့
သန္ဓေတည်နေတဲ့
နေရာယူပြီးဖြစ်တဲ့
အစားထိုးလို့ မရတဲ့
မြင့်မြတ်လှတဲ့
ထိုဘ၀သို့ ဖြစ်ချင်စိတ်
တခါတခါ
ထိန်းသိမ်းရန်ကား မစွမ်းသာ။
စောင့်ရှောက်ရန်ကား မတတ်နိုင်။
ထိုဘ၀နှင့်
ဘယ်လိုပင်ဝေးနေလည်း
ဘယ်လိုပင်လှမ်းနေလည်း
တွေးမိတိုင်းလည်း ဆွေးခဲ့မိ။
တမ်းမိတိုင်းလည်း လွမ်းခဲ့မိ။
ဒီ့အပြင်
ထိုဘ၀နှင့် ဖီလာ
မညီညာတဲ့ လမ်းလွဲမှာ
အားနည်းစွာ
အားလျော့စွာ
လျှောက်လှမ်းနေရ၍
ဖြစ်တည်နေရ၍လည်း
စိတ်တွေက မခိုင့်တခိုင်
မျက်ရည်တို့ ဖြိုင်ဖြိုင်စီး
ဖြစ်ချင်သူကလွဲ၍
ဘယ်သူက သိပါ့မလဲ။
ဘယ်သူမှ မသိနိုင်။
ထိုဘ၀သို့
မြတ်နိုးစိတ်နှင့်
ဖြစ်ချင်စိတ်နှင့်
ဤသို့ ဤနှယ်
ဆွေးမိတဲ့ အချိန်တိုင်း
လွမ်းမိတဲ့ အခါတိုင်း
မျက်ဝန်းဆီမှ မျက်ရည်စက်တို့
စမ်းရည်ပမာ တွေတွေစီး
ဘယ်တော့များမှ နီးရပါ့။
ဘယ်တော့များမှ ရောက်ရပါ့။ ။
လေးစားစွာဖြင့်
ဖိုးသား
4/17/2009, FRI:, 6:44:12 PM

0 comments:
Post a Comment