* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, February 9, 2012

“သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေး” နှင့် “အလှကိုယ်စီ ရှိကြသည်”

...... နားက တရားနာ၍ ဉာဏ်က ခန္ဓာစိုက်ရမည့်အကြောင်း၊ လက်တွေ့ တရားကျင့်သုံးနိုင်ရန်အတွက် နှလုံးသွင်း တရားနာရမည့်အကြောင်း။

သတိပဋ္ဌာန်တရား လေးပါး အားထုတ်နေခြင်းသည် မဂ္ဂဗြဟ္မစရိယ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ကို ကျင့်သုံးနေခြင်း ဖြစ်ကြောင်း။

အလုပ်ထဲမှာ အလုပ်လုပ်ဆဲမှာလည်း တရားပါရန်၊ သဒ္ဓါ ဝီရိယ အားကောင်းကောင်းဖြင့် သတိကပ်၍ လုပ်ကိုင် ဆောင်ရွက်ရမည့်အကြောင်း။

သတိရှိရန် ဝီရိယအားကောင်းဖို့လို၊ ဝီရိယရှိရန် သဒ္ဓါတရားအားကောင်းဖို့လို၊ သဒ္ဓါတရားဖြစ်ရန် တရားနာ တရားစာပေများ ဖတ်ရှု လေ့လာကြရမည့်အကြောင်း။

သတိအမြဲကပ်ပြီး ပစ္စုပ္ပန်တည့်တည့် ပစ္စုပ္ပန်ကျကျ ရှုမှတ်ကာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို မြင်အောင် ကြည့်၍ ကျန်းမာနေခိုက် အခွင့်သာခိုက်ဝယ် ဒုက္ခသစ္စာထပ်မဖြစ်အောင် ... သံသရာထဲ မလည်နေအောင် ... သံသရာဝဋ်ဒုက္ခထဲမှ လွတ်မြောက်အောင် တစ်မှတ်ဆို တစ်မှတ်ဆိုသလောက် သတိပဋ္ဌာန်တရား ရှုမှတ် ပွားများကြရန် လောကချမ်းသာဆရာတော်က ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် စနေနေ့ ‘လောကချမ်းသာ ငါးမိနစ်တရားတော်’တွင် မိန့်ကြား တိုက်တွန်းသွား၏။

ယခုအပတ်တွင်လည်း ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒမှာ နာရေးကိစ္စပင့်ဖိတ်သဖြင့် Philadelphia မြို့သို့ ကြွရောက်နေရသဖြင့် ဓမ္မပဒသင်တန်း မရှိပေ။

အဘိဓမ္မာသင်တန်း၊ စေတသိက်-စိတ်ယှဉ် သင်္ဂဟနည်းကို ဆရာတော် အရှင်ဝဏ္ဏိတက မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီထိ သင်ကြား ပို့ချပေး၏။

ညနေ ၅ နာရီခွဲ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် အရှင်ပညာနန္ဒက ဝိဒူရဇာတ်တော်လာ ‘မင်းလေးပါးတို့ ဥပုသ်သုံးခန်း’ကို “အလှကိုယ်စီ ရှိကြသည်” တရားတော်အမည်ဖြင့် ဟောကြား ဓမ္မဒါနပြု၏။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP