* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, January 5, 2011

ဗုဒ္ဓဘုရားနဲ့ ရဟန္တာများကို ဘာ့ကြောင့် “နာဂ” နဂါးဟု ခေါ်ဆိုပါသလဲ

ဒကာ။ ။ တချို့သော စာပေကျမ်းဂန်တွေထဲမှာ ယော နာဂေါ- နာဂမည်တွင် အကြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဟူ၍လည်းကောင်း၊ ယော နာဂေါ- ဗုဒ္ဓနာဂကိုထား၍ တန်ခိုးတော်အရာ၌ တပါးတည်းဖြစ်တော်မူသော အရှင် မဟာမောဂ္ဂလာန်ထေရ်မြတ်ကြီးသည်။ ယေနာဂါ- အကြင်ရဟန္တာပုဂ္ဂိုလ်မြတ်တို့သည် စသည်ဖြင့် ဘာ့ကြောင့် နာဂ- နဂါးဆိုတဲ့ အမည်နဲ့ ဘုရားရဟန္တာတို့ကို ခေါ်ဝေါ်သုံးစွဲ ကြပါသလဲ ဆရာတော်၊ နာဂ-ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ် ရှင်းပြပေးပါဘုရား။

ဆရာ။ ။ နာဂ- ဆိုတဲ့ ပါဠိက တောင်ကြီးတွေ၊ ဆင်ပြောင်ကြီးတွေ၊ နဂါးတိရစ္ဆာန်တွေကိုလည်း ခေါ်ဆိုတယ်၊ ဘုရား ရဟန္တာတို့ကို နာဂလို့ ခေါ်ဆိုတာကတော့ ထိုထို ပါဠိ, အဋ္ဌကထာ, ဋီကာ ကျမ်းစာတို့က….
ဆန္ဒာဒီဟိ န ဂစ္ဆတီတိ နာဂါ။ ။ မလိုက်ပါသင့်သော ဆန္ဒာဂတိ, ဒေါသာဂတိ, မောဟာဂတိ, ဘယာဂတိ တို့ကို ဘယ်သောအခါမျှ မလိုက်တတ်သောကြောင့် နာဂမည်တော်မူကြတယ် တဲ့။
တေန တေန မဂ္ဂေန ပဟီနေ ကိလေသေ န အာဂစ္ဆတီတိ နာဂါ။
ထိုထိုမဂ်လေးပါးဖြင့် ပယ်အပ်ပြီးသော ကိလေသာတို့အထဲသို့ နောက်ထပ် တဖန် မလာရောက်ကြတော့တဲ့အတွက် နာဂ မည်တော်မူတယ်တဲ့။
နာနာပကာရကံ အာဂုံ န ကရောန္တီတိ နာဂါ။ ။ အထူးထူး အပြားပြားသော မကောင်းမှုဟူသမျှတို့ကို ဘယ်သောအခါမှ မပြုကြသောကြောင့် နာဂ မည်တော်မူကြတယ်တဲ့။
ကဲ…အဲဒါတွေဟာ ကျမ်းဂန်များက လာတဲ့ စကားတော်တွေပါပဲ၊ “ပါဌ်တချက်၊ နက်များစွာ ” တဲ့၊ နာဂဆိုတဲ့ ပါဌ်ကို နဂါးတခုတည်းမှတ်မထားနဲ့၊ ကျေနပ်ပြီလား။
ဒကာ။ ။ အားရနှစ်သက်ကျေနပ်လှပါတယ် ဆရာတော်၊ ကိုရင်နာဂ တို့၊ ဦးနာဂတို့ ဆိုတာ ခုမှပဲ ကွဲပြားစွာနဲ့ သိရတော့တယ်၊ ဒကာကြီးတို့က နဂါးပဲ အောက်မေ့နေတာ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP