ပဉ္စမအကြိမ်မြောက် ဆေးအလှူတော်
ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ၏ “ပဉ္စမအကြိမ်မြောက် ဆေးအလှူတော်”ကို ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တူးမြောင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ရွာသုံးရွာ၊ ကျုံချင်ရွာတို့တွင် ဒေါက်တာ ဇော်ဇော်အောင် ဦးစီးပြီး ဒေါက်တာမင်းဘုန်းထွန်း၊ ဒေါက်တာအောင်ရဲကျော်၊ ဒေါက်တာရဲရင့်အောင်၊ ဒေါက်တာချမ်းမြေ့ထွန်း၊ ဒေါက်တာစောသန်းမြတ်စိုး၊ ဒေါက်တာတိုးနန္ဒအောင်၊ ဒေါက်တာကျော်ကိုကို၊ ဆရာကြီး ဒေါ်သိရီစန္ဒာနှင့် ဆရာလေးသုံးပါး၊ ဆရာမ မနီလာနှင့် အခြားဆရာမ တစ်ဦးပါဝင်သည့် ဆေးကုသရေးအဖွဲ့သည် ၂၂-၄-၂၀၁၁ ရက်နေ့ညနေ ၆း၀၀နာရီတွင် ရန်ကုန်မှ ကွမ်းခြံကုန်းရွာသို့ တူးမြောင်းရွာမှ ကိုကျော်မင်းလွင်၏ကားဖြင့် ထွက်ခွါခဲ့ကြသည်။ ကွမ်းခြံကုန်း ရောက်ရှိပြီးနောက် ည ၁၀း၀၀နာရီတွင် တူးမြောင်းရွာမှ မော်တော် ဖြင့် လာကြိုကြပြီး ည ၁၂း၃၀ နာရီတွင် တူးမြောင်းရွာသို့ ရောက်ရှိခဲ့ကြသည်။ တူးမြောင်းရွာ ဘုန်းကြီးကျောင်းတွင် ညအိပ်ကြပြီး ၂၃-၄-၂၀၁၁ရက်နေ့ မနက် ၇း၀၀ နာရီတွင် စတသ(၄၉)သင်တန်းဆင်း အရာရှိများလှူဒါန်းသည့် ကျောင်းပြုပြင်မွမ်းမံရန် အလှူတော်ငွေ ၁၇၄၀၀၀၀ ကျပ်ကို ဆက်ကပ်လှူဒါန်း ရေစက်ချအမျှဝေကြပြီးနောက် မနက် ၈း၀၀နာရီမှ မွန်းလွဲ ၃း၀၀နာရီ အထိ တူးမြောင်းရွာနှင့်ပတ်ဝန်းကျင်ရွာသုံးရွာရှိ လူနာ ၁၆၀ ခန့်ကို ဆေးကုသပေးခဲ့ကြသည်။
ဆေးအဖွဲ့သည် ညနေ ၅း၀၀နာရီတွင် ကျုံချင်ရွာမှ ကွမ်းခြံကုန်သို့ ထွက်ခွါခဲ့ကြပြီး ရန်ကုန်သို့ ဆက်လက်ပြန်ခဲ့ကြရာ ည ၁၁း၀၀နာရီ တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
(က) ဆေးအမျိုးအစား ၁၁ မျိုးအတွက် ဆေးဖိုး = ၈၁၃၅၀ ကျပ်
( ခ) အလှူအတွက် အခြားလိုရာသုံး = ၈၆၅၀ ကျပ်
စုစုပေါင်း = ၉၀၀၀၀ ကျပ်
မှတ်တမ်းဓာတ်ပုံများ ကိုလည်း အများသူငှါ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြစေရန် ဖော်ပြလိုက်ပါသည်။ ဓမ္မမိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ညီညွတ်ချမ်းသာပြီး အများအကျိုး အစဉ်သယ်ပိုး ရွက်ဆောင်နိုင်ကြပြီး အလိုရှိရာ နိဗ္ဗာန်ရောက်ကြောင်း ပါရမီ တရားများ ဆည်းပူးအားထုတ်နိုင်ကြပါစေ။

0 comments:
Post a Comment