* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 10, 2011

ဘ၀စာမျက်နှာပေါ်မှ တိုက်ဆိုင်မှုများ ( ၂ )

တိုက်ဆိုင်မှုရှိတယ်ဆိုတာ တိုက်ဆိုင်လို့ပါ။ အားလုံးတိုက်ဆိုင်
ဖူးကြမှာပါ။ တိုက်ဆိုင်သဖြင့် ဘယ်လိုများခံစားရပါသလဲလို့မေးရင်တော့။
တိုက်ဆိုင်ဖူးကြသူတိုင်းသိကြမှာပါ။ တစ်ခါတစ်လေ ၀မ်းသာစရာလေးများ
တစ်ခါတစ်လေကျတော့ ကြောက်လန့်ဖွယ်ရာများ၊ အော် တစ်ခါတစ်လေ
တောင်ငူစာဆိုနတ်သျှင်နောင် ပြောသလိုလေး လွမ်းဖွယ်ရယ်မကုန် တဲ့
လွမ်းမောဖွယ်တိုက်ဆိုင်မှုလေးတွေ အမျိုးမျိုးပေါ့လေ။ ဒီတစ်ခါ တိုက်ဆိုင်
တာကတော့ အဝေးပြေကားပေါ်မှာပါ။ တောင်ငူ-ရန်ကုန် အဝေးပြေးကား
တွေကို နောက်ပိုင်းပိုမိုစီးဖြစ်လာတယ်။ ရထား စီးရတာသက်သာပေမယ့်
အချိန်သက်သာဖို့ ကားကိုပဲရွေးချယ်ဖြစ်လာတယ်။
တစ်ခါက တောင်ငူကနေအပြန် ကားပေါ်မှာအိပ်ပြီးပါလာခဲ့တာ။
ကားအပေါ်ရောက်တာနဲ့ ဇာတ်ကားတစ်ကားပြနေတာ။ ကိုယ်လည်းအိပ်ချင်
တာနဲ့ အိပ်လာခဲ့တာ ဘာပြလို့ပြမှန်းလည်းမသိခဲ့ပါဘူး။ ဒါနဲ့ အိတ်ထဲက
ဖုန်းမြည်မှ ကမန်းကတန်းထပြီး ဖုန်းကိုင်တာ .....။ ဖုန်းကမြည်နေတယ် !
ဒါပေမယ့် ဖုန်းကမ၀င်ပဲမြည်နေတာ။ အံ့သြစရာပါပဲလားလို့ တွေးမိတယ်။
သေချာနားထောင်တော့ ဖုန်းသံမြည်နေပါတယ်။ အော် အဲ့တော့မှ သဘော
ပေါက်မိတယ်။ ကိုယ့်ဖုန်းထဲက ဖုန်းသံသည် ကားပေါ်ပြနေသော ဇာတ်ကား
ထဲမှ ဇာတ်ဝင်သီချင်းရဲ့ intro တေးသံ ဖြစ်နေတယ်။ ရယ်ချင်မိသွားတယ်။
အိပ်ချင်သလိုလိုဖြစ်နေသော မျက်လုံးတစ်စုံသည်လည်း သောမနဿစိတ်
အစဉ်ကြောင့် ကြည်လင်သွားပါပြီ။ အော် ဖုန်းထဲက ring သံကို ဘယ်ကနေ
ဘယ်သူက ထည့်ပေးလိုက်သည်မမှတ်မိတော့။ သို့သော် တီးလုံးသံ ယဉ်ယဉ်
လေးမို့ ထည့်ထားခဲ့တာ။ ခု မထင်မှတ်ပဲ တိုက်တိုက်ဆိုင်ဆိုင် ဒီသီချင်းပါသော
ဇာတ်ကားနဲ့ လာတိုးနေရသေးနော်.....။
အော် တိုက်ဆိုင်မှုတွေရှိလာတော့လည်း.............................။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP